Tuesday, May 20, 2014

လူကုန်ကူးမှု ကာကွယ်ရေး ၊မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး ၊မှုခင်းကျဆင်းရေး ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ ******************************************************************** ပြည့်သဲမောင်(ပြည်)

Leave a Comment
လူကုန်ကူးမှု ကာကွယ်ရေး ၊မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး ၊မှုခင်းကျဆင်းရေး ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ  
****************************************************************
ပြည့်သဲမောင်(ပြည်)

 ယမာန်နေ့ ည(၇း၀၀)အချိန် ပြည်မြို့ ဆံတော်နယ်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လူကုန်ကူးမှု ကာကွယ်ရေး ၊မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး ၊မှုခင်းကျဆင်းရေး ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ရာ ဟောပြော ပွဲသို့ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဦး ၊ပြည်မြို့မရဲစခန်းမှခေတ္တစခန်းမှူး ဇင်မင်းဦး ၊ပြည်ခရိုင် လူကုန်ကူးမှုတာဆီးကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ရဲဝင်းနိုင် ၊ပြည်မြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ဇော်မင်းနိုင် ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်နိုင်နှင့်ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၈၅)ဦးခန့်တက်ရောက်ခဲ့ကြသည်။ ဟောပြောပွဲတွင် ပြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦးမှ မှုးယစ်ဆေးဝါးအန္တရယ် တားဆီးကာကွယ်ရေးအသိပညာ ပေးဟောပြောခြင်း၊ပြည်မြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ်ဇင်မင်းဦးမှ မှုခင်းကျဆင်းရေး အသိပညာပေးဟော ပြောခြင်း၊ပြည်ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေး တပ်စိတ်မှူး ရဲအုပ်ရဲဝင်းနိုင်မှလူကုန်ကူးမှုတားဆီးကာ ကွယ်ခြင်း လူကုန်ကူးခံရပါကမည်သို့ဆောင်ရွှက်ရမည်ကိုအသေးစိတ်ရှင်းလင်းခြင်း၊နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် ဇော်မင်းနိုင်မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်နိုင်မှ ရပ်ကွက်နေပြည်သူများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ(၉း၀၀)နာရီတွင် ဟောပြောပွဲပြီး ဆုံးခဲ့ကြောင်းသိရှိရသည်။ ပြည့်သဲမောင်(ပြည်) သတင်းနှင့်ဓါတ်ပုံ
တင်ဆက်သူ...ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page