Tuesday, June 24, 2014

ဘာသာကြီးလေးမျိုး ငြိမ်းချမ်းရေးအဖွဲ့တိုးချဲ့ ဖွဲ့စည်းမည

Leave a Comment
ဘာသာကြီးလေးမျိုး ငြိမ်းချမ်းရေးအဖွဲ့တိုးချဲ့ ဖွဲ့စည်းမည်
ရေခဲ(ပြည်)

ပြည်၊ ဇွန် ၂၄
ပဲခူးတိုင်း ပြည်ခရိုင်၊ ပြည်မြို့တွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာဝင်များ ဖြင့် ဖွဲ့စည်းထားသည့် ဘာသာကြီးလေးမျိုး ငြိမ်းချမ်းရေးအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းရန် စီစဉ်နေပြီဟု ဦးဆောင်နာ ယကတစ်ဦး ဖြစ်သူ ဦးခင်မောင်သိန်းက မဇ္ဈိမကို ပြောသည်။
“နာယကအဖွဲ့ဝင်တွေ ခေါင်းဆောင်အဖွဲ့ဝင်တွေကို တိုးချဲ့သွားဖို့ နယူးယောက်အခြေစိုက်လေးဘာသာ ငြိမ်းချမ်းရေးအဖွဲ့ကို တင်ပြမယ်”ဟု ၎င်းက ဆိုသည်။
ဘာသာတစ်မျိုးစီတွင် နာယကအ ဖွဲ့ဝင်တစ်ဦးသာရှိရာမှ နာယကအဖွဲ့ ၀င်သုံးဦးအထိလည်းကောင်း၊ ဘာ သာတစ်မျိုးလျှင် ခေါင်းဆောင်အဖွဲ့ဝင်သုံး ဦးစီရှိရာမှ ငါးဦးအထိ လည်းကောင်း တိုးချဲ့ဖွဲ့စည်းမည့်အပြင် လူ ငယ်အဖွဲ့ဝင်အင်အားကိုလည်း တိုးချဲ့သွားမည်ဟု ဦးခင်မောင်သိန်းက ပြောသည်။
ပြည်မြို့တွင် ဘာသာကြီးလေးမျိုး ငြိမ်းချမ်းရေးအဖွဲ့ကို လွန်ခဲ့သောသုံးလခန့်က ဖွဲ့စည်းခဲ့ပြီး ဘာသာတစ်မျိုး စီကိုကိုယ်စားပြုသည့် သတ်မှတ်နေရာတစ် ခုတွင်တစ်လတစ်ကြိမ် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နေ သည်။
ဗုဒ္ဓဘာသာကိုယ်စားပြု၍ ပြည်မြို့၊ န၀င်းနယ်မြေ၊ အောင်မင်္ဂလာကျောင်းတိုက်တွင် ဇွန်လ၂၄ရက် တွေ့ဆုံပွဲ တွင် အဆိုပါကိစ္စကို အဆိုတင်သွင်းဆုံး ဖြတ်လိုက်ခြင်းဖြစ်သည်။

သတင်း ​ရေခဲ(ပြည်​)

တင်​ဆက်​သူ ပြည်​သတင်းလူငယ်​(ပြည်​သတင်း)

0 comments:

Post a Comment

Facebook Like Page