Friday, December 6, 2013

ကြိုးဖုန်းအချို့ လိုင်းပြတ်မှု ဒီဇင်ဘာ ၆ ပြင်ပြီးမည်ဟုဆို

Leave a Comment

ပြည်၊ ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် ဒစ်ဂျစ်တယ် ဖုန်းလိုင်းအချို့ လိုင်းပြတ်တောက်မှုကြောင့် မြေအောက် ကေဘယ်လ် လိုင်း ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း ပဲခူးတိုင်း (အနောက်ပိုင်း) မြန်မာ့ဆက်သွယ်ရေးရုံးထံမှ သိရှိရသည်။

ဒစ်ဂျစ်တယ်ကြိုး ဖုန်းလိုင်း ၃၀ ခန့် ပြတ်တောက်မှုကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့မှစ၍ ချို့ယွင်းသည့် လိုင်းဆက်ကြောင်း များကို တူးဖော်ကာ ပြန်လည် ပြုပြင်လျက် ရှိပြီး ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြင်ဆင်မှု ပြီးဆုံးမည် ဖြစ်ကြောင်း မြို့တွင်း ကေဘယ်လ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဖုန်းလိုင်း ၃၀ လောက် ကျနေလို့ စက်နဲ့ ချို့ယွင်းချက်ကို ရှာလိုက်တော့ ရွှေဆံတော် မြောက်စောင်းတန်းရှေ့မှာ သွားတွေ့တယ်။ မနက်ဖြန်တော့ ပြီးမှာပါ၊ မြေအောက် သုံးပေခွဲ အနက်မှာရှိတဲ့ ကေဘယ်လ် ဆက်ကြောင်းတွေက ရေဝင် နိုင်တာကြောင့် ပျက်စီးနိုင်တယ်” ဟု ၎င်းကဆိုသည်။

ပြုပြင်နေသည့် နယ်နိမိတ်အတွင်း ဒစ်ဂျစ်တယ် ဖုန်းလိုင်း ၁၅၀ ခန့် ရှိနေပြီး ပြင်ဆင်မှုမှာ ယခုနှစ်တွင် ပထမဆုံး အကြိမ် ဖြစ်ကြောင်း၊ ပြည်မြို့နယ်တွင် ဒစ်ဂျစ်တယ် ကြိုးဖုန်းလိုင်း ၄၀၀၀ ကျော် ရှိကြောင်း ပဲခူးတိုင်း (အနောက်ပိုင်း) မြန်မာ့ဆက်သွယ်ရေးရုံး စာရင်းများအရ သိရသည်။

The Voice

0 comments:

Post a Comment

Facebook Like Page