Tuesday, March 18, 2014

ရွှေတံခါးရပ်ကွက် အုပ်ချုပ်ရေးမှူးမှ အလှူခံခွင့်ပိတ်ပင်ထားသဖြင့် ရပ်ကွက်အကျိုးပြုလုပ်ငန်းများနှောင့်နှေး

Leave a Comment



ရွှေတံခါးရပ်ကွက် အုပ်ချုပ်ရေးမှူးမှ အလှူခံခွင့်ပိတ်ပင်ထားသဖြင့် ရပ်ကွက်အကျိုးပြုလုပ်ငန်းများနှောင့်နှေး ပြည့်သဲမောင်(ပြည်) • မေတ္တာဆွတ်ခူး လမ်းဖြောင့်ဖြူး ခုံးကျော်တံတား ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ မှ အလုပ်အမှုဆောင်ထိ (၁၉)ဦးသည် ရွှေတံခါးရပ်ကွက် စုက္ခရုဆည်မြောင်းဝန်း ဓမ္မောဒယကျောင်းနှင့် ဓမ္မရတနာကျောင်း လမ်းကြား လမ်းစုံတွင် အများပြည်သူ ရဟန်းရှင်လူမှ အစ သွားလာမှု အဆင်ပြေချောမွေ့ရေးအတွက် အခကြေးငွေမဖက် လုပ်အားဒါန ပေးသူများ ကလေးလူကြီး မကျန် လုပ်အားပြမှုကိုကြည့်၍ မတည်ငွေ အလှူဒါနရှင်နှင့် အများပြည်သူ ၀ိုင်းဝန်းပံ့ပိုး လှူဒါန်းငွေ -(၄၂၅၀၀၀) ကျပ်အထိရရှိ၍ အများပြည်သူသွားလမ်း ၊ ရေထိန်း မြေထိန်း ခုံးတံတား ပွန်ပေါက်များချ၍ လုပ်ငန်း လုပ်ဆောင်ခဲ့ပါသည်။ ဆောင်ရွက်နေစဉ်အတွင်း အုပ်ချုပ်ရေးမှုး အပြောင်းအလွဲကြောင့် ခတ္တရပ်နားခဲ့ရပါသည်။ တာဝန်ရှိသူမှ တပတ်လောက်ပဲစောင့်ရမှပါဟု ပြောကြားခဲ့ခြင်းမှာ တလကျော်ကျော်ရောက်ရှိသွားပါသဖြင့် ၂၀၁၄ခု မတ်လ(၃)ရက် နေ့ ပြည်မြို့ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနသို့ ကျန်ရှိသော လုပ်ငန်းတာဝန် (၈)ခု အတွက် ဆက်လက် ဆောင်ရွက်နိုင်ရန် အလှူခံခွင့် တောင်းခံခဲ့ပါသည်။ မိတ္တူကို ရွှေတံခါးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှင့် အထောက်အကူပြု ကော်မတီ ရွှေတံခါးရပ်ကွက်တို့အား ပေးပို့ခဲ့ပါသော်လည်း (၉.၃.၂၀၁၄) ရက် တနင်္ဂနွေနေ့တွင် အလှူခံခွင့် မပြုကြောင်း ရွှေတံခါးရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ပိတ်ပင်တားဆီးခဲ့ပါသည်။ ကိုယ်ကျိုးမပါ အများအကျိုးဆောင်ရွက်ခြင်းကို ဟန့်တားခြင်းသည် နိုင်ငံတော်သမ္မတ၏ လမ်းညွန်ချက်များ ကို ဆန့်ကျင့်ခြင်းသဘောမျိုး သက်ရောက်နေသည့်အပြင် ရက်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ၏ အခန်း(၅) မှ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ အပုဒ်(က) ၊ (ခ)၊ (ဂ) မှ အပုဒ် (ခ) ကိုရှောင်ကြဉ်ရမည့်အစား ကျင့်သုံးလိုက်ခြင်းသည် ပရဟိတ အကျိုးဆောင်ရွက်သူ ကော်မတီအဖွဲ့ (၁၉) ဦးနှင့် အခမဲ့လုပ်အားရှင်များ၏ ရည်ရွယ်ချက်လုပ်ဆောင်ချက်တွေက လွှဲမှားနေသလား ၊ ရက်ကွက်အကျိုးသယ်ပိုးပါမည်ဟု ပြည်သူ့လစာစာ အုပ်ချုပ်ရေးမှူးကြီးကပဲ မှားသလား မှန်သလားဆိုတာကို မိဘပြည်သူများ ဝေခွဲနိုင်ရန်အတွက် တင်ပြလိုက်ပါတယ် ခင်ဗျား……ဟုဦးခင်ထွန်းအကျိုးဆောင် ရွှေတံခါးရပ်ကွက် က ပေးပို့လာသောအကြောင်းအရာကိုပြန်လည်ဖော်ပြပါသည်။

ဒီသတင်းကို ပြည့်သဲမောင်(ပြည်)မှပေးပို့ထားတာဖြစ်ပြီး ကျွန်တော် ပြည်သတင်းလူငယ်(ပြည်သတင်း)မှတင်ပြပေးထားပါတယ်ခင်ဗျာ..

0 comments:

Post a Comment

Facebook Like Page