Sunday, February 9, 2014

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့ဆု ရွေးချယ်ဖို့ရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ(၂၈)မြို့နယ်တွင် ပြည်မြို့ကို ဇကာတင်ရွေးချယ်မှု့ခံရ

Leave a Comment





မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့ဆု ရွေးချယ်ဖို့ရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ(၂၈)မြို့နယ်တွင် ပြည်မြို့ကို ဇကာတင်ရွေးချယ်မှု့ခံရ
********************************************************************************************************
တိုင်းနဲ့ ပြည်နယ်(၁၄)ခုနှင့် နေပြည်တော်ကောင်စီနယ်မြေပါ(၁၅)ခုမှာ ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့အဖြစ်ရွေးချယ်မှာပါ ပဲခူးတိုင်းဒေသကြီးမှာ  (၂၈)မြို့နယ်ရှိပါတယ်
အဲဒိအထဲမှ ကျွန်တော်တို့ ပြည်မြို့နယ်ကို ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့အဖြစ် ဇကာတင်ရွေးချယ်ခြင်းခံခဲ့ရပါတယ် အဲဒိရွေးချယ်မှုကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က
ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ် အဲဒိရွေးချယ်မှုနဲ့ပတ်သတ်ပြီး အမှန်တကယ်ဖွံ့ဖြိုးတိုးတက်မှုရှိမရှိကို နေပြည်တော်မှ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ချုပ်
ဦးမြင့်ဦး နှင့်အဖွဲ့ဝင်(၁၃)ဦးပါလာရောက်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ပါတယ် ပြည်မြို့အပြင် ၀က်ထီးကန်၊ပေါင်းတလည် နှင့် ကျေးရွာအုပ်စု၏ ဖွံ့ဖြိုးတိုးတက်မှုများကို
လည်း သွားရောက်စစ်ဆေးခဲ့ပါတယ် ဟု ပြည်မြို့နယ် အုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်မြို့ဒေသခံဖြစ်သူ ကိုရဲမင်းဦး မှ ပြည်သတင်းကို ယခုလိုပြောကြားခဲ့
***************************************************************
ကျွန်တော့အနေနဲ့ကတော့ အတိုင်းမသိဝမ်းသာပါတယ် ဘာလို့လည်းဆိုတော့ ပဲခူးတိုင်းဒေသကြီးမှာ (၂၈)မြို့နယ်ရှိတဲ့အထဲက ကျွန်တော်တို့နေထိုင်တဲ့ ပြည်မြို့ကို
ဇကာတင်ရွေးချယ်ခံရတဲ့အတွက် ပြည်မြို့သား/သူတွေကိုယ်စား အတိုင်းမသိဝမ်းသာဂုဏ်ယူမိပါတယ် အကယ်လို့ဒီဆုသာရခဲ့ရင် ကျွန်တော်တို့ ပြည်မြို့နယ်အတွင်း
မှာနေထိုင်တဲ့ လူထုအတွက် စီးပွားရေး၊ကျန်းမာရေး၊ပညာရေးတွေစတဲ့ကိစ္စတွေပိုမိုတိုးတက်လာမယ်လို့ယုံကြည်မိပါတယ်။ အခုလက်ရှိအနေအထားမှာလည်း ကျွန်တော်
တို့ပြည်မြို့ဟာ အရင်ကနဲ့မတူတော့ဘဲ အစစအရာရာတိုးတက်လာတယ်လို့မြင်တွေ့ရပါတယ် ။ တကယ်လို့ဒီဆုသာရခဲ့ရင်အတိုင်းထက်အလွန်ပေါ့ဗျာ မရခဲ့ရင်လည်း
ကျွန်တော်တို့ ပြည်မြို့အုပ်ချုပ်ရေးအာဏာပိုင်များနဲ့ ပြည်မြို့သူ/သားများကလည်း ပြည်မြို့ကြီးကို အစစအရာရာတိုးတက်လာအောင် ကြိုးစားသွားဖို့လိုပါလိမ့်မယ်လို့
ပြောချင်ပါတယ်ဗျာ...ဟု ပြည်မြို့ဒေသခံဖြစ်သူ ကိုရဲမင်းဦး မှ ပြည်သတင်းကို ပြောကြားသွားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်မြို့ မြို့မိမြို့ဖတဦးကိုမေးမြန်းခဲ့ရာ ယခုလိုပြန်လည်ဖြေကြားခဲ့
**********************************************************************************
ဆုရဖို့ကတော့သေချာသလောက်ဖြစ်နေပါတယ် ပြည်မှာသိရသလောက်ကတော့ (၁၀၀)ကို အမှတ်(၈၂)မှတ်ရနေပါပြီ ဒီကတင်ထားတဲ့အမှတ်ထက်ပိုရပါတယ် ဒီကတင်လိုက်တာ
(၇၀)ကျော်ပါ။ ဆုက ရတော့မရသေးဘူး ရခဲ့ရင်တော့ အတိုင်းမသိဝမ်းသာမိပါတယ် ပြီးတော့ မြို့မှာရော မြို့နားဝန်းကျင်က ကျေးရွာအုပ်စုတွေမှာပါ ရေ၊မီးမရသေးတာတွေ ရလာမှာပါ
မနက်ဖြန်သဖက်ခါ အစည်းဝေးပြီးရင်တော့ပြောရတာပိုကောင်းပါတယ် လက်ရှိရဖို့တော့သေချာသလောက်ဖြစ်နေပါပြီ (၈၂)မှတ်ဆိုတာတော့ အတော်ကလေးကိုရနေပါတယ်
ပြီးတော့ မှော်ဇာဘက်က ရှေးဟောင်းဇုံကြောင့် အမှတ်တွေပိုရခဲ့တယ်  အဲဘက်မှာလည်း တိုးတက်ကောင်းမွန်စရာအလုပ်တွေအများကြီးလုပ်ဖို့ရှိနေပါသေးတယ် ဟုပြောကြားသွားခဲ့ပါသည်။..ဟုပြောကြားသွားခဲ့ပါသည်
ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page