အလီဘာဘာနှင်.ခိုးသားအသင်္ချေ
သရ၀ဏ်(ပြည်)
ဗုဒ္စဘာသာ၊ခရစ်ယန်ဘာသာ ၊ ဟိန္ဒူဘာသာ ၊ အစ္စလာမ်ဘာသာ ၊ စသော ကမ္ဘာပေါ်ရှိဘာသာကြီး လေးခုတွင် မည်သည်.ဘာသာကမျှ သူတစ်ပါးပစ္စည်းအားခိုးဝှက်ခြင်းကိုအားမပေးပေ ။ တားမြစ်ထားကြသည်သာဖြစ်သည် ။ဗုဒ္စဘာသာမြန်မာလူမျိုးများ ခါးဝတ်ပုဆိုးကဲ.သို.လိုက်နာစောင်.ထိန်းရသော ငါးပါးသီလ (ခေါ်) ပဉ္စသီလတွင် အဒိန္နဒါနာ ဟူသော သိက္ခာပုဒ်ပါဝင်ပါသည် ။ အနက်အဓိပါယ်မှာ အဒိန္နဒါနာ ၊ပိုင်ရှင်သည် ကိုယ်နှုတ်တို.ဖြင်.မပေးအပ်သော သူတစ်ပါးဥစ္စာကို ယူငင်ခြင်းမှ ဝေရမဏိ သိက္ခာပဒံ ၊ ရှောင်ကြဉ်ရာ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို သမာဒိယာမိ ဆောက်တည်ပါ၏ ဟူ၍ ဖြစ်သည် ။ ပိုင်ရှင်သည် ကိုယ်နှုတ်တို.ဖြင်.မပေးအပ်သောသက်ရှိသက်မဲ.ပစ္စည်းကို ခိုးယူခြင်း ၊ ဓားပြတိုက်ယူခြင်း ၊ အာဏာဖြင်.ယူခြင်း ၊ အလေးတင်းတောင်းချိန်ခွင်တို.ဖြင်.လိမ်လည်လှည်.စား၍ ယူခြင်း ၊ ရောင်းကုန်များ၌ ရေစသည်ရောနှော၍ရောင်းချခြင်း ၊ ဖျင်းအ သူတို.၏ပစ္စည်းကိုလိမ်ညာ၍ ယူခြင်း ၊ ခြောက်လှန်.၍ယူခြင်း ၊ နှိုက်၍ ယူခြင်း စသော မတရားရယူမှုအားလုံးသည် ခိုးယူခြင်းဖြစ်သည် ။ ထိုအဒိန္နဒါနအမှုကိုပြုသောသူသည်သေသောအခါ ငရဲ၌ဖြစ်ရသည် ။ ငရဲမှလွတ်၍ လူပြန်ဖြစ်ခွင်.ရလာလျင်သော်မှ
(၁) မွဲတတ်ခြင်း (၂) ကိုယ်စိတ်ဆင်းရဲခြင်း၊ (၃) ငတ်မွတ်ခြင်း၊ (၄) အလိုရှိသောအရာကိုမရခြင်း၊ (၅) ဥစ္စာပျက်စီးခြင်း၊ (၆) ရန်သူမျိုးငါးပါးဖျက်ဆီးခံရခြင်းစသောမကောင်းကျိုးများခံစားရသည်ဟု ဘုရားဟောလာရှိပေသည် ။
တစ်ဖန် ခိုးမှုကျူးလွန်ရာတွင် မည်သည်ကိုခိုးမှုဟုခေါ်ပါသလဲဟူသော အဒိန္နဒါန အင်္ဂါ (၅)ပါးလည်းရှိသေး၏ ။ ခိုးမှုမြောက်ရန်အောက်ပါအင်္ဂါ ငါးပါး (အချက်ငါးချက် ) နှင်.ကိုက်ညီရန်လို၏ ။
(၁) သူတစ်ပါး ဥစ္စာဖြစ်ခြင်း
(၂) သူတစ်ပါးဥစ္စာဟုသိမှတ်ခြင်း
(၃) ခိုးယူလိုသောစိတ်စေတနာရှိခြင်း
(၄) ခိုးယူကြောင်းဖြစ်သောကိုယ်နှုတ်လုံ.လ တစ်ခုခုကို ပြုလုပ်ခြင်း
(၅) ခိုးယူခြင်း တို.ဖြစ်ပါသည် ။
ငယ်စဉ်မှစကာ သူခိုးဟုဆိုလိုက်သည်နှင်.၊ အဒိန္နဒါန ဟုဆိုလိုက်သည်နှင်.ကျွန်တော်တို.မျက်စေ.ထဲ၌ ပြေးမြင်လိုက်သည်မှာ အ,ကာလညအခါတွင် မှောင်ရိပ်ခို၍ အိမ်များကိုဖောက်ထွင်းဝင်ရောက်မည်.လက်နက်ကရိယာများကိုကိုင်ဆောင်ထားသော မျက်နှာတွင်မျက်နှာဖုံးတပ်ထားသည်. ပုဆိုးခါးတောင်းကျိုက်ထားသော အင်္ကျီဗလာနှင်. လူတစ်ယောက်၏ ပုံသဏ္ဍန်ဖြစ်သည် ။ သူခိုးဆိုတာဒီလိုပုံမျိုး ၊ဒီလိုပုံဆိုလျင်သူခိုးဟုကျွန်တော်တို. အသိဥာဏ်ကလက်ခံထားခဲ.ကြသည် ။ သို.သော် အသိဥာဏ်အတော်အတန်ရင်.သန်လာ၍ လူ.ဘုံခန်းဝါလူတို.ရွာတွင် မာယာပရိယာယ်အတော်ကြွယ်လာသောအခါတွင်တော. သူတစ်ပါး၏ပစ္စည်းကိုခိုးယူနေသူတိုင်းမှာ ကျွန်တော်တို.မျက်စေ.ထဲတွင်စွဲနေသော သူခိုးတစ်ယောက်၏ပုံပန်းသဏ္ဍန်အတိုင်းထပ်တူမကျနိုင်တော.ပဲ ကွဲပြားခြားနားသောအသွင်သဏ္ဍန်ရှိကြောင်းလဲသိလာခဲ.ရပေသည် ။ အထူးသဖြင်. သန်းခြောက်ဆယ်သော နိုင်ငံတော်ပိုင်ပစ္စည်းများကို ကိုယ်.မိသားစုပိုင်သဖွယ် ခိုးကြ၀ှက်ကြ ကိုယ်.အတွက် ကဲ.ကြသော ပုဂ္ဂိုလ်များသည် ကာတွန်း ပန်းချီ ရုပ်ပြတွေထဲကသူခိုးတွေလို စုတ်ပြတ်သတ်မနေ ညသန်းခေါင်မှောင်ခိုကာ မျက်နှာဖုံးလည်းတပ်မထား ၊ နေ.ခင်းကြောင်တောင် Air Con ရုံးခန်းထဲမှာထိုင်ကာ တစ်ချို.က တိုက်ပုံအင်္ကျီ နှင်. မောင်.ကျက်သရေခေါင်းပေါင်းဆောင်းကာ ၊အချို.က ဒေါ်လာထောင်နှင်.ချီ၍ပေးရသော အနောက်တိုင်းဝတ်စုံများဝတ်ကာ နောက်ဆုံးပေါ်ဇိမ်ခံကားကြီးများဖြင်.သွားလာနေကြောင်း အမှန်ကို ပြက်ပြက်ထင်ထင်သိမြင်လိုက်ရပေတော.သည် ။ဤအကြောင်းကိုကဗျာဆရာမောင်ယဉ်မွန်ကလည်း
သူခိုးဖမ်းပါ
လမ်းကြားမှာလား
ပန်ကာအောက်တွင်ထိုင်နေသည်။
ဟုသုံးကြောင်းကဗျာစပ်ဆိုခဲ.ရာလူကြိုက်များခဲ.လေ၏ ။ယခုအခါ ပန်ကာခေတ်မဟုတ်တော.ပဲ သူခိုးသည် အဲကွန်းခန်းထဲတွင်ထိုင်နေသည်သာကွာခြားသွားတော.သည် ။ သူခိုး၏ပုံသဏ္ဍန်နှင်.အဓိပါယ်ဖွင်.ဆိုချက်များမှာလည်းများစွာကျယ်ပြန်.သွားချေပြီ ။ သို.သော် အဓိကအချက်ဖြစ်သော ခိုးမှုမြောက်စေသည်.အင်္ဂါရပ် (၅)ခုနှင်. ဆန်ခါချလိုက်သောအခါတွင်မူကားမည်မျှကြီးမားသောပုဂ္ဂိုလ်ကြီးပင်ဖြစ်စေ ခိုးသူမှန်ပါက ဆန်ခါ ငါးထပ်နှင်.စစ်လိုက်သောအခါ ကားယားကြီးမိနေပေတော.သည် ။ကြည်.ကြပါစို. ။
ခိုးမှုမြောက်ရန်နံပါတ်တစ် နှင်.နံပါတ်နှစ် လက္ခဏာလိုအပ်ချက်မှာ သူတစ်ပါးဥစ္စာဖြစ်ခြင်း ၊ သူတစ်ပါးဥစ္စာဟုသိခြင်း ဖြစ်ပါသည် ။ နိုင်ငံတော်ဘဏ္ဍာများကိုဘုံးကြသောလူများသည် မိမိခိုးလိုက်ဝှက်လိုက် စာရင်းလိမ်လိုက် ၊စာရင်းဖျောင်လိုက်သောပစ္စည်းများမှာ နိုင်ငံတော်ပိုင် ၊ပြည်သူလူထုသာပိုင်သောပစ္စည်းများဖြစ်သည်ကိုသိကြပါသည် ။ သူတို.သည်အရူးများမဟုတ်ကြသဖြင်. ဤ ပစ္စည်းများ ၊ဤဘဏ္ဍာငွေများမှာ နိုင်ငံပိုင်ဥစ္စာပစ္စည်းများ ၊ပြည်သူပိုင်ဘဏ္ဍာငွေများဆိုသည်ကိုသူတို.သိကြပါသည် ။မိုးပေါ်မှအလိုလိုကျလာသောပိုင်ရှင်မဲ.ပစ္စည်းများမဟုတ်ကြောင်းကိုသူတို.သိကြပါသည် ။ ဤသို.သိပါက ခိုးမှုကျူးလွန်ရန် အချက်နှစ်ချက်ပြည်.စုံပေပြီ ။တတိယအချက်မှာ ခိုးယူလိုသောစိတ်စေတနာ ရှိခြင်းဖြစ်ပါသည် ။စေတနာသည်ကံဖြစ်၏ဟုဘုရားဟောရှိပါသည် ။ခိုးယူလိုသော စိတ်ရှိမှသာ ရှေ.ဆက်၍ လက်တွေ.ခိုးကြမည်ဖြစ်ပါသည် ။ ထို.ကြောင်. ခိုးချင်စိတ်မရှိပဲခိုးမှုမမြောက် ၊ နိုင်ငံပိုင်ဘဏ္ဍာငွေများကိုယ်.အိပ်ထဲ ၊ကိုယ်.ဘဏ်စာရင်းထဲသို.ရောက်လာအောင်လုပ်ကြခြင်းမှာ ခိုးချင်စိတ် ပြင်းပြင်းထန်ထန်ရှိနေ၍ ဖြစ်ပါသည် ။ မခိုးချင်သူသည် စာရင်းမှားကာကိုယ်.ထံေ၇ာက်လာသည်.ငွေကိုပင်ပြန်ပေးပေလိမ်.မည် ။
အောက်ဆိုဒ်ဝင်တယ် ၊အောက်ဆိုဒ်ရတယ် ဆိုသောငွေများ ၊ နားလည်မှုဖြင်.ပေးသည် ၊ နားလည်မှုဖြင်.ဂါရ၀ပြုသည် ၊ လုပ်ငန်းအောင်မြင်စေရန် ကန်တော.သည်ဟူသောငွေများအားလုံးသည် ခိုးရာပါငွေများပင်ဖြစ်သည် ။ ထိုသို.ဂါရ၀ငွေကိုလက်ခံခြင်း ဝေစုယူခြင်း ၊ ဖြတ်ဘုံးခြင်း ၊ နိုင်ငံတော်စီမံကိန်းများတွင်အသုံးပြုရမည်.ဘဏ္ဍာငွေများကို မိမိအတွက်ကဲ.ယူထားးခြင်း ၊ လိုတာထက်ပိုတောင်းခြင်း၊ ပိုငွေကိုပြန်မအပ်ခြင်း ၊ အာဏာဖြင်. ခြိမ်းခြောက်ခြင်း ၊လာဘ်မပေးလျင် လုပ်ငန်းနှောင်.နှေးရန်ပညာပြခြင်း ၊အလုပ်မလုပ်ခြင်းစသည်များမှာ ခိုးမှုမြောက်ရန် စတုတ္ထ လိုအပ်ချက်ဖြစ်သော ကိုယ်နှုတ်လုံ.လတစ်ခုခုကိုပြုလုပ်ခြင်းပင်ဖြစ်သည် ။ နံပါတ် (၅) အချက်မှာလက်တွေ.ခိုးယူခြင်းဖြစ်သည် ။ မြန်မာစကား၌ နားခံသာစေရန် အောက်ဆိုဒ်ရသည် ၊မိုးခါးရေသောက်သည်၊ခြစားသည် ၊ အဂတိလိုက်စားသည် ၊ လာဘ်ပေးသည်၊ လာဘ်ယူသည် ၊ လိုင်းဝင်သည် ၊ Under Table ကြေးပေးသည် ၊လက်ဘက်ရည်ဖိုးပေးရသည် ၊ ရေလောင်းသည် ၊ လူကြီးကိုကန်တော.ကြေး စသည်ဖြင်.ပြောကြသော်လည်း အမှန်မှန်မှာ ခိုးမှုကျူးလွန်ခြင်းဖြစ်သည် ။ အဒိန္နဒါနကံကိုကျူးလွန်ချိုးဖောက်ခြင်းဖြစ်သည် ။ပိုင်ရှင်ရှိသောမြေယာများကိုအဓမ္မသိမ်းယူခြင်းသည်လည်း ခိုးမှုကျူးလွန်ခြင်းပင်ဖြစ်သည်။
လူတစ်ဦးတစ်ယောက်ခြင်းစီမှ ဥစ္စာပစ္စည်းကိုခိုးယူခြင်းထက် နိုင်ငံတော်ပိုင်ပစ္စည်းကိုခိုးယူခြင်းကပို၍ အပြစ်ကြီးလေးပေသည် ။အဘယ်.ကြောင်.နည်းဟူမူ ခိုးမှု၏ အပြစ်ကြီးမှုအပြစ်ငယ်မှုအကုသိုလ်အတိမ်အနက်သည် အခိုးခံရသူဥစ္စာရှင်၏ အကျင်.သီလ ဂုဏ်သိက္ခာကိုလိုက်၍လည်းကောင်း ၊ ဥစ္စာတန်ဖိုးအနည်းအများကိုလိုက်၍လည်းကောင်းဖြစ်၏ ။အကျင်.သီလသိက္ခာဂုဏ်နှင်.ပြည်.စုံသူ၏ ဥစ္စာကိုခိုးယူမိပါက အပြစ်ကြီး၏ ။အကျင်.သီလသိက္ခာဂုဏ်နည်းပါးသူ၏ ပစ္စည်းကိုခိုးယူခဲ.သော် အပြစ်ငယ်၏ ဟု ကျမ်းဂန်တို.၌ပါရှိ၏ ။ ထို.ကြောင်.လူတစ်ယောက်၏ ပစ္စည်းကိုခိုးသည်ထက်အများပိုင် ၊ပြည်သူပိုင်ပစ္စည်း၊နိုင်ငံတော်ပိုင်ပစ္စည်းကိုခိုးသူတို.သည် ပို၍ အပြစ်ကြီး၏ ။အဘယ်.ကြောင်.ဆိုသော် သန်းခြောက်ဆယ်သော မြန်မာနိုင်ငံသားပြည်သူလူထုထဲတွင် ရဟန်းသံဃာများ ၊ သီလဂုဏ် ၊သမာဓိဂုဏ်နှင်.ပြည်.စုံသော သူတော်ကောင်းများ ၊ များစွာပါဝင်နေသောကြောင်. အကုသိုလ်အဆသည်ပို၍ပြင်းထန်ပေလိမ်.မည် ။သံဃိကပိုင်ကျောင်းမြေ ၊သိမ်မြေ ကိုသိမ်းသူသည်လည်းအကုသိုလ်အကျိုးပေးပို၍အပြစ်ကြီးပေလိမ်.မည် ။
ကမ္ဘာကျော်တစ်ထောင်.တစ်ညပုံပြင်ထဲ၌ အလီဘာဘာနှင်.ခိုးသားလေးဆယ်ပုံဝတ္တုသည်ထင်ရှား၏။ ဇာတ်ကြောင်းအကျဉ်းကိုပြောရလျင် တစ်ရံသောအခါ ပါရှားပြည်၌ ညီအစ်ကိုနှစ်ယောက်ရှိ၏ ။ အစ်ကိုမှာ ကာဆင်ဟုခေါ်ပြီး ညီဖြစ်သူ၏အမည်မှာ အလီဘာဘာဟုခေါ်သည် ။ အလီဘာဘာတို.လင်မယားသည် ဆင်းရဲသဖြင်. ထင်းခုတ်ပြီးအသက်မွေးဝမ်းကြောင်းရသည် ။ တစ်နေ.တွင် တောထဲထင်းခွေသွားရင်းအလီဘာဘာသည် သူခိုးအယောက်လေးဆယ် (ခိုးသားလေးဆယ် ) နှင်.တွေ.၏ ။ သူခိုးများသည် ခိုးရာ တိုက်ရာမှရရှိသော ရွှေငွေ ရတနာပစ္စည်းများကို ကျောက်ဂူကြီးတစ်ခုထဲတွင်လာ၍ ၀ှက်ထား၏ ။ ခိုးသားလေးဆယ်တွင်ခေါင်းဆောင်ဖြစ်သူက တံခါးပွင်.လော. နှမ်းစေ.များ ( Open , Sesame ! ) ဟု စကားဝှက်ဂါထာကိုရွတ်လိုက်သည်နှင်. ဂူတံခါးပွင်.သွား၏ ။ ပိတ်လော. နှမ်းစေ.များ ( Shut , Sesame ! ) ဟုအော်လိုက်သည်နှင်. ကျောက်ဂူတံခါးသည်ပိတ်သွား၏ ။ ထိုလျှို.၀ှက်ချက်ကိုသိသွားသော အလီဘာဘာသည် ခိုးသား (၄၀) မရှိတော.သောအချိန်တွင် ဂူထဲသို. တိတ်တဆိတ်ဝင်ရောက်ကာ သူခိုးလက်ကသူဝှက်လု ဆိုသကဲ.သို. ရွေများကို နိုင်သလောက်ကဲ.ယူလာခဲ.၏ ။ ဤအကြောင်းကိုသူ.အစ်ကိုကာဆင်သိသောအခါ အလီဘာဘာလုပ်သလို ကျောက်ဂူကြီးကို ပွင်.စေပြီးရွှေငွေများကို လောဘတကြီးယူဆောင်တော.သည် ။သို.သော် ကျောက်ဂူတံခါးကိုပွင်.စေသော ဂါထာကိုမေ.နေသဖြင်. ဂူထဲမှထွက်၍မရပေ ။ အဖန်ဖန်စဉ်းစားသော်လည်း မမှတ်မိသဖြင်. ဂူထဲ၌ပိတ်မိနေရာ ၊ ခိုးသားလေးဆယ်ရောက်လာသောအခါ အသတ်ခံလိုက်ရတော.သည် ။ထိုခိုးသားလေးဆယ်သည် အလီဘာဘာနောက်သို.လိုက်ပြီးလုပ်ကြံသတ်ဖြတ်သော်လည်း သစ္စာရှိသောကျွန်ယုံတော် မော်ဂီယားနား ဆိုသော မိန်းမပျို၏ ရဲရင်.မှုနှင်.ဖြတ်ထိုးဥာဏ်ကြောင်. ခိုးသားများအားလုံးအပေါ်အနိုင်ယူနိုင်လိုက်ပြီး အလီဘာဘာသည်သူဌေးကြီးဖြစ်သွားသောဇာတ်လမ်းဖြစ်သည် ။ ဤပုံပြင်ဇာတ်လမ်းကိုအကြောင်းပြု၍ ကမ္ဘာပေါ်တွင် ခိုးတတ်သူများကို အလီဘာဘာ နှင်.ခိုးသားလေးဆယ် ဟု ပြောစမှတ်ပြုကြသည် ။ မြန်မာနိုင်ငံတွင်တော. သူခိုးကြီးငတက်ပြားမှာနာမည်ကြီးသည် ။ အနောက်တိုင်းမှာတော. သူခိုးကြီးဒိုင်ယာဘောလစ်မှာ နာမည်ကြီးသည် ။
ယနေ.မြန်မာနိုင်ငံအခြေအနေကို အရှိကိုအရှိအတိုင်း ဝေဖန်ရပါက ။အစိုးရဗျူရိုကရေစီယန္တယားတွင်လည်ပါတ်နေသော ၀န်ထမ်းများ၏ (၈၀ ) ရာခိုင်နှုန်းမှာ အကျင်.ပျက်ခြစားနေကြ၏ ။ ပွင်.ပွင်.လင်းလင်းပြောရလျင် အလီဘာဘာ၏ ဂိုဏ်းသားများဖြစ်နေကြ၏ ။ငတက်ပြားအဖွဲ.၀င်များဖြစ်နေကြ၏။ ဒိုင်ယာဘောလစ်လက်သစ်များဖြစ်နေကြ၏ ။ Thieves များဖြစ်နေကြ၏ ။ မောသော ဟူသော ခိုးသားများဖြစ်နေကြ၏ ။ ခိုးသားများမှာများလွန်းသဖြင်. ဖမ်းလို.လည်းမနိုင် ၊ ဖမ်းပြီးလျင်လည်း ထောင်ဆန်.မည်မဟုတ်ပေ ။ ထိုသူများသေ၍ ငရဲကျခဲ.လျင် ငရဲသည် များပြားသောလူအုပ်ဖြင်.အထူးစည်ကားပေလိမ်.မည် ။ကံငါးပါးအနက် မြန်မာပြည်၌ ချိုးဖောက်မှုအများဆုံးမှာ အဒိန္နဒါနကံဖြစ်ဖွယ်ရှိ၏ ။ သင်သည် အလုပ်ကိစ္စဖြင်.ရုံးတစ်ခုသို.သွားရသည်ဖြစ်အံ. သင်မကြည်ဖြူပါပဲ ငွေစကြေးစများကိုပေးကမ်းခဲ.ရပေမည် ။ တရားရုံးသို.သွားသောအခါ ရှေ.ဖတ်စာရေးမှစကာ တရားသူကြီးအထိ တံခါးပွင်.လော.. နှမ်းစေ.များ ( Open Sesame ) လုပ်ကြရပေ၏ ။ ရဲစခန်းသို.သွား၍ အာမခံလုပ်သောအခါ နှမ်းစေ.များပွင်.ပါလော. ဟုအလီဘာဘာကဲ.သို.ပြုကျင်.သူတို.ကိုပေးရကမ်းရပြန်သည် ။ စည်ပင်သာယာရုံးသို.သွားပြီး အိမ်ပြင်ဆင်ခွင်.တောင်းသောအခါ လိုင်းဝင်ရပြန်သည် ။ အခွန်ရုံးသို.ရောက်သောအခါ Under Table ဆိုသော အလွန်အရုပ်ဆိုးသော ကျင်.စဉ်တစ်ခုကိုဖြတ်သန်းရပြန်သည် ။ ပုံစံတစ်ဆယ်ပြုလုပ်ရာတွင်သော်လည်းကောင်း ၊ ရာထူးအပြောင်းအရွှေ.ကိစ္စတွင်သော်လည်းကောင်း ၊ ရာထူးတက်လိုလျင်လည်းကောင်း လိုင်းဝင်ရပြန်သည် ။သို.သော်ဤအရာများမှာ အဖျားအနားသာဖြစ်သည် ။ အကယ်စင်စစ် အလီဘာဘာ ဂိုဏ်းချုပ်ကြီးများမှာကား စားသောပမာဏ အလွန်များသဖြင်. စားလို.စားမှန်းပင် မသိနိုင်ကြတော.ပေ ။ နိုင်ငံတော်၌ ဆည်မြောင်းတာတမံကြီးတစ်ခုတည်ဆောက်လိုက်တိုင်း အလီဘာဘာ ပေါင်းထောင်နှင်.ချီ၍ပေါ်ပေါက်လာ၏ ။ နိုင်ငံတော်၌ တံတားကြီးတစ်စင်းဆောက်လိုက်တိုင်း ဦးတက်ပြားတို.သည် ထားစရာမရှိအောင်ချမ်းသာကုန်ကြလေ၏ ။ နိုင်ငံတော်၌ မြို.တော်အသစ်ကြီးကိုတည်ဆောက်ကြသောအခါ ဒိုင်ယာဘောလစ်များ လက်ခမောင်းခတ်ကြကုန်၏ ။ တစ်နိုင်ငံလုံး၌ တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင် ဟုလုပ်ကြသောအခါ ခိုးသားလေးဆယ်သည် အဆပေါင်းများစွာ ပွားများကာ ခိုးသားလေးကုဋေခန်.ဖြစ်လာပေ၏ ။ ခေါင်ကမလုံသောအခါ မိုးယိုပုံမှာ ယုံနိုင်ဖွယ်ရာပင်မရှိပေ ။ စည်ပင်သာယာရုံးတစ်ရုံးသည် မြို.ရေပေးရာတွင် ရေအကြည်ခံသောကန်ထဲသို.ထည်.ရမည်. ကျောက်ချဉ်များကို ရေထဲသို.မခတ်ပဲ ဘယဆေးဆိုင်တွင်လာရောင်းစားတာ စာရေးသူကိုယ်တိုင်တွေ.ဖူး၏။ ဆည်မြောင်းဌာနမှ ကားမောင်းသူများသည် ဆည်ဘောင်ပေါ်တွင် လမ်းကြိတ်စက်ဖြင်. အခေါက်တစ်ရာကြိတ်ရမည်ဆိုလျင် ဆယ်ခေါက်လောက်ပဲအကြိတ်ပြပြီး ထပ်မကြိတ်တော.ပဲ စက်သုံးဆီများကို အောက်ဆိုဒ်အဖြစ် ကြိတ်ပစ်လိုက်၏ ။ ဆည်မြောင်းဘောင်ပေါ်တွင်နိုင်ငံခြားမြက်များစိုက်ရန်စာရင်းပြပြီး လက်တွေ.တွင် သဘာဝအလျောက်ပေါက်သောမြက်များကိုသာ စိုက်ထားသောမြက်အဖြစ်ပြကြတာလည်းတွေ.ဖူး၏ ။အလုပ်သမား (၂၀) လောက်ကိုသာငှားရမ်းအသုံးပြုပြီး စာရင်းထဲတွင် အလုပ်သမား အယောက် (၁၀၀ )ခန်.စာရင်းပြထားတာလည်းရှိ၏ ။လေဆိပ်ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှသံချောင်းများကိုအောက်ဈေးဖြင်. လာရောင်းရာမှ မြောက်ဥက္ကလာပ မှကုန်မာဆိုင်တစ်ဆိုင်သည် ခိုးရာပါပစ္စည်းလက်ခံမှုဖြင်.ဆိုင်ပိတ်ခံလိုက်ရ၏ ။ နိုင်ငံတော်ပိုင် သဘာဝဓါတ်ငွေ.များရောင်းချရမှုမှရသော နိုင်ငံခြားငွေဒေါ်လာများသည် ယခင်ခေတ်က တစ်ဒေါ်လာလျင် မြန်မာငွေခြောက်ကျပ်ဈေးဖြင်.နိုင်ငံတော်ဝင်ငွေစာရင်းထဲသို.ရောက်သွား၏ (ထိုစဉ်ကပေါက်ဈေးမှာတစ်ဒေါ်လာ မြန်မာငွေ တစ်ထောင်ကျပ်ဖြစ်သည် ) ။ နိုင်ငံတော်သို. ငွေခြောက်ကျပ်ဝင်တိုင်းသူတို.စာရင်းထဲသို. ငွေကိုးရာကျော်ဝင်သွားသည်.သဘောဖြစ်သည် ။
ထိုသူတို.သည် တိုင်းပြည်ပစ္စည်းကိုခိုးရာ၌ နှစ်ကြော.ပြန်ဖြစ်သည် ။ပထမတစ်ကြော.၌ တိုင်းပြည်၏သယံဇာတပစ္စည်းများကိုပြိုင်ဘက်မရှိ အချိုအချောင်ဈေးဖြင်. သူတို.ချည်းရ၏ ။ ဤကားလူထုပစ္စည်းကိုကိုယ်.ပစ္စည်းသဖွယ် လှည်.ပါတ်ရယူခဲ.သောပထမ အဒိန္နဒါနကံဖြစ်၏ ။ နောက်တစ်ကြိမ်တွင်မူကား တိုင်းပြည်သို.ပေးသင်.ပေးထိုက်သော အခွန်အခကိုမပေးပဲအခွင်.ထူးခံကာရှောင်တိမ်းကြပြန်၏ ။ ဤသို.နှစ်ကြိမ်ခိုးသူတို.သည် ဤဘ၀၌ကောင်းစားကောင်း ကောင်းစားနိုင်သော်လည်း သေလွန်သည်၏အခြားမဲ.၌ အ၀ီစိ ၊ မဟာအ၀ီစိ ၊ ယောရုဝ ၊ မဟာယောရုဝ ၊ တာပါန ၊မဟာတာပါန စသည်ဖြင်. ငရဲတွင် နှစ်ကြိမ် နှစ်ထပ် ခံစားရပေလိမ်.မည် ။
အိမ်သို.ဆွမ်းခံကြွသောကိုယ်တော်ထံ၌ သီလယူရာ ကျွန်တော်က အဒိန္နဒါနကံကို မရှင်းသဖြင်.ဤသို.မေးလျှောက်ခဲ.ဖူး၏ ။
“ အရှင်ဘုရားတပည်.တော်မရှင်းသဖြင်.မေးလျှောက်ပါရစေ ၊ သူ.ဥစ္စာကိုခိုးသည်ဟူရာ၌ တစ်ယောက်ပစ္စည်းကိုတစ်ယောက်ကလျှို.၀ှက်စွာ ယူဆောင်မှုကိုသာဆိုလိုသလားဘုရား ။ သန်းခြောက်ဆယ်သောပြည်သူပိုင်ဖြစ်သည်. ဘတ်ဂျက် ဘဏ္ဍာငွေများကို စာရင်းလိမ်တောင်းခြင်း ၊ မိမိငွေစာရင်းထဲသို.ထဲ.ခြင်း ၊သယံဇာတများကိုအောက်ဈေးဖြင်.ထုတ်ရောင်းခြင်း၊ ရုံးဌာနများ၏ငွေကို ကိုယ်ကျိုးအတွက်နည်းမျိုးစုံဖြင်. ရယူအကြံအဖန်လုပ်ခြင်း ၊လာဘ်စားခြင်း ၊ ဒုက္ခသည်များအတွက်လှူဒါန်းငွေကိုဖြတ်ဘုန်းခြင်း ၊ အာဏာအလွဲသုံးစားလုပ်ခြင်း ၊ တန်ရာတန်ကြေးမပေးပဲမြေယာများကိုသိမ်းယူခြင်းစသည်တို.သည် အရှင်ဘုရားတို.ဟောနေသော ခိုးမှုမြောက်ပါသလားဘုရား “
ထိုအခါ ဆွမ်းခံကိုယ်တော်သည် သူ.ကိုအမှုပါတ်မှာစိုးသောကြောင်.လေလောမသိ ၊ ကျွန်တော်.မေးခွန်းကိုအောက်ပါအတိုင်းသံပေါက်လင်္ကာလေးဖြင်.တိုတိုတုတ်တုတ်မိန်.ကြားပြီး ပြန်ကြွသွားလေ၏ ။ ဘုန်းဘုန်းမိန်.တော်မူသည်မှာကား
“သူ.ဥစ္စာကို သိလျက်သားနဲ.
လောဘစိတ်ထားခိုးယူလို
လုံ.လပြုကာခိုးယူမိက၊
အဒိန္နဒါနအကုသိုလ်။
လွန်ကျူးမိလျင် တကယ်ပဲပေါ. ၊
အပါယ်ငရဲကျမည်ဆို ။
လွတ်လာပြန်လဲ ဥစ္စာမွဲ ဆင်းရဲဖြစ်တိုင်းကိုယ် ။
အဲဒါကြောင်. ပဉ္စသီလတည်ကြပါစေလို “ ဟူသတည်း ။

0 comments:
Post a Comment