Tuesday, June 24, 2014

ထူးကြီးမူးကြီးဆွေးနွေးခန်း( ဆားပုလင်း မူးကြီးနှင်. သန္တိဒုက္ခ အရှုပ်တော်ပုံ ) သရ၀ဏ်(ပြည်)

Leave a Comment

ထူးကြီးမူးကြီးဆွေးနွေးခန်း( ဆားပုလင်း မူးကြီးနှင်. သန္တိဒုက္ခ အရှုပ်တော်ပုံ )

သရ၀ဏ်(ပြည်)

တစ်နေ.သ၌ ကျွန်ုပ်မူးကြီးသည် ဂလေစီယာစီးကရက်ကိုဟန်ပါပါခဲလျက်အမှတ်ရှစ်သုံးလုံး၊ဗိုလ်လိမ်လမ်း၊
ကျောက်မြောင်းနေအိမ်တွင်ထိုင်နေစဉ် မိတ်ဆွေကြီး မောင် ဖိုးထူးသည် ဌာနပိုင်အော်စတင်ကားစုတ်ကလေးဖြင်.ရေးကြီးသုတ်ပြာရောက်ရှိ၍ လာချေ၏ ။

မူးကြီး- အိုင်ဆေး ကိုထူးကြီး ဘယ်ကလှည်.လာသလဲ လာပါလာပါ ။ ကာကာဆိုင်က အခုပဲတောင်းထားတဲ. လက်ဘက်ရည်သောက်ပါ ။

ထူးကြီး- ဟုတ်ကဲ.ပါ ဆားပုလင်း မူးကြီး ၊ အခုတလော နိုင်ငံအနှံ.သိမ်.သိမ်.တုန်အောင် လူပြောများနေတဲ. သန္တိဒုက္ခ ဟိုတယ် အမှု အကြောင်းသိချင်လို.လာခဲ.တာပါ

မူးကြီး- ကျွန်တော်လဲ ပုလိပ်မင်းကြီးမစ္စတာ ဖော်ပင် တာဝန်ပေးချက်အရ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ.လိုက်လံစုံစမ်းနေပါတယ် ကိုထူးကြီး ၊ အမှုကွင်းဆက်ကတော.တော်တော်ရုပ်လုံးပေါ်လာပါပြီ ၊အဓိကပူးတွဲတရားခံတစ်ယောက်ကို မိတာနဲ. အမှုကပေါ်ပါပြီ

ထူး- အမှုသွားအမှုလာအခြေအနေလေး ပြောပြပါဦး

မူး- အမှုကတော. ဖိုးသူတော်ကြီး ဦးခန္တီ ရဲ.ပိုင်နက်ဖြစ်တဲ. ဟိုတယ်ကြီးကို သူပိုင်ငါပိုင်အမွေလုကြတဲ.အမှုပါ ။ အဲဒိလိုအမွေလုရင်း တစ်ခါ ဖိုးသူတော်များအစည်းအရုံးက သူတို.နဲ.ဆိုင်တယ်ဆိုပြီး ဟိုတယ်ကြီးကို ခေတ္တခဏထိမ်းသိမ်းထားပါတယ် ။ ဖိုးသူတော်ကြီး ဦးခန္တီကလဲ သူ.ကို ဒကာကြီး ကိုဖိုးရှုပ်က လှူခဲ.တာဆိုပြီးအခိုင်အမာပြောနေပါတယ် ။ ဒီကြားထဲမှာ ညကြီးမင်းကြီး ဖိုးသူတော်ကြီးမရှိတုန်း ဟိုတယ်ကို လူဆိုးတွေဝင်စီးရာက ပြသနာတွေတောက်လျှောက်ဖြစ်တော.တာပဲ ။ လုယက်မှု ၊ပြန်ပေးဆွဲမှု ၊ခြိမ်းခြောက်မှု ၊မတရားဖမ်းဆီးချုပ်နှောင်မှုစုံလို.ပဲဗျ ။

ထူး- လူဆိုးခေါင်းဆောင်ကဘယ်သူလဲ ဗျ

မူး- မောင်အံ.ဆိုတဲ.လူလည်လူရှုပ်တစ်ယောက်ပါ ၊ ဖဲသုံးချပ်လိမ်
အမှုနဲ.ရဲဘက်ကအလိုရှိနေတဲ.တရားခံပြေးတစ်ယောက်ပေါ.

ထူး- ဒါဆိုဒီအမှုကတော်တော်နက်နဲတာပဲ ၊ ဒါနဲ.လက်ဝါးကိုကိုကြီးတို. အဖွဲ.ကတော. တရားခံတစ်ယောက်ကိုဖမ်းလိုက်ပြီဗျို. ၊ သူကတကယ်ကျူးလွန်တဲ.တရားခံလားဗျ

မူး- ကိုကိုကြီး တို.၊ရွှေသွားအောင်မြင်.တို.အကြောင်း ကျွန်တော်ကောင်းကောင်းသိပါတယ် ၊ဒီလူတွေက အမှုတစ်ခုကိုပေါ်အောင်လိုက်နိုင်တဲ.အရည်အချင်းမရှိဘူးဗျ ။ မိပြီးသားတရာခံကိုရိုက်စစ်ပြီး အတင်းဝန်ခံခိုင်းတဲ. ခပ်ညံ.ညံ.ပုလိပ်တွေလောက်ပဲလုပ်တတ်တဲ.သူတွေ ။ ကျုပ်သာ သူတို.နေရာမှာဆိုရင်တော. ဘာမှမဆိုင်ပဲ ဖမ်းထားတဲ. ပုသိမ်ဘက်က မောင်ဆီဆမ်း ဆိုတဲ.လူကို ချက်ခြင်းလွှတ်ပစ်မှာပဲ ။ မဟုတ်ရင်နောက်ကျမှ ဟိုကတရားပြန်စွဲလို. မရှိမဲ.ရှိမဲ.ရာထူးလေးတွေပြုတ်နေပါဦးမယ်ဗျာ

ထူး- သူတို.ကတော. မောင်ဆီဆမ်းအမှုကျူးလွန်တာကို သေချာပေါက်သိသလိုလိုမျိုးနဲ.ပြောနေကြလေရဲ.ဗျ ။ ကျုပ်ကတော. ဒါလိမ်ဆင်ကြီးလို.ပဲထင်တယ် ။

မူး- ဒါနဲ . အိုင်ပက်ရေ

ထူး- အိုင်ပီ လုပ်ပါဗျ

မူး- အော် ..အင်း…အင်း… ငယ်ငယ်ကငါးပက်တာ ၊အိုင်ပက်တာ နဲ.ရောသွားလို.ပါ ။ဒါနဲ. မောင်ဆီဆမ်းကို လက်ဝါးကိုကိုကြီးတို.က ဘာအမှုနဲ.တရားစွဲထားသလဲဗျ

ထူး- ထုံးစံအတိုင်းပေါ.ဗျာ ..အလွဲသုံးစားမှု၊လာဘ်စားမှုပေါ. ။ ရွာဘုရားပွဲတုန်းက အကြော်ဆိုင်မှာ အကြော်ဝင်စားတာ အကြော်ဖိုးပဲရှင်းပြီး ရေနွေးကြမ်းဖိုးရှင်းမသွားတဲ.အမှုတဲ.ဗျ

မူး- တယ်ကြီးမားနက်နဲတဲ.အမှုပဲဗျာ ၊ ဆားပုလင်းမူးကြီးဘ၀မှာ ကြုံဖူးသမျှဒီစွဲချက်ကအနက်နဲဆုံးပဲ ။ ဒါဆို ဘုရားပွဲမှာ ဖရီးစားကြတာမောင်ဆီဆမ်းတစ်ယောက်ထဲမှမဟုတ်တာ မောင်ဆီဆမ်းကရေနွေးကြမ်းပဲသောက်ရတာ ၊ ဦးပေါ်ဆန်းတို.အဖွဲ.ဆို ရပ်ကွက်သမ၀ါယမ ဆိုင်က ခွဲတမ်းတွေ ဘုန်းနေတာဘယ်လောက်ကြာပြီလဲ ၊အရင်သမ၀ါယမမှာမလုပ်ခင်က သတင်းစာအဟောင်းတွေခိုးရောင်းပြီးငွေမသွင်းလို. အပ္ဖနားနဲ.ပြသနာတက်ကြသေးတယ်လေ ၊ ပြီးတော. လျပ်စစ်ဘက်ထရီအိုးကိုယ်စားလှယ် ဦးရိတ်ကြီးတစ်ယောက်လဲ ဘက်ထရီအိုးတွေခိုးရောင်းစားတဲ.အမှုရှိသေးတယ်မို.လား ၊

ထူး- ဟာဆားပုလင်းကလည်း ၊ဒါတင်ဘယ်ကမလဲ ရွာဘုရားပွဲတုန်းက မြေနေရာခွင်ရိုက်သွားတဲ.ကန်ထရိုက်ပွကြီးဆိုရင်လဲကြည်.ဗျာ ၊ ရွာဘုရားပွဲနဲ.မလွတ်လို.ဆိုပြီး ကျုပ်တို.အိမ်ဝိုင်းမြေတွေကိုခြံခတ်ပြီးယူသွားတာ ၊ ဘုရားပွဲပြီးရင်ပြန်ပေးမယ်မှတ်တာ ၊တခါထဲရောင်းစားပစ်လိုက်တာပဲ ၊ အဲဒိငပွကြီးကျအရေးယူတယ်မကြားရပါဘူး ။

မူး- ငပွကြီးက ပုလိပ်မင်းကြီး မစ္စတာဖော်ပင် ကိုပိုင်တယ်လေ ၊ ဘယ်အရေးယူခံရမလဲ ။အခုအရေးယူခံရတဲ. မောင်ဆီဆမ်းဆိုတာ နာမည်ကသာမောင်ဆီဆမ်း ၊ ဆီမလာပျားမလာလို.အထက်လူကြီးတွေ အတော်မကြေမနပ်ဖြစ်နေတာ ။

ထူး- ဘာဆီမလာပျာမလာလဲ ဗျ ၊ ရှင်းအောင်ပြောစမ်းပါ

မူး- အော် မောင်ဆီဆမ်းက မုန်.ဆီကြော်တွေဘာတွေ လက်ဆောင်ရရင် မစ္စတာဖော်ပင်တို.ကိုမပေးဘူးဗျ ၊ သူ.ဘာသာ ဘုန်းကြီးဆွမ်းလောင်းပစ်လိုပစ် ၊ စားပစ်လိုပစ် ၊အရပ်ကိုဝေလိုဝေလုပ်တာ ၊ လူကြီးတွေကိုပေးစားတာမဟုတ်ဘူးဗျ ။ အဲဒါကြောင်.မစ္စတာဖော်ပင်ကမကြေနပ်တာ

ထူး- အေးဗျာ ၊ တကယ်ဆို မစ္စတာဖော်ပင်.တပည်.ထဲမှာ အကျင်.မကောင်းတဲ.ကောင်တွေအများကြီးပဲဗျ ၊ဒီကောင်တွေကိုတော.အရေးယူတယ်မကြားရပါဘူး ၊တချို.ဆို ရွာကခိုးထားတဲ.ပစ္စည်းတွေနဲ.မြို.တက်ပြီးကျိကျိတက်ချမ်းသာနေဆိုပဲ ။

မူး- သူတို.ကလိုင်းဝင်ထားတယ်ဗျ ၊

ထူး- ဒါနဲ. အမှုမှာ မဆီမဆိုင် ဖိုးသူတော်တွေ ထောင်ကျသေးတယ်ဆို

မူး- ဦးမောင်အံ. တို. မတရားစွတ်စွဲပြီးဖမ်းလိုက်တာပါ ၊ အခုတော.ထွက်လာပါပြီ ။

ထူး- ဒီအမှုရဲ.ပူးတွဲတရားခံကိုတွေ.ရင် အမှုကရှင်းပြီဆို ဘယ်သူလဲဗျ ။

မူး- တခြားလူဟုတ်ရိုးလားဗျာ ဒီသန္တိဒုက္ခဟိုတယ်ကြီးကိုစဆောက်တုန်းက အင်တိုက်အားတိုက်ပဲါ.ပြီးအခုမှ ရူးချင်ယောင်ဆောင်နေတဲ. ရွာမြောက်ပိုင်းက မောင်ဖင်တွန်.ပေါ.ဗျာ ။ အရင်တုန်းကတော.သူလဲ ဖဲသုံးချပ်လိမ်အဖွဲ.ထဲမှာပါတာပေါ. ။
သူမရှုပ်မရှင်း မလည်ရှုပ်လုပ်လို. ဒီ ပြဿနာတွေပေါ်လာတာ ။ ဟိုတယ်ဆောက်ဖို.သူပဲပေးတယ် ။ ပြီးတော.ဖိုးသူတော်ကြီးနဲ.မတည်.တော. ဖိုးသူတော်အသင်းကိုသွားအတို.အထောင်လုပ်ပြီး ဟိုတယ်ကိုပြန်သိမ်းလိုက်တာ ။ ပြီးမှ အရူးကွက်နင်းပြီးနောက်ဆုတ်သွားတာ ။

ထူး- သူအခုဘယ်ရောက်နေသလဲဗျ

မူး- မကြာပါဘူး ၊မိတော.မှာပါ ။ ဟောပြောရင်းဆိုရင်း လှေကားကလူတစ်ယောက်တက်လာသံကြားတယ် ၊အိုင်ပီ ကန်.လန်.ကာနောက်ဝင်ပုန်းနေစမ်း ၊ကျုပ်ကအချက်ပေးလိုက်တာနဲ. ရအောင်ဝင်ဖမ်းတော. ။ သတိတော.ထားနော် ဒီကောင်ကဥာဏ်များသလောက် ၊အန္တရာယ်ရှိတယ် ။

(ထူးကြီးလည်းကျွန်ုပ်မှာကြားချက်အရ အခန်းထဲဝယ်ပုန်းနေစဉ် တက္ကစီသမားတစ်ယောက်သည် အိမ်ထဲသို.၀င်လာပြီး တက္ကစီအသင်.ဖြစ်ပြီဖြစ်ကြောင်းပြောကြားသောခန၀ယ် ကျွန်ုပ်ဆားပုလင်း မူးကြီးသည် တက္ကစီသမားအားကျင်လည်စွာလက်ထိပ်ခပ်လိုက်လေ၏ )

မူး- မင်းကို C.A.T အဲလေ C.I.D ကဖမ်းလိုက်ပြီ ဖိုးရှုပ်(ခေါ်)မောင်ဖင်တွန်. ၊ခင်ဗျားကိုမဟာသန္တိဒုက္ခဟိုတယ် ပြန်ပေးဆွဲမှုနဲ.ဖမ်းလိုက်ပြီ ။ အိုင်ပီထူးကြီးရေ အခန်းထဲကထွက်ခဲ.ပါ

တက္ကစီသမား - ဟားဟား ဟားဟား ရယ်ရတယ်ကွာ

မူးကြီး- အဖမ်းခံရတော. စိတ်ဖောက်ပြန်သွားပြီလားမောင်ဖင်တွန်. ၊ ဥပဒေအထက်မှာ ဘယ်အရာမှမရှိပါဘူးဗျ

ဖင်တွန်.- ကျလဲကျတဲ.ကောင်ကွာ ၊ ငါ.ကိုဖမ်းဦးမတဲ. ငါမသေဘူးရေကူးတတ်တယ်ကွ

မူး- ရေကူးဖြစ်ဖြစ် လှည်းကူးဖြစ်ဖြစ် နောက်ဆုံးတော.အင်းစိန်ကိုရောက်မှာပဲ မဟုတ်လား

ဖင်တွန်.- အင်းစိန်ရောက်မှာမင်းကွ ၊ ဟေ.ကောင်တွေလာကြစမ်း ၊ဒီနှစ်ကောင် ကိုကုပ်လိုက်စမ်း
(အိမ်ဘေးတွင်ပုန်းနေကြသောရဲတပ်ဖွဲ.၀င်များရောက်လာကာ ကျွန်ုပ်တို.နှစ်ယောက်အားဖမ်းလိုက်သဖြင်. ကျွန်ုပ်တို.မှာ ဘုမသိဘမသိအဖမ်းခံလိုက်ရပေသည် )

ထူးကြီး- ဒါကဘာသဘောလဲ မောင်ဖင်တွန်.

ဖင်တွန်.- ဘာသဘောလဲဆိုတော. လိုင်းဝင်ထားတဲ.သဘောပဲ ကွ ၊လက်ဝါးကိုကိုကြီးတို.နဲ.ငါနဲ.က ခိုးဖော်ခိုးဖက် ဂိုဏ်းတူတွေကွ ။ဒါ.အပြင် သက်ဆိုင်ရာကို ငါလဲ လိုင်းဝင်ပြီး ဂါရ၀ပြုထားသမို.
ဥပဒေအထက်တွေ ၊ ငုံးဥပြုတ်အထက်တွေလုပ်မနေနဲ. ၊ ငါတို.ကိုနောက်ကြောင်းပြန်အရေးယူခွင်.မရှိလို.ဖွဲ.စည်းပုံဥပဒေမှာထည်.ဆွဲထားပြီကွ ။အဲဒါကြောင်. အမှုလိုက်အရာရှိကြီး ဆားပုလင်း မူးကြီးနဲ. ၊အိုင်ပီ ထူးကြီးတို.ပဲ အင်းစိန်ကိုသွားကြပေတော.

ထူး၊မူး ကျုပ်တို.ကိုဘာအမှုနဲ.ဖမ်းတာလဲ ၊၀ရမ်းပါသလား ၊ ပုဒ်မကဘယ်လောက်လဲ ၊ရှေ.နေနဲ.တွေ.ခွင်ပြုသလား

ဖင်တွန်.- အေး ပုဒ်မကတော. ငါတို.အမြဲတမ်းသုံးတဲ.ပုဒ်မပဲကွ ဟောင်းပေမယ်.လဲကောင်းနေဆဲပဲကွ။

ထူး၊မူး ဘာပုဒ်မတုန်းဗျ

ဖင်တွန်.- သောက်မြင်ကပ်ပုဒ်မဟေ. ။

ထူး၊မူး- ဟိုက်

သရ၀ဏ်(ပြည်)


0 comments:

Post a Comment

Facebook Like Page