ပုဒ်မ(၁၈)ဒဏ်ငွေ ဈေးတက်သွားတာကြောင့် ပုဒ်မ(၁၈)သမားတွေ ဒဏ်ငွေမဆောင်နိုင်တာကြောင့် အချုပ်ခန်းထဲမှာ(၁)နာရီခွဲ နေခဲ့ရ
လက်ပန်းတောင်းတောင်-လယ်တီသိမ်ေ
တ်ာကြီးဖျက်စီးခံရမယ့်ကိစ္စအတွက်-ပဲခူးတိုင်းပြည်မြို့မှာ-ဖေဖေါ်ဝါရီလ(၂)ရက်နေ့က-ကိုကျော်ဆွေက-တကိုယ်တော်-ဆန္ဒထုပ်ဖေါ်ပွဲတခုကို-ပြည်မြို့လယ်ရွှေဆံတော်ဘုရား-မြောက်ဖက်မုဒ်-ဗိုလ်ချုပ်လမ်းပလက်ဖေါင်းပေါ်တွင်-ပြုလုပ်ခဲ့ပါတယ်။
လာတားသူက-အမှတ်(၂)မြို့မစခန်းမှုး-(၃)ပွင့်-ုဒုရဲမှုးမျိုးမြင့်
မြို့မစခန်းမှုး-ဦးမျိုးမြင့်-ကကိုကျော်ဆွေကို-စီတန်းလှည့်လည်-ဥပဒေပုဒ်မ(၁၈)အရ-အမှုဖွင့်အရေးယူထားကြောင်းဖြေကြားထားပါတယ်။
ဒီနေ့နေ့လည်(၁)နာရီထိုးမှာ ပြည်မြို့နယ်တရားရုံးက ပုဒ်မ(၁၈)နဲ့ကိုကျော်ဆွေ ကို ရုံးချိန်း(၁၀)ချိန်းမြောက်မှာ ဒဏ်ငွေ(၃၀၀၀၀)(သို့မဟုတ်)ထောင်တလ အမိန့်ချမှတ်လိုက်ပါတယ်။
ဒဏ်ငွေမဆောင်နိုင်တာကြောင့် အချုပ်ခန်းထဲတွင်(၁)နာရီခွဲလောက်နေခဲ့ရပြီးမှ သူ့မိတ်ဆွေ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များက ငွေစုပြီး သူ့ကိုပြန်ရွေးထုပ်ခဲ့ရခြင်းဖြစ်
ရုံးချိန်း(၁၀)ချိန်းမြောက်မှာ အမိန့်ချခြင်းဖြစ်ပါတယ်။
ကိုကျော်ဆွေ ကို ပုဒ်မ(၁၈)(၅)မှု ရှိပြီး (၄)မှု ကို အမိန့်ချပြီးဖြစ်ပြီး (၄)မှုစလုံးကိုဒဏ်ငွေ(၁၀၀၀၀)စီနဲ့ပဲ အမိန့်ချပြီး ဒီအမှု ကိုတော့ ဒဏ်ငွေ(၃၀၀၀၀)ချခြင်းသည် -ပြည်မြို့ တွင် ပထမဆုံးသော ဒဏ်ငွေ ကိုတိုးလိုက်ခြင်းဖြစ်ပါတယ်။
ကိုကျော်ဆွေ ကဆက်လက်ရင်ဆိုင်နေဆဲ ပုဒ်မ(၁၈)တခုကျန်ဆဲဖြစ်ပြီး အဲဒီအမှုက ဇွန်လ(၈)ရက်နေ့ မှာ လက်ကျံနိုင်ငံ ရေးအကျဉ်းသားတွေနဲ့ မတရားဖမ်းစီးထားတဲ့ လယ်သိမ်းခံလယ်သမားတွေလွှတ်ပေးဖို့ ဆန္ဒပြတဲ့အတွက် ကိုဝင်းလှိုင်နဲ့ ကိုကျော်ဆွေ တို့ကို ပုဒ်မ(၁၈)နဲ့ အမှုဖွင့်အရေးယူတဲ့အတွက်ဆက်လက်အမူရင်ဆိုင်နေရကြောင်း သတင်းရရှိခဲ့ပါတယ်.
ပြည်သတင်းလူငယ်
0 comments:
Post a Comment