Tuesday, July 22, 2014
အန္တိမ အဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင် ပင့်လျှောက်လွှာ
အန္တိမ အဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင် ပင့်လျှောက်လွှာ
****************************************
တပည့်တော်များ၏ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖြစ်တော်မူသော ပြည်မြို့ ဆံတော်ရပ်ကွက် အနောက်စောင်းတန်းလမ်း ဇောတိကာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်
(အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာဂန္တ၀ါစကပကျပဏ္ဍိတ) မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ
သက်တော်ရှည် " ဘဒ္ဒန္တ ရေ၀တ " သက်တော်(၉၃) နှစ် ၊ သိက္ခာတော်(၇၃)၀ါရ
ဆရာတော်ဘုရားကြီးသည် ၁၃၇၆ ခုနှစ် ၀ါဆိုလပြည့်ကျော်(၉)ရက် (၂၀.၇.၂၀၁၄) တနင်္ဂနွေနေ့ နံနက် (၃း၁၀)မိနစ် အချိန်တွင် တစ်ဘ၀ဇာတ်သိမ်း ချူပ်ငြိမ်းသွားတော်မူပါသဖြင့် ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို ၁၃၇၆ ခုနှစ် ၀ါခေါင်လဆန်း (၂)ရက်၊ (၂၈.၇.၂၀၁၄) တနင်္လာနေ့ နေ့လည် (၃း၀၀)အချိန်တွင် အေးငြိမ်းရာသုသန် လောင်တိုက်သို့ ပင့်ဆောင်လျှက် အန္တိမ အဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင် ဆင်ယင်ကျင်းပမည်ဖြစ်ပါသောကြောင့် ဇောတိကာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် "သာသနာလင်္ကာရ သိရိန္ဓရ မဟာသဒ္ဓမ္မဇောတိက " အလယ်တိုက်ကျောင်းကြီးသို့ ဓမ္မသံဝေဂဥာဏ်ပွားများတော်မှုကြရန်အလို့ငှာ ကြွရောက်ပါရန် ရိုသေလေးစားစွာဖြင့် ပင့်လျှောက်အပ်ပါသည်ဘုရား...
ပင့်လျှောက်သူ ။ ။ ဈာပနကော်မတီ နှင့် တပည့်သံဃာတော်များ ဇောတိကာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ၊ ပြည်မြို့................
ပြည်သတင်းလူငယ်........
0 comments:
Post a Comment