Sunday, June 29, 2014

သက်​ဆိုင်​ရာ ဌာနများသို့ ပြည်​သတင်းမှတဆင့်​တင်​ပြခြင်း

Leave a Comment
ပြည်မြို့နေ ပြည်သူများ၏အခက်အခဲဒုက္ခ
***************************

ရပ်ကွက်အတွင်းသို့ လာရောက်စွန့်ပစ်သော ကြက်မွှေးအမှိုက်များကြောင့် ရပ်ကွက်နေပြည်သူများအနံ့အသက်ဆိုးရွားစွာခံစားနေရ
သို့ ပြည်သတင်းရှင်
ကျမတို့နေထိုင်ရာဖြစ်သော မြို့သစ် ၄/၂လမ်းနှင့်၅/၂ကြားသို့ ယခုမိုးတွင်းကာလမတိုင်ခင်မှစ၍ ဈေးတွင်ရောင်းချရန် ကြက်သတ်ရာမှ စွန့်ပစ်ပစ္စည်းဖြစ်သည့် ကြက်မွှေးများကိုနေစဉ်နေ့တိုင်းလာရောက်စွန့်ပစ်လျှက်ရှိပါသည်။
အဆိုပါကြက်မွှေးများမှာအနံ့ဆိုးရွားစွာပျံနှံ့သောကြောင့် လာရောက်စွန့်ပစ်သည့် အနီးပတ်ဝန်းကျင်ရှိ ကျမတို့ရပ်ကွက်နေပြည်သူများမှာညစဉ်မအိပ်နိုင်ပဲဒုက္ခများစွာခံစားနေကြရပါသည်။သက်ကြီးရွယ်အိုကလေးများလည်းရှိသောကြောင့် မလိုလားအပ်သောရောဂါများ ဖြစ်ပွားမည်ကိုလည်းများစွာစိုးရိမ်နေကြရပါသည်။
ကြက်မွှေးများအားမိုးရွာသည့်အချိန်တွင် ရေစီးတွင်မျောပါသွားရန် ပြုလုပ်၍ရသော် ကြက်မွှေးများမှာနေစဉ်နှင့်အမျှ ပြန်လည်စွန့်ပစ်နေသောကြောင့် များစွာအခက်တွေ့နေရပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှုးထံလွန်ခဲ့သောတစ်လခန့်မှစ၍ သုံးကြိမ်တိုင်တိုင် သွားရောက် တိုင်းတန်းခဲ့သော်လည်းအုပ်ချုပ်ရေးမှုးမှ အဆိုပါကြက်သတ်သူများအားခေါ်ယူသတိပေးပေးမည်ဟုပြောပါသည်။
သို့သော် ယနေ့တိုင် ကြက်မွှေးများကိုလာရောစွန့်ပစ်လျှက်ရှိပါသောကြောင့် ရပ်ကွက်ပြည်သူများမှာအနံ့အသက်များဆိုးရွားစွာခံစားနေရပြီးကျန်းမာရေးကိုပါ ထိခိုက်လာမည်စိုးရိမ်ပါသောကြောင့် အမြန်ပြေလည်အောင်ဖြေရှင်းပေးပါရန် ပြည်သတင်းမှတဆင့် သက်ဆိုင်ရာတာဝန်ရှိသူများ သိစေရန်တိုင်ကြားအပ်ပါသည်။
တိုင်ကြားသူ မဇင်မာရဲ
နေရပ် (၄/၂ လမ်းခေတ္တရာမြို့သစ်၊ပြည်မြို့)
မှတ်ပုံတင်အမှတ် ၇/ပမန(နိုင်)၁၆၀၂၅၈



ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page