Wednesday, July 6, 2016

ပြည်မြို့ အနောက်ဘက်ကမ်း ရွှေဘုံသာဘုရားအနီးရှိ ပရဟိတတောင်ကုန်းပေါ်တွင် အဘအောင်မင်းခေါင်း မတ်ရပ်ရုပ်တုတော်ကြီးနှင့်ဘောဂဝတီသိုက်ချုပ် နဂါးမယ်တော် လှူဒါန်းပွဲပြုလုပ်မည်

Leave a Comment
ပြည်မြို့ အနောက်ဘက်ကမ်း ရွှေဘုံသာဘုရားအနီးရှိ ပရဟိတတောင်ကုန်းပေါ်တွင်
အဘအောင်မင်းခေါင်း မတ်ရပ်ရုပ်တုတော်ကြီးနှင့်ဘောဂဝတီသိုက်ချုပ် နဂါးမယ်တော်
လှူဒါန်းပွဲပြုလုပ်မည်

ပြည်မြို့ အနောက်ဘက်ကမ်း ရွှေဘုံသာမုနိဘုရားအနီးရှိ ပရဟိတတောင်
ကုန်းပေါ်တွင်ဦးကျော်သူ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးစီး၍တည်ထား
ကိုးကွယ်သော မဟာပဏီတအောင်တော်မူစေတီတော်တွင် ပြည်ဘိုးတော်ေ
လးကိုအာကာနှင့်ပဌာန်းဆက် ခုနှစ်ရက်သားသမီးများလှူဒါန်းမည့် သာသနာပြု
ဓမ္မဝိဇ္ဇာအဘအောင်မင်းခေါင် မတ်ရပ်ပုံတူရုပ်တုတော်ကြီးနှင့်ပြည်မြို့ဗိုလ်ချုပ်လ
မ်း“ရွှေကဖီး”မိသားစုမှလှူဒါန်းသော ဘောဂဝတီသိုက်ချုပ်နဂါးမယ်တော်ကြီးပုံတော်
အား(၁၀.၇.၂၀၁၆)တနင်္ဂနွေနေ့၊ဝါဆိုလဆန်း(၆)ရက်နေ့ နေ့လည်(၃း၀၀)နာရီအချိန်
တွင် ပြည်မြို့တွင်းသို့ အပူဇော်ခံလှည့်လည်ပင့်ဆောင်ပွဲကြီးကို ပရဟိတသာသနာ
ပြုအဖွဲ့မှပင့်ဆောင်ပြီး မင်္ဂလာစည်တော်အဖွဲ့မှအဘသီချင်းများသီကြူးပူဇော်၍သာ
သနာပြု ရှမ်းအိုးစည်အဖွဲ့များနှင့်စည်ကားသိုက်မြိုက်စွာ ပရဟိတတောင်ကုန်းထက်
တွင် ရွှေမိုး၊ငွေမိုး ရွာသွန်းဖြိုးကာ ဆိုင်ရာပုဂ္ဂုလ် ၊ဘုမ္မိယသိုက်နန်းရှင်အပေါင်းတို့အား
ရှမ်းအိုးစည်များနှင့်မင်္ဂလာဆိုင်းတို့မှ ဧည့်ခံပြီး ကြွရောက်လာသည့် ခုနှစ်ရက်သား/သမီး 

အပေါင်းတို့အား စတုဒိသာကြာဇံချက် ဒါနပြုလုပ်ပါမည်။
သို့ပါသောကြောင့် အနယ်နယ်အရပ်ရပ်မှ အဘ၏ပဌာန်းဆက်အပေါင်းတို့ကြွရောက်
ပူဇော်နိုင်ရန် အတွက် ပြည်ဘိုးတော်လေး ကိုအာကာ နေအိမ်ဓါတ်နန်းတည်ရှိရာ ပုထိုး
ကြီးရပ်ကွက်၊သင်္ဘောဆိပ်လမ်းတွင် ကားများ နေ့လည်(၂း၀၀)နာရီတွင်အစဉ်သင့်ထား
ရှိမည်ဖြစ်ပါ၍ မည်သူမဆိုကြွရောက်ပူဇော်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။
မှတ်ချက်။ ။အလှူခံကြွရောက်ခြင်းမဟုတ်ပါ။ပင့်ဆောင်ပူဇော်ခြင်းသက်သက်သာ
ဖြစ်ပါသည်။
အသေးစိတ်သိလိုပါက
ပြည်ဘိုးတော်လေးကိုအာကာ
ဖုန်း ၀၉-၃၁၂၁၆၀၈၉ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။









0 comments:

Post a Comment

Facebook Like Page