ယဉ်ကျေးမှုအမွေအနှစ်
ဒေသများအတွင်း ဟိုတယ်၊ တည်းခိုရိပ်သာ၊ စားသောက်ဆိုင်ကြီးများနှင့်
စက်မှုလက်မှု လုပ်ငန်းဆိုင်ရာ အဆောက်အအုံ တည်ဆောက်ခြင်း၊ တည်ဆောက်ရန်
ပြင်ဆင်ခြင်းများကို တည်ဆဲဥပဒေအရ အရေးယူမည်
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြို့သုံးမြို့အပြင် ရှေးဟောင်းယဉ်ကျေးမှုဒေသ ၄၆ ခုအတွင်း ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ၊ စားသောက်ဆိုင်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ တည်ဆောက်ရန်ပြင်ဆင်နေခြင်းများကို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ရှေးဟောင်းယဉ်ကျေးမှု ဒေသများတွင် ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ၊ စားသောက်ဆိုင်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းဆိုင်ရာ တည်ဆောက်ခြင်း၊ တည်ဆောက်ရန်အတွက် မြေနေရာများ ရှင်းလင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ ပန်းခြံများကာရံရန် တိုင်များစိုက်ထူခြင်းနှင့် ကာရံခြင်း စသည်တို့သည် ဥပဒေချိုးဖောက်ရာ ရောက်သည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးမှုများအား ဖြစ်ပေါ်စေကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ထိုသို့လုပ်ဆောင်မှုများသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ မြို့ဟောင်းများ၏ ဧရိယာအတွင်းတွင် အထက်ပါဆောင်ရွက်မှုမျိုး ပြုလုပ်ပါက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်မှ ပြန်လည်ရုပ်သိမ်းနိုင်ခြင်းမျိုး ဖြစ်ပေါ်လာနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် အဆိုပါကိစ္စရပ်များကို ပြုလုပ်လိုသူတိုင်းသည် တည်ဆဲအခြားဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာရမည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို လိုက်နာရန်လိုအပ်ကြောင်း သိရသည်။
“ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေ ထိန်းသိမ်းခြင်းနဲ့ ပတ်သက်၍ မြို့ပြနှင့် အိုးအိမ်ဖွံဖြိုးတိုးတက်မှု ဦးစီးဌာနမှ ဗိသုကာမှူးကြီး ဒေါ်လှိုင်မော်ဦးက “အစိုးရအဖွဲ့ အစည်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ ကြားထဲမှာ ကွဲလွဲမှုတွေ ရှိနေတယ်။ အချို့က အဆောက်အအုံတွေကို မူလအတိုင်းဘဲ ထိန်းသိမ်းထားချင်ကြတယ်။ တချို့က အဆောက်အအုံတွေကို မူလအတိုင်း ပြင်ဆင်ထိန်းသိမ်းပြီးတော့ ၀န်ဆောင်မှုပေးပြီး ခရီးသွားတွေကို ဆွဲဆောင်ချင်ကြတယ်” ဟု ပြောကြားသည်။
ယခုလက်ရှိအချိန်၌ မြန်မာနိုင်ငံရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများနှင့် သက်ဆိုင်သော အချက်အလက်များအား ကောက်ယူဆဲ အခြေအနေတွင်သာရှိကြောင်း သိရသည်။
“ရှေးဟောင်းအမွေအနှစ်တွေ အသားပေးပြီးတော့ ဆွဲဆောင်မှုတွေ လုပ်ငန်းတွေ လုပ်ကိုင်ချင်ရင်တော့ ကနဦးပိုင်း အကုန်အကျ များတာတွေကို ထည့်တွက်လို့ မရပါဘူး။ ဘယ်လောက်အထိ တန်ဖိုးဖန်တီးနိုင်မယ်၊ အရည်အသွေးပိုင်း ဖန်တီးနိုင်မလဲကိုဘဲ ကြည့်စေချင်ပါတယ်” ဟု နိုင်ငံတကာ ဗိသုကာပညာရှင် David Granathen က ပြောကြားသည်။
ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများနှင့် ပတ်သက်သော အချက်အလက်များအား စုဆောင်းခြင်း၊ အဆိုပါနေရာများနှင့် အနီးတ၀ိုက်တွင် နေထိုင်ကြသူများ၏ လှုပ်ရှားမှုများကို လေ့လာခြင်း၊ လမ်စနစ်များအားလေ့လာခြင်း၊ ယဉ်ကျေးမှုနှင့် အဓိပ္ပာယ်သတ်မှတ်ချက်များအား လေ့လာမှတ်တမ်းတင်ခြင်း စသည်များကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်းတွင် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ် သတ်မှတ်ထားသော အဆောက်အအုံ စုစုပေါင်းသည် ၁၈၉ လုံးရှိပြီး ယဉ်ကျေးမှုနှင့်သက်ဆိုင်သော အဆောက်အအုံများမှာ အများဆုံးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး အဖွဲ့အစည်းမှ ထုတ်ပြန်ထားချက်အရ သိရသည်။
Eleven Media Group
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြို့သုံးမြို့အပြင် ရှေးဟောင်းယဉ်ကျေးမှုဒေသ ၄၆ ခုအတွင်း ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ၊ စားသောက်ဆိုင်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ တည်ဆောက်ရန်ပြင်ဆင်နေခြင်းများကို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ရှေးဟောင်းယဉ်ကျေးမှု ဒေသများတွင် ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ၊ စားသောက်ဆိုင်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းဆိုင်ရာ တည်ဆောက်ခြင်း၊ တည်ဆောက်ရန်အတွက် မြေနေရာများ ရှင်းလင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ ပန်းခြံများကာရံရန် တိုင်များစိုက်ထူခြင်းနှင့် ကာရံခြင်း စသည်တို့သည် ဥပဒေချိုးဖောက်ရာ ရောက်သည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးမှုများအား ဖြစ်ပေါ်စေကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ထိုသို့လုပ်ဆောင်မှုများသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ မြို့ဟောင်းများ၏ ဧရိယာအတွင်းတွင် အထက်ပါဆောင်ရွက်မှုမျိုး ပြုလုပ်ပါက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်မှ ပြန်လည်ရုပ်သိမ်းနိုင်ခြင်းမျို
ထို့ကြောင့် အဆိုပါကိစ္စရပ်များကို ပြုလုပ်လိုသူတိုင်းသည် တည်ဆဲအခြားဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာရမည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို လိုက်နာရန်လိုအပ်ကြောင်း သိရသည်။
“ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေ ထိန်းသိမ်းခြင်းနဲ့ ပတ်သက်၍ မြို့ပြနှင့် အိုးအိမ်ဖွံဖြိုးတိုးတက်မှု ဦးစီးဌာနမှ ဗိသုကာမှူးကြီး ဒေါ်လှိုင်မော်ဦးက “အစိုးရအဖွဲ့ အစည်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ ကြားထဲမှာ ကွဲလွဲမှုတွေ ရှိနေတယ်။ အချို့က အဆောက်အအုံတွေကို မူလအတိုင်းဘဲ ထိန်းသိမ်းထားချင်ကြတယ်။ တချို့က အဆောက်အအုံတွေကို မူလအတိုင်း ပြင်ဆင်ထိန်းသိမ်းပြီးတော့ ၀န်ဆောင်မှုပေးပြီး ခရီးသွားတွေကို ဆွဲဆောင်ချင်ကြတယ်” ဟု ပြောကြားသည်။
ယခုလက်ရှိအချိန်၌ မြန်မာနိုင်ငံရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများနှင့် သက်ဆိုင်သော အချက်အလက်များအား ကောက်ယူဆဲ အခြေအနေတွင်သာရှိကြောင်း သိရသည်။
“ရှေးဟောင်းအမွေအနှစ်တွေ အသားပေးပြီးတော့ ဆွဲဆောင်မှုတွေ လုပ်ငန်းတွေ လုပ်ကိုင်ချင်ရင်တော့ ကနဦးပိုင်း အကုန်အကျ များတာတွေကို ထည့်တွက်လို့ မရပါဘူး။ ဘယ်လောက်အထိ တန်ဖိုးဖန်တီးနိုင်မယ်၊ အရည်အသွေးပိုင်း ဖန်တီးနိုင်မလဲကိုဘဲ ကြည့်စေချင်ပါတယ်” ဟု နိုင်ငံတကာ ဗိသုကာပညာရှင် David Granathen က ပြောကြားသည်။
ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများနှင့် ပတ်သက်သော အချက်အလက်များအား စုဆောင်းခြင်း၊ အဆိုပါနေရာများနှင့် အနီးတ၀ိုက်တွင် နေထိုင်ကြသူများ၏ လှုပ်ရှားမှုများကို လေ့လာခြင်း၊ လမ်စနစ်များအားလေ့လာခြင်း၊ ယဉ်ကျေးမှုနှင့် အဓိပ္ပာယ်သတ်မှတ်ချက်များအား လေ့လာမှတ်တမ်းတင်ခြင်း စသည်များကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်းတွင် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ် သတ်မှတ်ထားသော အဆောက်အအုံ စုစုပေါင်းသည် ၁၈၉ လုံးရှိပြီး ယဉ်ကျေးမှုနှင့်သက်ဆိုင်သော အဆောက်အအုံများမှာ အများဆုံးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး အဖွဲ့အစည်းမှ ထုတ်ပြန်ထားချက်အရ သိရသည်။
Eleven Media Group
0 comments:
Post a Comment