Tuesday, February 11, 2014

ပြည်မြို့ တရုတ်စုရပ်ကွက် မိသားစု(နိဗ္ဗာန်ဈေးအလှူ)

Leave a Comment

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့အတွင်းရှိ တရုတ်စုရပ်ကွက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နိဗ္ဗာန်ဈေးအလှူတော်ကို (၁၂.၂.၂၀၁၄)ရက်နေ့ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ကျင်းပခဲ့ရာ ယခုနှစ်ဆိုလျှင်(၇)ကြိမ်မြောက်ရှိခဲ့ပါပြီ ယခုနှစ်ဆိုလျှင် တရုတ်စုရပ်ကွက်အတွင်းနေထိုင်ကြသော မိသားစု အိမ်ထောင်စုပေါင်း(၅၅၀)ခန့် လှူဒါန်းမည့် နိဗ္ဗာန်ဈေးအလှူလက်မှတ်ပေါင်း (၁၉၀၀၀) စောင် ရရှိထားပြီးဖြစ်ပါတယ်။

မနက်ဖြန် (၁၂.၂.၂၀၁၄)ရက်နေ့ နေ့လည်(၁း၀၀)အချိန်ခန့်တွင် တရုတ်စုရပ်ကွက်မိသားစု နိဗ္ဗာန်ဈေးအလှူလက်မှတ်များကို တရုတ်စုမိသားစု နိဗ္ဗာန်ဈေး ဖြစ်မြောက်ရေး(ဗဟို)မဏ္ဍပ်မှာ မည်သူမဆို အခမဲ့ဝေငှ ပေးမှာဖြစ်ပါတယ် မနက်ဖြန် (၁၂.၂.၂၀၁၄)ရက်နေ့ မနက်(၆း၀၀)အချိန်ခန့်မှာ ပင့်သံဃာဆရာတော်(၅)ပါးကို အာရုဏ်ဆွမ်း နှင့် မုန့်ဆွမ်းခဲဖွယ်များ လှူဖွယ်ဝတ္ထူအစုစုတို့ကိုကပ်လှူပှုဇော်တရားတော်နာ ရေစက်ချကျင်းပပြုလုပ်မှာဖြစ်ပြီး ညနေ(၄း၀၀)အချိန်ခန့်မှာတော့ နိဗ္ဗာန်ဈေးအလှူတော်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

တရုတ်စုမိသားစု နိဗ္ဗာန်ဈေး ဖြစ်မြောက်ရေး(ဗဟို)မဏ္ဍပ် မှ နိဗ္ဗာန်ဈေးဖြစ်မြောက်ရေးလူငယ်အဖွဲ့မျာယးမှလည်း ဆန်(၁)ပြည်ထုပ် (၁၀၀)ထုပ်။ ဂွမ်းစောင် အထည်(၃၀) နှင့် ကော်ဇလုံကြီးအလုံး(၃၀)တို့ကိုပါ စုပေါင်းလှူဒါန်းပူဇော်သွားဖြစ် ဖြစ်ပါသောကြောင့် မည်သူမဆိုနိဗ္ဗာန်ဈေးအလှူလက်မှတ်များ ဝေငှလှူဒါန်းချိန်တွင်လာရောက်ထုတ်ယူနိုင်ပါကြောင်း ပြည်သတင်း မှတဆင့် နိုးဆော်အပ်တယ်။

(တရုတ်စုမိသားစု နိဗ္ဗာန်ဈေး ဖြစ်မြောက်ရေး(ဗဟို)မဏ္ဍပ်မှတာဝန်ရှိသူများ..)

၁။ဦးဇော်မြင့်
၂။ဦးလှမြင့်
၃။ဦးအောင်မင်းလတ်
၎။တရုတ်စုမိသားစု နိဗ္ဗာန်ဈေး ဖြစ်မြောက်ရေး(ဗဟို)လူငယ်အဖွဲ့

ပြည်သတင်းလူငယ်(ပြည်သတင်း)

ပြည်သတင်းလူငယ်(ပြည်သတင်း)..၀၉၄၀၁၆၁၆၃၂၃
ပြည့်ဖြိုးပြည်(ပြည်သတင်း)...၀၉၄၃၀၄၇၈၆၂

0 comments:

Post a Comment

Facebook Like Page