Thursday, January 16, 2014

ပြည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ရရှိသောရန်ပုံငွေ သိန်း (1000) အပေါ် ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ မေးမြန်းခြင်း

Leave a Comment
17.1.2014 နံနက် 11 နာရီ အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ ရရှိသောရန်ပုံငွေ သိန်း (1000) အပေါ်ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်သတင်းမှ သွားရောက်မေးမြန်းရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမှ ရရှိထားသော သိန်း (1000) အပေါ်တွင် ဆောင်ရွက်ခြင်းလုပ်ငန်းလုပ်ကိုင်ရာ ပြည်မြို့နယ် (69) အုပ်စုသို့ နယ်မြေစုံရောက်ရှိစေပြီး (69) အုပ်စု အထောက်ကူပြုအဖွဲ့များ၊ ရပ်မိရပ်ဖများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းများဆောင်ရွက်စေပြီး ထင်သာမြင်သာဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ပါသည်။

အဆိုပါ (69) အုပ်စုတွင် ချထားေးသောလုပ်ငန်းများသည် သက်ဆိုင်ရာဌာနများ၏ ဘတ်ချက်မှ ချထားပြီး မဆောင်ရွက်နိုင်သော လုပ်ငန်းများကို ဦးစားပေးရွေးချယ်ထားခဲ့ပါသည်။ ဥပမာ - ရွာတွင်းလမ်းမများ၊ ကုန်ထုတ်တံတားများ၊ ပညာရေးဆိုင်ရာ အသေးစားပြုပြင်မှုများ စသည့်တို့တွင် ဦးစားပေးရွေးချယ်ခဲ့ပါသည်။
ထိုသို့ ဆုံးဖြတ်ရာတွင်လည်း ကိုယ်စားလှယ်များ၊ မြို့နယ်အထောက်ကူပြု ကော်မတီ၊ ရပ်/ကျေး အထောက်ကူပြုကော်မတီ၊ ကိုယ်စားလှယ်များ၏ နယ်မြေတွင်း ကွင်းဆင်းစစ်ဆေးတင်ပြမှုတို့ဖြင့် ဆောင်ရွက်ရပါသည်။

ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ကုန်ကျငွေများ

1. သောက်သုံးရေရရှိရေးလုပ်ငန်း ( တွင်းတိမ်/စက်တွင်း) - ( ၂၆ တွင်း = ၁၅၆ သိန်း )
2. ကျေးလက်လမ်းများပြုပြင်ခြင်း ( ၇၄ လမ်း = ၄၄၉ သိန်း )
3. ကျေးလက်တံတားပြုပြင်ခြင်း/တည်ဆောက်ခြင်း ( ၁၂ ခု = ၁၁၆ သိန်း )
4. ပညာရေးကျောင်းများပြုပြင်ခြင်း ( ၂၁ ခု = ၁၁၅ သိန်း )
5. ကျန်းမာရေးအဆောက်အဦးပြုပြင်ခြင်း ( ၄ ခု = ၂၀ သိန်း)
6. အခြေခံပညာကျောင်းများ ၄ ဦးထိုင် စာသင်ခုံဖြည့်ဆည်းခြင်း ( ၄၀၀ လုံး = ၁၀၀ သိန်း )
7. ရေကြီးနစ်မြုတ်မှုကာကွယ်ရန်နှင့် စိုက်ပျိုးရေ ရရှိရေး မြောင်းတူးဖော်ခြင်း ( ၂ ခု = ၂၄ သိန်း )
8. ကြီးကြပ်ဆောင်ရွက်မှု ရုံးလုပ်ငန်းသုံး စရိတ် ခန့်မှန်း ( ၁ ခု = ၂၀ သိန်း )

အဆိုပါ - လုပ်ငန်းအားလုံး ရပ်/ကျေး အုပ်စုအလိုက် ရန်ပုံငွေချထားမှုအခြေအနေနှင့် အသေးစိတ်သိရှိလိုသည့် ကိစ္စရပ်များကို ပြည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးတွင် လွတ်လပ်စွာ မေးမြန်းနိုင်ပါကြောင်းနှင့် ကိုယ်စားလှယ်များမှ ဖိတ်ကြားပါကြောင်းကို ပြည်သတင်းသို့ ပြောကြားသွားပါသည်။

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364


0 comments:

Post a Comment

Facebook Like Page