Saturday, May 17, 2014
သရေခေတ္တရာအစ ဖိုးဦးတောင်က(ဖိုးဦးတောင် ဘုရားသမိုင်း) *********************************** အပိုင်း...(၄)
သရေခေတ္တရာအစ ဖိုးဦးတောင်က(ဖိုးဦးတောင် ဘုရားသမိုင်း)
***********************************
အပိုင်း...(၄)
ဂေါတမမြတ်စွာဘုရား၏ ဥဏ္ဏလုံမွေးရှင်တော်/ကုမုဒ/ပဒုမ/ပုဏ္ဍရိက/သုပုပ္ပိတ/ လေးမည်ရသော မွေးညင်းတော်များဌာပနာ၍တည်ထားကိုးကွယ်တော်မှုအပ်သော ပဲခူးတိုင်းဒေသကြီး(နောက်)
ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွာသာယာအုပ်စုတွင် တည်ထားကိုးကွယ်တော်မှုတော်သော ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်သမိုင်းအား ၁။စေတိယပကာသနီကျမ်း/၂။မြန်မာရာဇ၀င်ပေါင်းချုပ်/
၃။မြန်မာ့စွယ်စုံကျမ်း/၄။မှန်နန်းရာဇ၀င်/၅။ရွှေဆံတော်သမိုင်း စုစုပေါင်းကျမ်းတော်ကြီး(၅)ကျမ်းမှ ကိုးကားရေးသားတော်မှုခဲ့သော ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပန်းတောင်းမြို့နယ်
ရွာသာယာအုပ်စု ဘဒ္ဒန္တ ရာဇိန္ဒ (တောင်တော်တာဝန်ခံဆရာတော်) ဖိုးဦးတောင်ကျောင်းတိုက် ဖိုးဦးတောင်ဘုရားပဓာနနာယက ဆရာတော်ကြီးရေးသားခဲ့သော ဖိုးဦးတောင်ဘုရားသမိုင်းစာအုပ်အား
ပြည်သတင်းလူငယ်(ပြည်သတင်း) မှ ပြန်လည်ကူးယူရေးသားဖော်ပြခဲ့ပါသည်။
စေတီတည်ရန် ဘုရားရှင် ဗျာဒိတ်ပေးခြင်း
**************************
ထိုအခါဧရာပထနဂါးမင်းသည် မြတ်စွာဘုရားအား (အရှင်ဘုရား အကျွန်ုပ်တို့၏ နေရာဖြစ်သော ယူဇနာရှစ်သောင်းလေးထောင်နက်သော မဟာသမုဒ္ဒရာ ၌ရတနာအမျိုးမျိုး ချယ်စီသာ ကြီးစွာသော
စေတီကြီးကို တည်ထားကိုးကွယ်ပါအံ့)ဟုလျှောက်ထားတောင်းပန်သော် ဘုရားရှင်က (နဂါးမင်း ငါ၏ဆံတော်မြတ်ကို သင်တို့နဂါးပြည်တွင် စေတီတည်၍ ထားသော် အမျိုးလေးပါးတို့သည်ကိုး
ကွယ်ခြင်းကိုမရ လူ့ပြည်၌ပင်လျှင် စေတီတည်အပ်၏)ဟုအမိန့်ရှိလျှင် နဂါးမင်းကလည်း(လူတို့ပြည်တွင် အဘယ်မည်သောအရပ်၌ တည်ထားရပါအံ့နည်း)ဟုလျှောက်ထားပြန်၏ မြတ်စွာဘုရား
လည်း ရှေး၌နေခဲ့ဖူးသော ဘ၀အစဉ်ကို ပုဗ္ဗေနိဝါသဥာဏ်တော်ဖြင့် ဆင်ခြင်တော်မှုပြီးလျှင် နောက်နောင်သောအခါ၌ သာသနာငါးထောင် တည်အံ့သည်ကို အနာဂတံသဥာဏ်တော်ဖြင့် ဆင်ခြင်
တော်မှုပြန်သည်ရှိသော်(သုဒဿနဂီရိမည်သောတောင်သည် ရှေးနောင်တော်ဘုရားတို့၏ ပရိဘောဂ စေတီတည်ရာဖြစ်ပေသည်)ဟုမြင်တော်မှု၏ ထို့နောက် ဆင်ခြင်ပြန်တော် ကကုသန် မြတ်စွာ
ဘုရား၏ ဒုကုဋ် သင်္ကန်းတော်၊ကောဏာဂုံ မြတ်စွာဘုရား၏ အံသကိုဋ် သင်္ကန်းတော်၊ကဿဖ မြတ်စွာဘုရား၏ ခါးပန်းတော်တို့ကိုဌာပနာတော်မှု၍ သာသနာတော်အဓွန့်ရှည်စွာ တည်မည်ကိုလည်း
မြင်တော်မှု၏ ။ ထိုမှတပါး ငါဘုရားအလောင်းတော်သည် ဖွတ်မင်း၊ယုန်မင်း၊ကြက်မင်း၊ဟင်္သာမင်း အဖြစ်တို့၌ ထိုသုဒဿနဂီရိမည်သော တောင်၌ နေခဲ့ဘူးသည်ကိုမြင်တော်မှု၍ (နဂါးမင်း ဤနေ့မှ
စ၍ ငါးဆယ့်ကိုး(၅၉)ရက်ရောက်လျှင် အဇ္ဇိက၊ဘလ္လိက ကုန်သည်ညီနောင်နှစ်ယောက်တို့သည် ရောက်လာလတ္တံ့ ထိုသူနှစ်ယောက်တို့အား ဆံတော် မွေးရှင်တော် စသည်တို့ကိုပေးအပ်ပြီးလျှင်
ထိုသူနှစ်ယောက်တို့နှင့်တိုင်ပင်၍ သုဒဿနဂီရိတောင်၌ တည်ထားကိုးကွယ်လေ)ဟုမိန့်တော်မှု၏။ သမ္ဘူလဘီလူးကလည်း(အရှင်ဘုရား တပည့်တော်သည် ဥဏ္ဏလုံ မွေးရှင်တော်နှစ်ဆူ၊သုပုပ္ဖိတ
မွေးရှင်တော်နှစ်ဆူတို့ကို ဤသီဟပဗ္ဗတမည်သော ဖိုးဦးတောင်၌ ကိုးကွယ်ပါအံ့)ဟုလျှောက်ပြန်လေ၏။ မြတ်စွာဘုရားရှင်တော်မြတ်ကလည်း (သမ္ဘူလဘီလူးမင်း ဤသီဟပဗ္ဗတမည်သော ဖိုးဦး
တောင်သည် ငါဘုရား ခြင်္သေ့မင်းဖြစ်စဉ်က နေခဲ့ဖူးသောတောင်မြတ်တည်း။ သင်လျှောက်ထားသည့်အတိုင်း သုပုပ္ဖိတမွေးရှင်းတော်၊ဥဏ္ဏလုံမွေးရှင်တော်၊ရင်အုပ်၌ဖြစ်သော သက္ကဿမကုဋမွေး
ရှင်တော်၊လက်ခုံ၌ဖြစ်သော သာရစိန္တ မွေးရှင်တော်၊ခြေဖမိုးတော်၌ဖြစ်သော မာရဘင်္ဂ မွေးရှင်တော် ဤမွေးရှင်တော်များကို သီဟပဗ္ဗတ မည်သော ဖိုးဦးတောင်ထိပ်၌ စေတီတည်ထားကိုးကွယ်လေ)
ဟုမိန့်တော်မှု၏။
အမှာ။ ။ သုဒဿနဂီရိတောင်၌ တည်ထားသောစေတီကား ယခုတည်ရှိသော ရွှေဆံတော်စေတီပင်တည်း။ ဖိုးဦးတောင်ထိပ်၌ တည်ထားသောစေတီကား ယခုရှိသော ဖိုးဦးတောင်စေတီ
ပင်တည်း။ ထိုအကြောင်းသည် ရှေ့၌ထင်ရှားလတ္တံ့။
မြတ်စွာဘုရားသည်လည်း ရုက္ခစိုး၊ဘုမ္မစိုး၊အာကာသစိုးနတ်တို့နှင့်တကွ ဘီလူး၊နဂါးအပေါင်းတို့ကို သရဏဂုံ ပဉ္စသီ၌ တည်စေပြီး ဥရုဝေလ တော၌ရှိသော ဥရုဝေလ ကဿပညီနောင်သုံးယောက်
တို့ကို ချွတ်တော်မှုခြင်းငှာ ပြန်ကြွတော်မှုလေ၏။
ဆက်လက်ဖတ်ရှုပေးပါရန်(မျှော်........)
ပြည်သတင်းလူငယ်(ပြည်သတင်း)
ပြည်သတင်း
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364
— in Pyay.
0 comments:
Post a Comment