Tuesday, January 21, 2014

ရန်ကုန်နှင့်ပြည် ပြတိုက်များမှ ပျူခေတ်လက်ရာများ အမေရိကန်တွင် သွားရောက်ပြသမည်

Leave a Comment


ရေခဲ(ပြည်)

ရန်ကုန်မြို့ဟောင်း သုတေသနပြတိုက်နှင့် ပြည်မြို့ သီရိခေတ္တရာပြတိုက်တို့မှ ပျူခေတ်ရှေးဟောင်း ပစ္စည်း ၂၂ မျိုးကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Metropolitan Museum of Art ပြတိုက်သို့ ဧပြီ လတွင် ပို့ဆောင်ပြသမည်ဟု စီစဉ်ဆောင်ရွက်နေသူ Elan Logistics Lt.d ၏ မန်နေဂျာ ကိုဇော်မျိုးထွေး က ပြောသည်။
“ပစ္စည်း ၂၂ မျိုးကို ပြသမယ်၊ ပြည်က ခုနစ်မျိုး၊ ရန်ကုန်က ၁၅ မျိုး၊ ၂၂ မျိုး စီစဉ်ထားတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က သမ္မတကြီး အမေရိကန်သွားခဲ့တယ်။ Government to Government Agreement ယူခဲ့တယ်။ ကျွန်တော်တို့နိုင်ငံကလည်း ပွင့်လင်းလာပြီဆိုတော့ အမေရိကလည်း မြန်မာပြည်ရဲ့ ရှေး ဟောင်းယဉ်ကျေးမှုကို စိတ်ဝင်စားတယ်”ဟု ကိုဇော်မျိုးထွေးက ပြောသည်။

ရှေးဟောင်းသုတေသနပြတိုက်နှစ်ခုမှ ပျူခေတ် AD လေးရာစုမှ ခုနစ်ရာစုအကြား ရှေးဟောင်းဘုရားရုပ် တု၊ ဒင်္ဂါးပြား၊ ကျောက်စာ၊ ဌာပနာအဖုံး စသည်တို့ကို Metropolitan Museum of Art တွင် ဧပြီလ ၄ ရက်မှ ဇူလိုင်လ ၁၇ ရက်အထိ ပြသရန် စီစဉ်နေခြင်းဖြစ်သည်။ အဆိုပါပစ္စည်းများအတွက် ထုတ်ပိုးမှု၊ သယ်ယူပို့ဆောင်မှု၊ သွင်းကုန်ထုတ်ကုန်လိုင်စင် ရရှိရေးများကို Elan Logistics Lt.dက တာဝန်ယူ လုပ် ဆောင်သွားမည်ဟုလည်း ကိုဇော်မျိုးထွေးက ပြောသည်။
အမေရိကန်သို့ ပျူခေတ်ရှေးဟောင်းပစ္စည်းများ သွားရောက်ပြသရာတွင် ထိခိုက်ဆုံးရှုံးမှုမရှိနိုင်ရန် စီစဉ် ထားသည်ဟုလည်း ပြည်သီရိခေတ္တရာပြတိုက် ၀န်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
“ပစ္စည်းတန်ဖိုး၊ ရှေးဟောင်းတန်ဖိုး၊ သမိုင်းတန်ဖိုး အဲဒါတွေအားလုံးကို ငွေကြေးပမာဏ အများကြီး တင် ထားပါတယ်။ နည်းနည်းလေးမှ မှားလို့မရပါဘူး၊ နည်းနည်းလေးမှလည်း ထိခိုက်ခံလို့မရပါဘူး၊ အစ်မတို့ ကလည်း မှတ်တမ်းတွေ အများကြီး ယူထားပါတယ်။ အက်ကြောင်းလေးကအစ မှတ်တမ်းယူထားပါ တယ်” ဟု ပြောသည်။

အဆိုပါပြပွဲသို့ မြန်မာနိုင်ငံသာမက အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက် နမ်နိုင်ငံတို့မှလည်း ပါဝင်ပြသမည်ဖြစ်သည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိMetropolitan Muse- um of Art ပြတိုက်သို့ တစ်နှစ်အတွင်း လာရောက်ကြည့်ရှုသူ ငါသန်းခန့်ရှိပြီး ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံးပြတိုက် ဖြစ်သည်။
အမေရိကန်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုအမွေအနှစ် ပူးပေါင်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များအဖြစ် မန္တ- လေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ နှစ်ပေါင်း ၁၃၀ ကျော်ပြီဖြစ်သော ရွှေကျောင်း တော်ကြီးကို ထိန်းသိမ်းရန်လည်း သဘောတူထားသည်။ စီမံကိန်းအတွက် ကုန်ကျငွေကို အမေရိကန်နိုင်ငံအခြေစိုက်Ambassadors Fund for the Cultural Preservation အဖွဲ့အစည်းမှ ကူညီမည်ဟုလည်း ကြေညာချက် ထုတ်ပြန်ထားသည်။

Pyay City

0 comments:

Post a Comment

Facebook Like Page