ပဲခူးတိုင်း၊
ပြည်ခရိုင် ပြည်မြို့တွင် မီးသင်္ဂြိုဟ်စက် ထားရှိနိုင်ရန်
ရန်ပုံငွေကျပ်သိန်း ၁၀၀ ရရှိရေး အလှူ ငွေကောက်ခံရာတွင် တစ်ရက်တည်းနှင့်
ကျပ်သိန်း ၁၄၀ ကျော် ရရှိခဲ့သည်ဟု မိုးမေတ္တာ နာရေးကူညီမှု အသင်းမှ
ဦးကြည်အေးက ပြောသည်။
“အလှူငွေကတော့ ပထမတစ်ရက်တင်ပဲ သိန်း ၁၄၀ကျော်သွားပါပြီ။ စက်တစ်လုံးကို သိန်း၁၀၀လောက် ကုန်မယ်လို့ ခန့်မှန်းထားတဲ့အတွက် ပြည်မြို့သူမြို့သားတွေဆီက စုဆောင်းထားတဲ့ငွေနဲ့ မီးသင်္ဂြိုဟ်စက် ဖြစ်မြောက်သွားပြီလို့ ပြောလို့ရပါတယ်”ဟု ၎င်းက ပြောသည်။
မူလက ဒီဇင်ဘာ၂၁၊၂၂ ရက်များတွင် ရန်ပုံငွေရရှိရေး ကြိုးပမ်းရန် လျာထားသော်လည်း တစ်ရက်တည်း နှင့်ပင် ခန့်မှန်းကုန်ကျမည့်ငွေထက် ကျော်လွန် ရရှိခဲ့ခြင်းဖြစ်သည်။ ရန်ပုံငွေပွဲကို ပြည်မြို့ အမှတ်(၁) အ စိုးရအထက်တန်းကျောင်း လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင်
ပြုလုပ်ခြင်းဖြစ်ပြီး ဖျော်ဖြေရေးနှင့်စာပေ ဟောပြောပွဲများဖြင့်
လှုံ့ဆော်ဆောင်ရွက်ခဲ့သည်။ မီးသင်္ဂြိုဟ်စက်ထူထောင်ရန်
ခန့်မှန်းလိုအပ်သည့်ပမာဏထက် ပိုလျှံသည့် ငွေများကို တရားနာဆောင်
ဆောက်လုပ်ရန်နှင့် သင်္ချိုင်းပတ်လမ်း ဖောက်လုပ်ရန်တို့တွင် အသုံးပြုရန်
ရည်ရွယ်ထားသည်ဟု မိုးမေ- တ္တာ နာရေးကူညီမှုအသင်းက ပြောသည်။ ထင်းအသုံးပြုရမည့်
ထိုင်းနိုင်ငံလုပ် မီးသင်္ဂြိုဟ်စက်ကို သုံးစွဲရန် စီစဉ်ထားပြီး
ဇန်န၀ါရီလအတွင်း အပြီး တည်ဆောက်ရန် လျာထားသည်။ ယခင်က ပြည်မြို့တွင်
မီးသင်္ဂြိုဟ်ပါက ဒီဇယ်ဆီဖိုး ကျပ် နှစ်သောင်း အထိ ကုန်ကျနေပြီး ယခု
မီးသင်္ဂြိုဟ်စက် တည်ဆောက်ပြီးစီးပါက အများဆုံး ကျပ်လေးထောင်ခန့်သာ
ကုန်ကျတော့မည်ဟု ခန့်မှန်းထားကြသည်။
ရေခဲ(ပြည်)
“အလှူငွေကတော့ ပထမတစ်ရက်တင်ပဲ သိန်း ၁၄၀ကျော်သွားပါပြီ။ စက်တစ်လုံးကို သိန်း၁၀၀လောက် ကုန်မယ်လို့ ခန့်မှန်းထားတဲ့အတွက် ပြည်မြို့သူမြို့သားတွေဆီက စုဆောင်းထားတဲ့ငွေနဲ့ မီးသင်္ဂြိုဟ်စက် ဖြစ်မြောက်သွားပြီလို့ ပြောလို့ရပါတယ်”ဟု ၎င်းက ပြောသည်။
မူလက ဒီဇင်ဘာ၂၁၊၂၂ ရက်များတွင် ရန်ပုံငွေရရှိရေး ကြိုးပမ်းရန် လျာထားသော်လည်း တစ်ရက်တည်း နှင့်ပင် ခန့်မှန်းကုန်ကျမည့်ငွေထက် ကျော်လွန် ရရှိခဲ့ခြင်းဖြစ်သည်။ ရန်ပုံငွေပွဲကို ပြည်မြို့ အမှတ်(၁) အ စိုးရအထက်တန်းကျောင်း လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင်
ရေခဲ(ပြည်)
0 comments:
Post a Comment