Wednesday, January 29, 2014

ဒါနပင်လယ် ကွန်ပြူတာ သင်တန်းဆင်းပွဲ ကျင်းပ

Leave a Comment
ပဲခူးတိုင်းေးသကြီး အနောက် ပြည်ခရိုင် ရွှေတောင်မြို့နယ် ပရဟိတ နာရေးကူညီမှုအသင်းနှင့် မြို့မိမြို့ဖတို့၏ ပံ့ပိုးကြီးကြပ်စီစဉ်မှုဖြင့် ဒါနပင်လယ် အခမဲ့ကွန်ပြူတာ သင်တန်းအမှတ်စဉ် (၉/၂၀၁၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်က ရွှေတောင်မြို့ သရက်တောရပ်ကွက် ရွှေဂူကြီးဘုရား ပရိဝုဏ်အတွင်းရှိ မြင့်ရတနာ ဓမ္မာရုံတွင်ကျင်းပရာ ဒါနပင်လယ် သြဝါဒဆရာတော်ကြီးများဖြစ်ကြသည့် ဦးဇောတိက၊ ဦးပညာသီရိတို့က သြဝါဒကထာမြွက်ကြားပြီး ဒါနပင်လယ် အခမဲ့ ကွန်ပြူတာအသင်း ဥက္ကဌ ဦးမြတ်စိုးနိုင်၊ ပရဟိတ နာရေးကူညီမှုအသင်း (ရွှေတောင်) ဦးမျိုးမြင့်သောင်းနှင့် မြို့မိမြို့ဖ တို့တက်ရောက်ကြပြီး သင်တန်းသူ၊ သင်တန်းသားများအား ဒါနပင်လယ် အခမဲ့ကွန်ပြူတာသင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ခဲ့သည်။

0 comments:

Post a Comment

Facebook Like Page