Monday, February 24, 2014

ရွှေတောင်မြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒပြ

Leave a Comment

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒထုတ်ဖော်မှုများ နှစ်ကြိမ်တိုင်ပြုလုပ်ခဲ့သော ပဲခူးတိုင်းပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဖေဖော်ဝါရီလ(၂၄)ရက် မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ကာ တတိယအကြိမ်ဆန္ဒထုတ်ဖော်ပွဲတစ်ခု ထပ်မံပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ဆန္ဒဖော်သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ဖျက်သိမ်းရေး၊ ပုဒ်မ၅၉(ဃ)ဖျက်သိမ်းရေး၊ ပုဒ်မ ၄၃၆ပြင်ဆင်ရေး ဟူသောစာသားပါလက်ကိုင် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး စာသားပါကြွေးကြော်သံများကိုလည်း ကြွေးကြော်ခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ရွှေတောင်မြို့တွင် ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့၌ ဒေသခံတစ်ဦးမှ တစ်ကိုယ်တော်လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်ထုတ်ခြင်း၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့က မြို့ခံနိုင်ငံေ၇းတက်ကြွလှုတ်ရှားသူများမှ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ပြီးဖြစ်ရာ ယခုဆန္ဒထုတ်ဖော်မှုသည် တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရပါသည်။ ထိုနေ့မနက်(၉)နာရီအချိန်၌ ဆန္ဒဖော်ထုတ်သူများသည် ရွှေတောင်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှစတင်ကာ ကင်းပွန်းခြုံလမ်း၊ ဆေးရုံလမ်း၊ ရန်ကုန်ပြည်လမ်း၊ အတွင်းရှမ်းလမ်း၊ လမ်းမတော်လမ်း၊ ကြာနီကန်လမ်းများအတိုင်း လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ရွှေတောင်မြို့တွင် သုံးကြိမ်တိုင်ဆန္ဒဖော်ထုတ်ခြင်းနှင့်ပတ်သတ်၍ ရွှေတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဌဦးညွှန့်ဝေက “ကျွန်တော်တို့ရွှေတောင်မြို့နယ်ရဲ့ နိုင်ငံရေးတက်ကြွလှုတ်ရှားမှုက အကောင်းဆုံးအနေအထားလို့ ကျွန်တော်မြင်ပါတယ်။ တစ်ကိုယ်တော်ဆန္ဒပြတယ်။ နိုင်ငံေ၇းတက်ကြွလှုတ်ရှားသူတွေဆိုပြီးပြတယ်။ အခုတစ်ခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်ပြီးပြတယ်”ဟုပြောပါသည်။ အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ထုတ်ဖော်မှုများကို ပဲခူးတိုင်းပြည်ခရိုင် ပြည်မြို့တွင် ဖေဖော်ဝါရီလ(၁၈)ရက်ပန်းတောင်းမြို့နယ် ဖေဖော်ဝါရီလ(၂၁)ရက်တို့၌ ဆန္ဒထုတ်ဖော်မှုများကိုပြုလုပ်ပြီးဖြစ်ကြောင်းလည်းသိရပါသည်။

ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page