Tuesday, June 24, 2014
ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမတွင် Gene X-pert Advocacy Meeting ၏ အစည်းအဝေးအခမ်းအနားကြီးကို ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိ
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့တွင် 24.6.2014 ခုနှစ် အင်္ဂါနေ့ နေ့လည် (2း00)နာရီအချိန်ခန့် ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမတွင်
Gene X-pert Advocacy Meeting ၏ အစည်းအဝေးအခမ်းအနားကြီးကို ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့သည်။....အဆိုပါအစည်းအဝေးအခမ်းအနားကြီးတွင် ပဲခူးတိုင်း
ဒေသကြီး ပြည်ခရိုင် ပြည်မြို့ တီဘီရောဂါတိုက်ဖျတ်ရေးဌာန မှ ဦးစီးကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားကို အစီစဉ်(၇)ခုဖြင့် ကျင်းပသွားခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပြည်မြို့ ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးတင့်ရွှန်း မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားတွင် တက်ရောက်လာ
သူများ နှင့် အပြန်အလှန်ဆွေးနွေးမှု့များကိုပါ တပြိုင်တည်းကျင်းပပြုလုပ်ဆွေးနွေးသွားခဲ့သည်။ အဆိုပါအခမ်းအနားမှာ ခေတ်မှီတိုးတက်ပြောင်းလဲလာသည့် Gene X-pert
(မျိုးရိုးဗီဇအထူးပြု) နည်းပညာဖြင့် တီဘီရောဂါ နှင့် ဆေးယဉ်ပါးသော တီဘီရောဂါကို ရှာဖွေ ဖော်ထုတ် ခြင်းများကို အဓိကအလေးထားပြုလုပ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ခြင်း
ဖြစ်သည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန / USAlD / FinD / PATH တို့မှပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ အခမ်းအနားသို့ ပြည်ခရိုင် (၆) မြို့နယ်ရှိ ဆရာဝန်
များ / ပြင်ပ မှ GP များ / ပြည်မြို့ မှ အငြိမ်းစား အထူးကုဆရာဝန်ကြီးများ / ပြည်မြို့ ပြည်သူ့ဆေးရုံကြီး မှ အထူးကုဆရာဝန်ကြီးများ / ခရိုင် ကျန်းမာရေးဦးစီးဌာနမှူး / တီဘီရောဂါ
နှိမ်နင်းရေး ဆရာဝန် နှင့် ဆရာမ များ / ကုတင်(၁၀၀)စစ်ဆေးရုံမှာ ဆရာဝန်များ သတင်းမီဒီယာများ စုစုပေါင်း အင်အား(၆၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဓါတ်ခွဲခန်းအမည်အနေဖြင့် ခရိုင်တီဘီဓါတ်ခွဲခန်း ပြည်မြို့ ဆက် သွယ်ရမည့်ပုဂ္ဂိုလ်အနေဖြင့် ဒေါက်တာ ငြိမ်းငြိမ်းအေး( အဖွဲ့ခေါင်းဆောင်ဆရာဝန်) ပြည်မြို့ ပဲခူးတိုင်း လိပ်စာအပြည့်
အစုံကတော့ တီဘီရောဂါတိုက်ဖျတ်ရေးဌာန ပြည်ခရိုင် ပြည်မြို့ ပဲခူးတိုင်းဒေသကြီး ဖြစ်ပြီး ဖုန်းနံပါတ်အနေဖြင့် (053 264 65) နှင့် (053 213 86)တို့ကို ဆက်သွယ်နိုင်ကြောင်း နောက်ဆက်
တွဲသတင်းရရှိခဲ့ပါတယ် အဆိုပါအခမ်းအနားကို ညနေ (4း00)ကျော်အချိန်ခန့်တွင် အောင်မြင်စွာပြီးမြောက်ကြောင်းသတင်းရရှိခဲ့ပါတယ်။.....
ပြည်သတင်းလူငယ်(ပြည်သတင်း)
0 comments:
Post a Comment