Thursday, July 10, 2014

ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်စေသည့် အဆောက်အအုံများ ဆောက်လုပ်ခြင်းမပြုရန် သတိပေးကြေညာ

Leave a Comment
ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်စေသည့် အဆောက်အအုံများ ဆောက်လုပ်ခြင်းမပြုရန် သတိပေးကြေညာ
**********************************************************************************

November 8, 2013


ပုဂံ၊မြောက်ဦး၊သရေခေတ္တရာ၊အင်းဝအပါအ၀င် ယဉ်ကျေးမှုအမွေအနှစ်ဒေသများအတွင်း ဟိုတယ်။မိုတယ်၊ဧည့်ဂေဟာ၊တည်းခို ရိပ်သာနှင့် စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အလုပ်ရုံအဆောက်အအုံများ ဆောက်လုပ်ခြင်းများသည် သတ်မှတ်ပြဌာန်းထားသောဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါသည်။ပုဂံ၊မြောက်ဦး၊သရေခေတ္တရာ၊အင်းဝအပါအ၀င် ယဉ်ကျေးမှုအမွေအနှစ်ဒေသများအတွင်း ဟိုတယ်၊ မိုတယ်၊ မိုတယ်၊ဧည့်ဂေဟာ၊တည်းခိုရိပ်သာနှင့် စက်မှုလက်မှုလုပ်ငန်း ဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်သတိပေးကြေညာချက်





၁။ နိုင်ငံတော်သည် ယဉ်ကျေးမှုအမွေအနှစ်ဒေသများကို ကာကွယ်ထိန်းသိမ်းရန်အတွက်ယဉ်ကျေးမှုအမွေအနှစ်ဒေသ များကာကွယ်ထိန်းသိမ်းရေးဥပဒေကို ၁၉၉၈ခုနှစ်တွင် ပြဌာန်းခဲ့ပါသည်။ ယဉ်ကျေးမှုအမွေအနှစ်ဒေ သများ ကာကွယ် ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် နည်းဥပဒေ များကို ၂၀၀၉ခုနှစ် နှင့် ၂၀၁၁ ခုနှစ်များတွင် ပြဌာန်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါဥပဒေ ပုဒ်မ-၄အရ တစ်နိုင်ငံလုံးတွင် ယဉ်ကျေးမှုအမွေ အနှစ်ဒေသ (၄၆)ဒေသကို သတ်မှတ်ခဲ့ပြီး ဥပဒေဖြင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။



၂။ ယခုအခါ ပုဂံ၊မြောက်ဦး၊သရေခေတ္တရာ၊အင်းဝဒေသများ အပါအ၀င် ယဉ်ကျေးမှုအမွေအနှစ်ဒေသအချို့  ၌ ဥပဒေဖြင့် ကန့်သတ်ထားသော ဇုန်များအတွင်းတွင် ဟိုတယ်၊မိုတယ်၊ဧည့်ဂေဟာတည်းခိုရိပ်သာနှင့် စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊တည်ဆောက်ရန်အတွက် မြေနေရာများ ရှင်းလင်းခြင်း၊၀န်းခြံများ ကာရံခြင်း၊၀န်းခြံများ ကာရံရန် တိုင်များစိုက် ထူခြင်းစသည်တို့ ဆောင်ရွက်နေခြင်းကြောင့် ဥပဒေ ချိုးဖောက်ရာရောက်သည့်အပြင် တန်ဘိုးမဖြတ်နိုင်သည့်  မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်ပျက်စီးမှု၊ယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ မြင်ကွင်းများ ပျက်စီးမှုတို့ ဖြစ်ပေါ်လျက်ရှိနေပါသည်။



၃။ အပို၂ ပါ ကိစ္စရပ်တစ်ခုခု  ပြုလုပ်လိုသူတိုင်းသည် တည်ဆဲအခြားဥပဒေများပါ ပြဌာန်းချက်များကို လိုက်နာရမည့် အပြင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ အခန်း(၆)ပါ အောက်ပါ ပြဌာန်းချက်များကို လိုက်နာရပါမည်-ဥပဒေကောက်နုတ်ချက် ပုဒ်မ၁၃ ။ အောက်ပါကိစ္စရပ် တစ်ခုခုပြုလုပ်လိုသူသည် တည်ဆဲအခြား ဥပဒေများပါ ပြဌာန်းချက်များကို လိုက်နာရမည့် အပြင် ဤဥပဒေအရလည်းကြိုတင်ခွင့်ပြုချက် ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျောက်ထားရမည်-

(က) ရှေးဟောင်းအထိမ်းအမျွှ် အဆောက်အအုံ တည်ရှိရာဇုန် သို့ မဟုတ် ရှေးဟောင်းနေရာ တည်ရှိရာဇုန် အတွင်းတွင်-

   (၁) အဆောက်အအုံကို တည်ဆောက်ခြင်း သို့မဟုတ် တိုးချဲ့ဆောက်လုပ်ခြင်း

  (၂) ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံကို ပြင်ဆင်ခြင်း သို့မဟုတ် ယင်း၏ ၀င်းခြံနယ်နိမိတ်   တိုးချဲ့  ခြင်း



(ခ) ကာကွယ်ထိန်းသိမ်းထားသော ဇုန်အတွင်းတွင် ဟိုတယ်၊မိုတယ်၊ဧည့်ဂေဟာ၊တည်းခိုရိပ်သာ သို့မဟုတ် စက်မှုလက်မှုလုပ်ငန်း အဆောက်အအုံကို တည်ဆောက်ခြင်း၊တိုးချဲ့ဆောက်လုပ်ခြင်း၊ပြင်ဆင်ခြင်း         သို့မဟုတ် စက်မှုလက်မှုလုပ်ငန်းအဆောက်အအုံကို တည်ဆောက်ခြင်း၊တိုးချဲ့ဆောက်လုပ်ခြင်း၊ပြင်ဆင်ခြင်းသို့မဟုတ် ယင်း၏ ၀င်းခြံ နယ်နိမိတ် တိုးချဲ့  ခြင်း



၎။ ပုဒ်မ ၁၃အရ လျောက်ထားလာသည့် ကိစ္စနှင့် စပ်လျဉ်း၍ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် သတ် မှတ်ချက်များနှင့် အညီ စိစစ်၍ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြခြင်း၊ယဉ်ကျေးမှုဝန်ကြီးဌာနသည် စိစစ်ပြီး ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းတို့ကို ပြုနိုင်ကြောင်း အထက်ပါ ဥပဒေပုဒ်မ ၁၄တွင် ဖော်ပြထားပါသည်။



၅။ တားမြစ်ချက်များ ခေါင်းစဉ်ဖြင့် အခန်း(၇)တွင် ပြစ်မှုတစ်မှုချင်းအလိုက် ပုဒ်မများတပ်၍တားမြစ်ပြဌာန်းထားပါသည်။



၆။ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက အထက်ပါ ဥပဒေအခန်း(၈)ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များချမှတ်ရမည်  ဖြစ် ကြောင်းလည်း ပြစ်မှုတစ်ခုချင်းအလိုက် ဖော်ပြပြဌာန်းထားပြီး ဖြစ်ပါ

သည်။ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သူများအား တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထပ်လောင်းသတိပေးကြေညာပါသည်။



၇။ သို့ဖြစ်ပါ၍ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊နည်းဥပဒေများနှင့် အညီ လိုက်နာဆောင်ရွက်ကြ ခြင်းဖြင့် ရှေးဟောင်းအမွေအနှစ်ဒေသများကိုဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြပါရန်တိုက်တွန်း

နှိုးဆော်အပ်ပါသည်။                                                                                   

ရှေးဟောင်းသုတေသနနှင်အမျိုးသား ပြတိုက်ဦးစီးဌာန (ယဉ်ကျေးမှုဝန်ကြီးဌာန)

ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page