Wednesday, February 19, 2014

ICT & Mobile Exhibition 2014 Pyay တွင် ပါဝင်ပြသည်မည့် Company များနှင့် Promotion များ

Leave a Comment
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ တွင် ICT & Mobile Exhibition 2014 Pyay ကို ပြည်မြို့၊ ယဉ်ကျေးမှုရုံ ၌ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂-၂၃) ရက်နေ့များတွင် ပဲခူးတိုင်းဒေသကြီး၊ ကွန်ပြူတာပညာရှင်အသင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ကွန်ပြူတာလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းကာ ကျင်းပမည်ဖြစ်ပါသည်။

အဆိုပါ ပြပွဲတွင် Net Guide Journal မှ Media Partner အဖြစ်ပါဝင်ပေးမည်ဖြစ်ပါသည်။ Do Do Ko Ko မှ Second Hand Dell, HP, Fujitsu, Lenovo, NEC Laptop များကို မေတ္တာလက်ဆောင်များဖြင့် ရောင်းချပေးမည်ဖြစ်ပြီး Samsung Brand New Laptop တစ်လုံးကို သုံးသိန်းဝန်ကျင်နှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ Co Co Mobile မှ ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ Transcend Products များကို Discount, ကံစမ်းမဲ အစီအစဉ်များဖြင့် ရောင်းချပေးမည်ဖြစ်သည်။ Golden Power Technology မှ Dell Notebook များကို ဗလာမပါကံစမ်းမဲများ၊ Silicon Power Products များကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်သည်။

Samsung မှ Samsung ဖုန်းများပေါ်မူတည်၍ ငွေဖြည့်ကတ်၊ ရေဘူး၊ ထီးစသည့်လက်ဆောင်များရရှိနိုင်မည်ဖြစ်ပြီး Official Warranty အတိုင်းရရှိမည်ဖြစ်သည်။ Winter Root မှ Dell, Fujitsu, Toshiba, HP Japan used laptop များကို 30% - 50% ထိလည်းကောင်း၊ လက်ဆောင်ပစ္စည်း ၅ မျိုးကိုလည်းကောင်း ပေးသွားမည်ဖြစ်သည်။ Kaspersky မှ Kaspersky antivirus နှင့် Internet Security များကို အထူးလျှော့ဈေးဖြင့် ရောင်းချသွားမည်ဖြစ်သည်။ ရွှေလမင်းနဂါးမှ Acer Products များကို ပြသရောင်းချပေးမည်ဖြစ်ပြီး Laptop, Phone, Monitor အစရှိသည့် ကံစမ်းမဲဆုများ၊ Memory Stick, ငွေဖြည့်ကတ် စသည့်လက်ဆောင်ပစ္စည်းများ၊ Transcend Products ဝယ်ယူသူများကို Ball Pin, စာအုပ်၊ ခွက်၊ Cleaning kit စသည့်လက်ဆောင်ပစ္စည်းများ ပေးမည်ဖြစ်သည်။

NSM မှ Acer, Asus, HP, Dell, Lenovo, Singtech အစရှိသော Computer Brand များကို လက်ဆောင် ၁၀ မျိုး၊ Samsung, Huawei, HTC, Lenovo, Vivo Handset များ၊ IPhone, IPad များကို လက်ဆောင်နှစ်မျိုး၊ Software, Hardware များကို အခမဲ့ ဝန်ဆောင်ရောင်းချပေးမည်ဖြစ်သည်။ AGD Bank မှ ဘဏ်လုပ်ငန်းဆိုင်ရာများ၊ ATM Card များပြောပြပေးမည်ဖြစ်ပြီး ပြပွဲအတွင်း MPU Card လျှောက်သူများကို တစ်ခါတည်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ MV CCTV မှ CCTV Camera များ၊ DVR စက်များ၊ DVR Kit များ၊ Isat ဂြိုဟ်တုဖုန်းများ၊ Pentax အမှတ်တံဆိပ် Total Station များကို ပါဝင်ပြသမည်ဖြစ်ပြီး Promotion အနေဖြင့် 4 Ch DVR Kit, 1 TB Harddisk တပ်ဆင်ထားပြီး Camera ၄ လုံး၊ Camera ကြိုးများအပါအဝင် အဆင်သင့်သုံးနိုင်သော DVR Kit ကို ၂၄၉၀၀၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်ပါသည်။

Mobile Friend မှ Toshiba, NEC, Dell, Lenovo Japan used laptop များကို Promotion အစီအစဉ်ဖြင့် လက်ဆောင် ၇ မျိုးဖြင့်လည်းကောင်း၊ Fujitsu laptop များကို 30% - 40% Discount, Toshiba M35 ကို ၄၉၀၀၀ ထိ Discount ထိချပေးကာ ရောင်းချပေးမည်ဖြစ်သည်။ CB Bank မှ Visa Card Account ဖွင့်ခြင်းများလုပ်ဆောင်ပေးမည် ဖြစ်ပြီး Master Card နှင့် MPU Card များကို One Stop Banking စနစ်ဖြင့် ဝန်ဆောင်ပေးမည်ဖြစ်သည်။

Mobile Money နှင့်ပတ်သက်၍လည်း လေ့လာနိုင်သည်။ Vivo မှ Vivo X Play, Y17W, Y11iW ဖုန်းများကို ပြသရောင်းချမည်ဖြစ်ပြီး မကြာမှီ ဈေးကွက်အတွင်း အသစ်ဝင်ရောက်မည့် ကမ္ဘာ့ အပါးလွှာဆုံး Vivo Smart Phone X3 နှင့် ကမ္ဘာ့ Resolution အမြင့်ဆုံး Xpaly 3S တို့ကို ရှင်းလင်းပြောပြသွားမည်ဖြစ်သည်။

Singtech မှ Singtech Laptop များကို လက်ဆောင် ၅ မျိုး, Phone များကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးမည် ဖြစ်သည်။ Yangon Development မှ Cyber Power UPS, Mobile Power Rack, Car Charger, Wall Charger များကို အထူးလျှော့ဈေးဖြင့်ရောင်းချပေးမည်ဖြစ်သည်။ Wise Power မှ Acer, Lenovo, Dell, HP, HTC, Anitech, Mobile & Computer accessories များ၊ လက်ဆောင်ပစ္စည်းများ Hire Purchase အရစ်ကျ ဝယ်ယူခွင့်ရရှိစေရန် အထူးအစီအစဉ်များ ပြုလုပ်ထားသည်။

ဖြိုးသက်အောင်မှ HP Notebook ဝယ်ယူသူများကို လက်ဆောင် ၉ မျိုး၊ Colour Printer ဝယ်သူများကို အထူး Discount, Lucky Draw အစီအစဉ်များဖြင့် ရောင်းချပေးမည်ဖြစ်သည်။ စိုးစံမှ အထူးလျှော့ဈေးများ၊ ကံစမ်းမဲအစီအစဉ်၊ လက်ဆောင်ပစ္စည်းများအပြင် 1 Year Service Free Promotion ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သတင်း

0 comments:

Post a Comment

Facebook Like Page