နှလုံးသားတွင် ကမ္ပည်းတ်င်(ဖြစ်ရပ်မှန်)်
..............................................
ကျောက်ဖြူမြို့နယ် ဇင်ချောင်းရွာလေး။ ကာလကား ၁၉၉၅နှစ်များကာလ။ ရွာလေးသည် ယခုကဲ့သို့ တိုးတက်မှုမရှိသေး။ စာသင်ကျောင်းရယ် မရှိသေး။ ရွာငယ်၆ရွာ စုပေါင်းပြီး ဇင်ချောင်းရွာဟု သမုတ်ခဲ့သည်။
ထိုရွာအပြင်ဘက်တွင် ဒေါ်ဖြူမ ဟုခေါ်သော အသက်ကြီးကြီး အမျိုးသမီးတစ်ဦးရှိလေသည်။ အမည်ကဖြူမဆိုသော်ငြား ကလေးများပါးစပ်တွင်ကား ဒေါ်အိုစာဟုသာ ခေါ်ကြသည်။ အဘယ်ကြောင့်နည်း။ သူမ၏ အိုစာသောရုပ်ရည်။ မဲသောအသား။ အကျည်းတန်သောရုပ်။မျက်နှာ၏ အမာရွတ်။ ကိုင်းသောခါးများက သူမကို အမည်တွင်စေခဲ့သည်။ အမျိုးသားရယ်မရှိ။ သားသမီးမရှိ တစ်ကောင်ကြွက်ဘ၀ဖြင် ခြံသီးနှံစိုက်ပျိုးရင်း အသက်မွေးသော်ငြား စီးပွားရေးအဆင်မပြေသဖြင့် ဘုန်းကြီးကျောင်းမှ ကျွေးမွေးနေရသည်။ အဘယ်ကြောင့်နည်း သူမကိုရပ်ရွာက စုန်းမကြီးဟု သမုတ်ကြသည်။ သူမ၏ဘ၀ကား အထီးကျန်။
တစ်နေ့တော့ ရွာကိုဆရာဝန်လေးတစ်ဦး ရောက်လာပါတယ်။ နာမည်ကား ဒေါက်တာဦးခင်တင်(အမည်မှန်)။ တစ်ရွာလုံး ပျော်ကြသည်။ အချို့က ဆရာဝန်ဆိုတာဘာကြီးလဲဟု လာကြည့်ကြသည်။ ဆရာဝန်မှာ ဆေးပညာတွင်တော်သလို လူမှုဆက်ဆံရေးလည်း တော်သဖြင့် အချိန်တိုအတွင်း ရပ်ရွာ၏မိခင်ဖခင်သဖွယ် လေးစားလာကြသည်။
တစ်နေ့ ဆရာတော်ကျောင်းရောက်တော့ ဒေါ်ဖြူမကို တွေ့လေသည်။ သူမကား တဘက်ကြီး ခြုံထားသည်။ ဆရာတော်ကမိတ်ဆက်ပေးသည်။ ဆရာကလည်း ရိုရိုသေသေရင်းနှီးစွာ ဆက်ဆံလေသည်။ ပြန်တော့ ရွာကလူအချို့က ဆရာသတိထားနော် ဒီအဖွားကြီးက ပညာတတ်တယ်။တော်ကြာ ဆရာပြုစားခံနေရဦးမယ်။ ဟိုတစ်လောက သူ့ခြံထဲခိုးဝင်လို့ဆိုပြီး မြွေခြောက်နဲ့တိုက်တာ ကလေးတစ်ယောက် ဆုံးသွားတယ်။ တစ်လောကလည်း သူ့ခြံဝမှာ အလေးသွားတော့ နာနာဘ၀တွေက သစ်ကိုင်းနဲ့ပသ်လို့ လူသေဖူးတယ်။ ရွာကမကြည်ပေမယ့် ဆရာတော်ကိုကြောက်လို့ ငြိမ်နေရတယ်ဆရာ။သူ့လက်တွေ နှာခေါင်းတွေဆို ပညာမြင့်လို့တိုလာတာလို့ ပြောကြတယ်။ ရွာထဲကကလေးတွေဆို သူ့မြင်တာနဲ့ ပြေးတော့တာဆရာ။
တစ်နေ့ဆရာလေး လမ်းလျှောက်ရင်း သူမ၏ခြံဘက်ရောက်လာလေသည်။ ဒေါ်ဖြူကခြံက အေးပြီး သီနှံစားပင်စုံလင် သဖြင့်ဝင်လည်လေသည်။ နောက်ကလိုက်လာသော ရွာသားကားမျက်နှာပျက်ပျက်နှင့်။ ဒေါ်ဖြူမက ရေနွေးနှင့် ဧည့်ခံလေတော့မှ သူမ၏လက်ကို သတိထားမိကာ မေးမြန်းစမ်းသပ်ကြည့်တော့မှ သူမ၀ယ်အနာကြီးရောဂါ ခံစားနေရကြောင်း သိရသည်။ ဒါကို ရွာကမသိ။ သနားဖို့ကောင်းလေစွ။ သူမအား စုန်းမဟုသာထင်နေကြသည်။ ရပ်ရွာကို ပြောပြသော်လည်း ယုံတစ်ဝက် မယုံတစ်ဝက်။ ရွာ၏သဘောကား ပါးစပ်ရာဇ၀င်ကို အဟုတ်ချဲကြသည်။
ဆရာလေးသည် သူမအား စေတနာဖြင့်ကုသပေးလေသည။ သူမကလည်း ကျေးဇူးတင်သဖြင့် ခြံထွက်သီးနှံ့လေးများဖြင့် ကန်တော့လေသည်။့် ရပ်ရွာကတော့ ဆရာလေးအားသနားကြသည်။ ဆရာတော့ပြုစားခံရတော့မယ်။
တစ်နေ့တော့ ဆေးရုံကိုရွာကအမျိုးသမီး လူနာတစ်ဦးရောက်လာလေသည်။ လူမှာ ပိန်ဆင်းလာပြီး ဗိုက်အောက်သည်ဟုပြောသည်။မျက်လုံးလည်းပြူးလာလေသည်။ ဗိုက်မှာ ထိုကဲ့သို့ မကြာမကြာအောင့်တတ်သည်ဟု ပြောသည်။ ဗိုက်စမ်းလိုက်တော့ ဘယ်ဘက်ခြမ်းနားမှာ အလုံးတစ်လုံး။Ectopicထင်ရ် ဆီးစစ်ကြည့်သော်လည်း ကိုယ်ဝန်မရှိ။ သူမကိုမေးကြည့်တော့ ဒေါ်ဖြူမခြံထဲက ဒူးရင်းသြဇာ ခိုးစားပြီးကတည်းက မကြာမကြာအောင့်တတ်ကြောင်း ပြောလေသည်။ သူမပြုစားတာအထင်နှင့် ပယောဂနှင့် ကုနေရာမှ မသက်သာသဖြင့် ဆေးရုံလာရကြောင်း ပြောလေသည်။ ဆရာလေးကား ဟက်ဟက်ပက်ပက်ရယ်လေသည်။
နောက်တစ်နေ့ ကျောက်ဖြူက ဆရာသူငယ်ချင်း ဒေါက်တာတစ်ယောက်ရောက်လာတော့ သူတ်ု့နှစ်ယောက် တိုင်ပင်ပြီး ခွဲစိတ်ခန်းဝင်ကြသည်။ ဗိုက်ထဲက အလုံးတစ်လုံးထွက်လာသည်။ ခွဲကြည့်လိုက်တော့ အထဲမှာ ဆံပင်တွေ၊သွားတွေ၊ အလုံးတွေအများကြီး။ တစ်ရွာလုံး နေ့တွင်းချင်း အုတ်အော်သောင်းနင်း ဖြစ်သွားသည်။
ညနေရောက်တော့ ကပ္ပိယကြီးရောက်လာပြီး ဆရာရေလုပ်ပါဦး ရွာကလူတွေ ဒေါ်ဖြူခြံကို မီးရှိုမလို့ လုပ်နေကြတယ်။ လူနာရဲ့ အစ်ကိုတွေပေါ့။ ခုဆရာတော် ခေါ်ခိုင်းလိုက်လို့။ ဆရာလေးပြေးလိုက်သွားသည်။
ဟိုရောက်တော့ တဲအိမ်လေးမှာ ပြားပြားဝပ်။ ဒေါ်ဖြူမကို ကြိုးတုပ်ထားသည်။ ဆရာ့ကိုမြင်တော့ ဒေါ်ဖြူမ ၀မ်းသာသွားပြီး အားကိုးတကြီး ဆရာရယ် ကျွန်မကို ကယ်ပါဦး ကျွန်မဘာမှ မလုပ်ရပါဘူးဟု ပြောလေသည်။
ဆရာလာတော့ အားလုံးငြိမ်သွားကြသည်။ သူ့ကိုကြိုးဖြေပေးတော့ ရွာသားတစ်ယောက်က ဆရာသူ့ကိုလွှတ်ထားရင် နောက်ပြုစားနေမှပဲ။ ဆရာရပ်ရွာကိစ္စမှာ ၀င်မပါပါနဲ့။ ဆေးပဲအေးအေးဆေးဆေးကုပါ။
ခင်ဗျားတို့က လူကြီးတစ်ယောက်ကို မစာမနာဗျာ ပြောတော့ ဆရာသိပါတယ်။သူလုပ်လို့ ညီမလေးဗိုက်ထဲမှာ ဆံပင်တွေ၊သွားတွေ၊အလုံးတွေ ရောက်နေတာ။ရွာကမသန့်တော့ဘူးဆရာ။ ရွာကိုသန့်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။
ဒီတော့ဆရာက သက်ပြင်းချပြီး ဒါကရောဂါဗျ။ဆေးပညာအရ Dermoid cystခေါ်တယ်။ Teratoma တစ်မျိုးပေါ့။ သူ့ဖွဲ့စည်းတည်ဆောက်ပုံက သားတွင်းတစ်ရှူးမျိုးစုံလို့ ဒီလိုအမွှေးတွေသွားတွေထွက်နေတာ။ရောဂါပဲဗျ ဗျ ပြောလေတော ကျွတါကျွတ်ညံသွားသည်။ဟာဆရာကလည်း မဖြစ်နိုင်တာဗျာ။ ဗိုက်ထဲကို ဘယ်လိုလုပ်အမွေးတွေရောက်ရမှာလည်း သူပြုစားလို့သာပေါ့။ ဒါရောဂါပါလို့ ပြောပြီးဆရာကအိမ်က ဆေးစာအုပ်ယူပြလေသည်။ ပုံတွေကြည့်ပြီး တစ်ယောက်တစ်မျိုးပြောနေကြသည်။ ဆေးစာမသိပဲ မဖြစ်နိုင်တဲ့။ ဆရာလေးခဗျာ အသိပညာဗဟုသုတအားနည်းသော ရွာခံလူများကို တော်တော်ရှင်းယူနေရသည်။
ဒါဆို မြွေခြောက်ကိုက်တာကကော....သူ့ခြံကအေးတော့ နွေရာသီဆို မြွေခိုတာပေါ့ ခြုံလည်းထူတာကိုး ဒါကြောင့်ပါ။ သစ်ကိုင်းပိတာက သူကသစ်ကိုင်းခြေက်အောက်မှာ ထိုင်သွားတုန်းအခန့်မသင့်လို့ သစ်ကိုင်းက်ျုးကျသေတာပါ။ခုဟာကလည်း ရောဂါတစ်မျိုးပါ။ သူမကစုန်မ မဟုတ်ပါဘးဗျာ။သူမက အနာကြီးရောဂါသည်တစ်ဦးပါ။ ခုဆေးပုံမှန်သောက်တော့ သက်သာနေပါပြီ။ ကျွန်တော်ရွာကို မေတ္တာရပ်ခံပါရစေ။ သူမကိုးကူညီပါ။ပစ်မထားကြပါနဲ့.....။ ဒေါ်ဖြူမကား ၀မ်းနည်းမျက်ရည်သွင်သွင်ကျလျက်။
မကြာပါ ဒေါ်ဖြူမတဲလေးလည်း ပြန်လည်တည်ဆောက်ပြီးလေသည်။ရောဂါလည်း သက်သာလာသဖြင့် ရွာလူထုနှင့် အဆက်အစပ်ရှိလာသည်။ သူမပြင်သော ထမင်းကို သူတို့လေးစား သောဆရာဝန်တစ်ဦးက့ စားသဖြင်၊ သူမကလည်းရပ်ရွာရေးတွင် ပါဝင်လာသဖြင့် သူမအားပြန်လည်ယုံကြည်လာလေသည်။ဆရာလေးကလည်း သူမဘက်မှမားမားမတ်မတ် ရပ်တည်ပေးသည်။ ယခုတော့ သူမအထီးမကျန်တော့ပါ။ သူမ၏ ခြံမှာလည်း ရပ်ရွာအကျိုးဖြင့် ရှင်းလင်းပြီး ကလေးများဝင်ထွက်ဆော့ကစားနေလေပြီ။ ခုတော့ ဒေါ်ဖြူမတသ်ယောက် ပြုံးပျော်နိုင်ပါပြီ။
၁၉၉၈ ရောက်တော့ ဆရာဦးခင်တင် ပြောင်းရွှေ့သွားသည်။ တစ်ရွာလုံး ၀မ်းနည်းမဆုံး။ ဒေါ်ဖြူမဆိုလျှင် အကြိမ်ကြိမ် ကန်တော့လေသည်။ဆရာက တားလည်းမရ။ သူမ၏ ကျေးဇူးရှင်တဲ့။ ခုတော့ရွာလေးကား တော်တော်စည်နေပေပြီ။ဆရာပြောင်းရွှေ့သွားသော်လည်း သူ၏ပုံရိပ်တွေကား ရွာ၏ျကျာက်စာတိုင်လို ယနေ့ထိသင်းပျံ့နေဆဲ။ ကာလတ့ ဓိုညောင်းသွားသော်လည်းသူ၏ စေတနာ တွေကားရွာလူထု၏ ပါးစပ်ဖျားဝယ် နှလုံးသားဝယ်ထာဝစဉ်ထင်ဟပ်နေပေတော့သည်။ဘယ်သူပြိုင်လို့ လှနှိင်တော့မည်နည်း။ ။
(မှတ်ချက်။ ။ဆရာ့ကို ၂၀၁၀လောက်က ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးတွင ဆေးရုံအုပ်ကြီးအနေဖြင့် House ဆင်းတော့တွေ့လိုက်မိပါသည်။ ယခု ဘယ်မှာမပြောတတ်ပါ။Dr.ဦးခင်တင်အား ဘ၀၏Roll Modelအဖြစ် ထာဝစဉ်လေးစားမိပါသည်။ ငယ်စဉ်က မသိခဲ့ပေမယ့် ကိုယ်ဆရာဝန်ဖြစ်တော့မှ ရွာကဖြစ်စဉ်ကို သုံးသပ်မိရာ ပြန်လည်တင်ဆက်လိုက်ပါသည်။ စာဖတ်သူများ ဗဟုသုတရစေရေး Dermoid cyst ၏ပုံနှင့် အဓိပ္ပါယ်ပါ ပူးတွဲဖော်ပြလိုက်ပါသည်)
လေးစားလျက်....Dr.မင်းလုလင်

ပြည်သတင်းလူငယ်(ပြည်သတင်း)
့
့
0 comments:
Post a Comment