Thursday, March 6, 2014
ပါရမီနာရေးကူညီမှုနှင့်ကျန်းမာရေးစောင့်ရှောက်မှုအသင်း(၂)နှစ်ပြည့်အထိမ်းမှတ်ကျင်းပ
ပါရမီနာရေးကူညီမှုနှင့်ကျန်းမာရေးစောင့်ရှောက်မှုအသင်း(၂)နှစ်ပြည့်အထိမ်းမှတ်ကျင်းပ ပြည့်သဲမောင်(ပြည်) ပဲခူးတိုင်းဒေသကြီး ၊ ရွှေတောင်မြို့နယ် ၊ မကျည်းပေါက်ကုန်းအုပ်စု ၊ မကျည်းပေါက်ကုန်းကျေးရွာ သိပ္ပံကျောင်းတိုက်တွင် Lotus Foundation အဖွဲ့ခွဲ “ပါရမီ” နာရေးကူညီမှုနှင့်ကျန်းမာရေးစောင့်ရှောက်မှု အသင်းတို့မှ ဦးဆောင်၍ အသင်း၏(၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျေးရွာ မူလတန်းကျောင်း သက်ကြီးရွယ်အို ဆရာ/ဆရာမများအား မြတ်ဆရာပူဇ်ာပွဲအခမ်းအနားကို (၂.၃.၂၀၁၄) နံနက် (၉:၀၀) နာရီတွင် အခမ်းအနားစတင်ခဲ့ပြီး နေ့လည်( ၁၁:၀၀) နာရီအချိန်၌ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။ ၄င်းအခမ်းအနားကို နာယကဆရာတော် အရှင်ဓမ္မကေတုမှ ဦးဆောင်၍ ပါရမီ နာရေးကူညီမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုအသင်းတို့မှ အသင်းသား/အသင်းသူ (၁၅၀) ဦးရေနှင့် ရပ်မိရပ်ဖ (၂၀၀) ကျော်တို့ တက်ရောက် ကြပြီး အသင်း၏ ရည်ရွယ်ချက်မှာ မရှိနွမ်းပါးသူနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ ပညာရေး ကျန်းမာရေး၊ နာရေးကူညီမှုများအပြင် အခြားပရဟိတ လုပ်ငန်းများကို နှစ်စဉ်မပြတ် ဆက်လက် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
0 comments:
Post a Comment