Wednesday, June 11, 2014

ပြည်သူ.ဟစ်တိုင်ဆိုသည်မှာ သရ၀ဏ်(ပြည်)

Leave a Comment

ပြည်သူ.ဟစ်တိုင်ဆိုသည်မှာ

သရ၀ဏ်(ပြည်)

မကြာသေးမီကရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ပြည်သူလူထုလွတ်လပ်စွာရင်ဖွင်.ပြောဆိုနိုင်သော ပြည်သူ.ဟစ်တိုင်တစ်ခုကို ရန်ကုန်မြို. ကျိုက္ကဆံကွင်းအနီးတွင် ဖွင်.လှစ်ရန်စီစဉ်နေကြောင်းသတင်းတစ်ပုဒ်ကိုဖတ်လိုက်ရသည် ။ ၎င်းအတူပင် ။ မြန်မာနိုင်ငံ၌ ၁၉၆၂နောက်ပိုင်း ပထမဆုံး ဆောက်လုပ်သည့် ပြည်သူ့ ဟစ်တိုင်ကို ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ မုံရွာ-ရေဦး ကားလမ်းမကြီးပေါ်ရှိ မိခင်ကလေး စောင့်ရှောက်ရေး ရုံးအနီးတွင် ဆောက်လုပ်နေပြီး ဇွန်လ ပထမပတ်တွင် ဖွင့်လှစ်နိုင်မည်ဟု ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က မေလ ၂၈ရက်က အသိပေး ပြောဆိုလိုက်သည် ဟု မဇ္ဈိမသတင်းဌာနက ၂၀၁၄ ခု ၊ မေလ ၂၉ ရက် နေ.သတင်းတွင်ရေးသားဖော်ပြသွားပါသည် ။ ကျွန်တော်သတိထားမိသောအချက်မှာ ဟစ်တိုင်တွင်စကားပြောလိုလျင် ကြိုတင်ခွင်.ပြုချက်ရယူရမည်ဆိုသော သဘောမျိုးအာဏာပိုင်များကအောက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည် ။
ဟစ်တိုင်တွင် လာရောက်ပြောဆိုမည့် သူများသည် ငြိမ်းချမ်းစွာ စည်းတန်လှည့်လည်ခွင့် ဥပဒေအတိုင်း မြို့ နယ်အုပ်ချုပ်ရေးရုံးတွင် စာတင်ကာ ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ ဟစ်တိုင်တွင် လာရောက်ပြောဆိုမှုတွင် အများကို ထိခိုက်စေသည့် အပြောအဆို၊ စော်ကားရာရောက်သည့် ပြောဆိုမှုများ မရှိရန်နှင့် ဟစ်တိုင်တွင် လာရောက်ပြောဆိုသူများ၏ လုံခြုံရေးအတွက် ရဲလုံခြုံရေးပါ ချထားပေးမည်ဟု ဆိုသည်။

ဤနေရာ၌ နိုင်ငံတကာရှိဒီမိုကရေစီနိုင်ငံများ ရှိဟစ်တိုင်စနစ်နှင်.ယှဉ်ကြည်.လျင်ပြောစရာနှစ်ချက်တွေ.ရ၏ ။ပထမအချက်မှာ နိုင်ငံတကာတွင် ပြည်သူ.ဟစ်တိုင်များကို အများပြည်သူ လူစည်ကားသော ၊ သွားရေးလာရေးအဆင်ပြေသည်. မြို.လည်ကောင်လမ်းဆုံလမ်းမများးတွင်ထားပေးခြင်းဖြစ်သည် ။ ဥပမာ ဖ.ဆ.ပ.လ အစိုးရလက်ထက်က ဟစ်တိုင်ကို မဟာဗန္စုလပန်းခြံထဲတွင်ထားရှိပေးခဲ.ပါသည် ။ မည်သည်.နိုင်ငံမှ ပြည်သူ.ဟစ်တိုင်ဆိုသော လွတ်လပ်စွာပြောခွင်.ရသည်.နေရာကို မြို.လည်ကောင်နှင်.အလှမ်းဝေးသောချောင်ထဲသို.မပို.ပါလေ ။ နောက်တစ်ချက်မှာ လွတ်လပ်စွာပြောဆိုခွင်.ကိုအားပေးလိုသောဒီမိုကရေစီအလေ.အထကိုမွေးမြူပေးခြင်းဖြစ်ရာ ဟစ်တိုင်မှန်လျင်မည်သည်.နိုင်ငံတွင်မှကြိုတင်ခွင်.ပြုချက်တောင်းခံရသည်ဟုမကြားဖူးချေ ။ ဟစ်တိုင်ဆိုသည်မှာမိမိရင်ထဲအသည်းထဲမှပြောချင်စိတ်ပေါက်လာသောစကားများကို အတားအဆီးမရှိချက်ချင်းရင်ဖွင်.ပြောဆိုခြင်းဖြစ်ရာ ကြိုတင်ခွင်.ပြုချက်တောင်းနေရလျင် ဟစ်တိုင်ဟုခေါ်ဆိုနိုင်တော.မည်မဟုတ်ချေ ။ တစ်ကိုယ်တော်ဆန္ဒပြ ၊ ဟောပြောသလိုသာရှိနေပေလိမ်.မည် ။ သူဘာပြောရမည် ၊ဘာမပြောရဟုချုပ်ချယ်ခြင်းမှာလည်းဟစ်တိုင်၏တကယ်. အနှစ်သာရမဟုတ်ချေ ။ဟစ်တိုင်ဆိုလျင်

(၁) မြို.လည်ကောင်တွင်ရှိရမည်

(၂) ကြိုတင်ခွင်.ပြုချက်မလိုပဲပြောနိုင်ရမည်

(၃) မိမိစိတ်ထဲရှိသမျှကိုဆင်ဆာမဖြတ်ပဲလွတ်လွတ်လပ်လပ်ပြောနိုင်ရမည် ။

ထိုမှသာဟစ်တိုင်အစစ်ဟုခေါ်ဆိုနိုင်ပေမည် ။ အကန်.အသတ်အချုပ်အချယ်များလွန်းပြီး မြို.စွန်လူမရှိသောနေရာသို.ပို.ထားသောဟစ်တိုင်ကားး ဒီမိုကရေစီအတု ၊ဟစ်တိုင်အတုသာဖြစ်ပေ၏ ။ အကြောင်းကြုံကြိုက်သဖြင်.ကျွန်တော်ကြုံတွေ.ဖူးခဲ.သော ဒီမိုကရေစီဘိုးအေနိုင်ငံကြီးဖြစ်သည်. အင်္ဂလန်နိုင်ငံ လန်ဒန်မြို.မှ Speaker’s Corner ခေါ် ပြည်သူ.ဟစ်တိုင်အကြောင်းကိုပြန်ပြောင်းပြောဆိုရပေအံ.။

ဟိုဒ်ပါတ်ခ် ( Hyde Park ) ဥယျာဉ်သည် လန်ဒန်တွင်အလွန်ကျော်ကြားသောနေရာဖြစ်၍ ထိုနေရာသို.ကျွန်တော်သည် ၁၄.၇.၂၀၀၆ ခုနှစ်ကရောက်ရှိခဲ.ဖူးပါသည် ။ ဥယျာဉ်ကြီးကားတစ်ချိန်က အဌမမြောက် ဟင်နရီဘုရင်ပိုင်သောကိုယ်ပိုင်အမဲလိုက်ဥယျာဉ်ကြီးဖြစ်သည် ။အတော်လည်းကျယ်ဝန်းသည်။ဥယျာဉ်ဝင်ပေါက်၌စုပေါင်းစိုက်ပျိုးထားသောသစ်ပင်ကြီးများ ၀န်းရံထားသောလျှောက်လမ်းကလေးကိုတွေ.တော.နှစ်သက်စရာပင် ။အတွင်းသို.၀င်သွားတော. သစ်ပင်ပန်းပင်သိပ်မရှိပဲ ကုန်းပြောင်ပြောင်တွေသာအတွေ.များသည် ။ဆာပင်တိုင်း ( Serpentine ) ဟုခေါ်သောလှပသောရေကန်ကလေးကားရှိ၏။ကန်ကိုသာယာလှပစွာပြုပြင်ထားသည် ။ဘဲငန်းကလေးတွေလည်းရေထဲ၌ကူးခတ်နေကြသည် ။ ကျွန်တော်သည်မြန်မာပြည်အနှံရောက်ဖူးသူဖြစ်ပြီးစိန်းလန်းစိုပြေသောနိုင်ငံမှလာခဲ.သူဖြစ်ရာအင်္ဂလိပ်တို.၏ ဟိုဒ်ပါတ်(ခ်)မှာမြန်မာပြည် ၊ပြင်ဦးလွင်မှရုက္ခဗေဒဥယျာဉ်ကို မမှီဟုရဲရဲကြီးပြောဝံ.ပါသည် ။ သစ်ပင်၊ ပန်းမာလ်ရှားပါးသောအရပ်မို.သာ ဤဥယျာဉ်ကြီးကျော်ကြားနေခြင်းဖြစ်ဟန်တူပါသည် ။အရွယ်ပမာဏကား ဗန္စုလပန်းခြံ၏ ဆယ်ဆခန်.ရှိပေလိမ်.မည် ။

ဟစ်တိုင် (ခေါ်)စကားပြောသူတို.၏နေရာ ( Speaker’s Corner )

ယခင်ကကြားဖူးပေါင်းများပြီး တစ်ခါမှမမြင်ဖူးသော Speaker’s Corner ခေါ်တစ်ကိုယ်တော်ဟောပြောပွဲများကိုလည်း မျက်မြင်ကိုယ်တွေ.လေလာခဲ.ရ၏။ မည်သူမဆို ကြိုတင်ခွင်.ပြုချက်တောင်းစရာမလိုပဲ သတ်မှတ်ထားသော ခုံလေးပေါသို.တက်ကာ ကိုယ်.စိတ်ထဲရှိတာကိုအားရပါးရပြောနိုင်၏ ။ ဆဲစရာရှိလျင်ဆဲနိုင်၏ ။ မကြေနပ်တာရှိလျင်ဖွင်.ချနိုင်၏ ။မည်သူကမျှအရေးယူလိမ်.မည်မဟုတ်။ နားထောင်သူများကလည်းတကယ်တမ်းအလေးအနက်နားထောင်ကြခြင်းမဟုတ်အထူးအဆန်းအပျော်အပျက်သဘောနားထောင်ကြခြင်းဖြစ်သည် ။ အချို.ကတော.တကယ်ပင်သမ္မတလောင်းကလူထုပရိသတ်ကြီး ကို နှုတ်ဆက်နေပုံမျိုးနှင်.အားရပါးရ ဒေါနှင်.မောနှင်. ပြောနေ၏ ။တနင်္ဂနွေနေ.တွင်ပုံမှန်အားဖြင်. စကားပြောသူများပိုများတတ်သည်ဟုသိရသည် (စကားပြောစင်မြင်.အသေးလေးမှာတစ်ခုသာမဟုတ် ကိုးခု ၊ဆယ်ခုခန်.ရှိပေသည်) ။ကျွန်တော်ရောက်သွားသောနေ.မှာသောကြာနေ.ဖြစ်၍ပြောသူနှစ်ဦးခန်.သာရှိသည် ။သူကခရာဇ်ယန်ဘာသာကောင်းကြောင်း ၊ယေရှုခရစ်သည်ဘုရား၏တမန်တော်မဟုတ် ၊ဘုရားသခင် ( God ) ပင်ဖြစ်သည် ဟုအထောက်အထားအကိုးအကားများနှင်.အာပေါင်အာရင်းသန်သန်ဟောပြောနေ၏ ။

ထိုသို.နားထောင်နေစဉ် ထိုတရားဟောဆရာနှင်.အပေါင်းပါဖြစ်ဟန်တူသော တရုတ်မတစ်ယောက်က ကျွန်တော်.ကိုပြုံးပြပြီး ဘယ်နိုင်ငံကလာတာလဲဟုမေးရာ ကျွန်တော်ကမြန်မာနိုင်ငံဟုဖြေလိုက်သည် ။ မြန်မာနိုင်ငံကထိုင်းစကားပြောလားဟုမေးသည် ။ မပြောဘူး ၊ မြန်မာက မြန်မာစာ ၊ မြန်မာစကားသီးသန်.ရှိတယ် ဟုပြောတော. ဒါဆိုခဏနေပါဦးဟုဆိုကာ သူ.မိတ်ဆွေအင်္ဂလိပ်ကြီးနှင်. တီးတိုးတီးတိုးလုပ်နေ၏ ။ခဏကြာတော.သီချင်းစာအုပ်အရွယ် စာအုပ်ပါးလေးတစ်အုပ်ကိုယူလာပြီး ကျွန်တော်.ကိုပေးရာ ကျွန်တော်.မှာအံ.သြလွန်းသဖြင်.ပါးစပ်အဟောင်းသားဖြစ်သွား၏ ။စာအုပ်ကလေးမှာ ဘာမှထူးဆန်းလှသည်မဟုတ်ပါ ။ခရစ်ယာန်ဓမ္မကျမ်းစာလေးသာဖြစ်သည်။သို.သော်မြန်မာဘာသာဖြင်. အကျအန ကွန်ပျူတာစာစီရိုက်နှိပ်ထား၏ ။ ရှေ.မျက်နှာဖုံး၌ မြန်မာဘာသာဖြင်.

“ ဘုရားသခင်၏ ဖြေပေးတော်မူချက် “ ဟုရေးသားထားသည် ။

အထဲမှာလည်းမြန်မာလိုပင်ရေးသားထား သည် ။ရေခြားမြေခြား အင်္ဂလန်လို နိုင်ငံတစ်ခုဝယ် မိမိစာ ၊မိမိစကားကို နိုင်ငံခြားသားက တခုတ်တရ ရေးသားပြန်ဆိုထားတာတွေ.ရတော. သူတို.ဘာသာကိုမယုံလင်.ကစား အတော်တော.အံ.သြလေးစားမိပါသည် ။ဘာသာပြန်.ပွားရေးအတွက် ကမ္ဘာလှည်.ခရီးသည်တို.ဆုံရာ ဟိုဒ်ပါတ်အထိလာရောက်စည်းရုံးကြသည်ပဲ ။ဘာသာပေါင်း (၁၅၀)ခန်.ဖြင်.ပြန်ဆိုထားသောစာအုပ်များသူတို.ဆီမှာရှိသည်ဟုသိရသည် ။ထိုအထဲမှာမြန်မာပါနေတာတစ်မျိုးဂုဏ်ယူရပေသည် ။ ဤကားကျွန်တော်ကြုံရသော အင်္ဂလန်နိုင်ငံမှ Speaker’s Corner ခေါ် ပြည်သူ.ဟစ်တိုင်ပေတည်း ။

ထို.ကြောင်.ကောက်ချက်ဆွဲနိုင်သည်မှာ ပြည်သူ.ဟစ်တိုင်မှန်လျင် လူစည်ကားရာ (ရန်ကုန်မြိုလည် မဟာဗန္စုလပန်းခြံလို) နေရာတွင်ရှိရမည် ။ စကားပြောလိုသူသည် ကြိုတင်ခွင်.ပြုမိန်.တောင်းစရာမလိုပဲ လွတ်လွတ်လပ်လပ် ချက်ခြင်းတက်ပြောခွင်.ရှိရမည် ။ ဘာအကြောင်းအရာကိုပြောပါ ၊ဘာအကြောင်းကိုပြောခွင်.မရှိဟုကန်.သတ်ချုပ်ခြယ်မှုမလုပ်ရ ။ လိုအပ်ပါကစာရွက်စာတန်းလွတ်လပ်စွာဝေငှခွင်.ရှိရမည်ဟုအဖြေထွက်ပါသည် ။ မြန်မာနိုင်ငံတွင်ဟစ်တိုင်လုပ်မည်ဆိုသော် ထိုအချက်များနှင်.ကိုက်ညီမှလုပ်ပါ ။ တောမရောက်တောင်မရောက် အမည်ခံသက်သက် ဟစ်တိုင်အတု ၊ဒီမိုကရေစီအတုတော.ဟန်ပြသက်သက်မလုပ်ကြပါနှင်.ဟုတိုက်တွန်းရေးသားလိုက်ရပေသည် ။

သရ၀ဏ်(ပြည်)


0 comments:

Post a Comment

Facebook Like Page