Tuesday, June 24, 2014

ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်းမြို့ဟောင်းတို့၌ ခရီးသွားလာရောက်မှု မြင့်တက်လာနိုင် သီဟကိုကို ရန်ကုန်၊ ဇွန် ၂၄

Leave a Comment
ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်းမြို့ဟောင်းတို့၌ ခရီးသွားလာရောက်မှု မြင့်တက်လာနိုင်
သီဟကိုကို

ရန်ကုန်၊ ဇွန် ၂၄
ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့များကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ်ရွေးချယ်ထားရာ ကမ္ဘာလှည့် ခရီးသွားများက မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားလာရောက်မှုပိုမိုမြင့်တက်လာနိုင်သည်ဟု ဟိုတယ်/ခရီးဝန် ကြီးဌာနနှင့် ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
ဇွန်လ ၂၂ ရက်တွင် UNESCO ၏ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာများအဖြစ် ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်းများကို ပဏာမရွေးချယ်ထားသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးသက်လွင်တိုးက “ UNESCO ရဲ့ ကမ္ဘာ့ရှေး ဟောင်းအမွေအနှစ်နေရာစာရင်းဝင်သွားရင် မြန်မာက မပိုင်တော့ဘူး။ ကမ္ဘာပိုင်နေရာတွေဖြစ်သွားပြီ။ လိုအပ်တဲ့အထောက်အပံ့၊ နည်းပညာအကူအညီတွေနဲ့ ဒီနေရာတွေကိုထိန်းသိမ်းလာနိုင်မယ်။ Heritage ကိုစိတ်ဝင်စားတဲ့ Tourist တွေ ပိုဝင်လာနိုင်တာပေါ့ ”ဟု ပြောသည်။
နိုင်ငံခြားခရီးသွားများ စိတ်ဝင်တစားသွားရောက်နိုင်မည့် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့များသို့ သွား လာရေးနှင့် တည်းခိုနေထိုင်ရေးတို့အတွက် လိုအပ်ချက်များရှိနေသေးပြီး ပုဂံရှေးဟောင်းဒေသသို့ ရောက် ဖူးသည့် တစ်ဦးချင်းခရီးသွားများ (F.I.T) များ သွားရောက်လေ့ရှိသော်လည်း နည်းပါးသည်ဟု ခရီးသွား လုပ်ငန်းအသိုင်းအ၀ိုင်းက ပြောသည်။
ဗိဿနိုးမြို့ဟောင်းသည် တောင်တွင်းကြီးမြိုအနီး၊ ဟန်လင်းသည် ရွှေဘိုမြို့အနီး၊ သရေခေတ္တရာမြို့ဟောင်း သည် ပြည်မြို့အနီးတွင် တည်ရှိသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က “ Heritage List စာရင်းဝင် နေရာတွေဖြစ်လာတော့ နိုင်ငံခြားခရီးသွားတွေ မြန်မာကိုလာရောက်တာပိုဝင်လာနိုင်တယ်။ ခရီးသွားတွေ အတွက် ဆွဲဆောင်မှုရှိတဲ့ ခရီးစဉ် ဒေသအသစ်တိုးလာသလိုဖြစ်တော့ ခရီးသွားကုမ္ပဏီတွေက ခရီးစဉ် အသစ်တွေတိုးချဲ့လုပ်လာနိုင်တယ် ” ဟု ပြောသည်။
ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့ဟောင်းများမှာ ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းထားသည့် ရှေး ဟောင်းအမွေအနှစ်ဒေသများဖြစ်ပြီး ယင်းမြို့ဟောင်းများသို့ နိုင်ငံခြားခရီးသွားများ သွားရောက်မှုကို ပိတ် ပင်ထားခြင်းမရှိဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းယဉ်ကျေးမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဦးသက်လွင်တိုးက “ ဒီဒေသတွေကို လေကြောင်းမဟုတ်ရင်တောင်ကားလမ်းကနေသွားလာရေး အဆင် ပြေမှလည်း တိုးတက်လာနိုင်တယ်။ တည်းခိုဖို့ အဆင်ပြေရမယ်။ ဒေသတစ်ခုဖွံ့ဖြိုးဖို့ နှစ်နှစ်လောက် အချိန် ယူရမယ်” ဟု ပြောသည်။

တင်​ဆက်​သူ   ပြည်​သတင်းလူငယ်​(ပြည်​သတင်း)

0 comments:

Post a Comment

Facebook Like Page