Thursday, December 5, 2013

၁၃၇၅ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် (အခြေခံပညာအထက်တန်းအဆင့်) စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့

Leave a Comment

ပဲခူးတိုင်း ဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့တွင် မြို့နယ်စာရေးဆရာအသင်းမှကြီးမှုးကျင်းပသော ၁၃၇၅ ခုနှစ် စာဆိုတော်နေ့
အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့ပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။ အဆိုပါ စာဆိုတော်နေ့ အခမ်းအနား နှင့် စာဆိုတော်
နေ့အထိမ်းအမှတ်စာစီစာကုန်းပြိုင်ပွဲကို မြို့နယ်စာရေးဆရာအသင်းမှ ဦးစီး၍ ယခုနှစ်နဲ့ဆိုလျှင်(၂)ကြိမ်မြောက်ကျင်းပခဲ့တာဖြစ်ပြီး
စာဆိုတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကိုအဓိကရည်ရွယ်ချက်ကတော့ မြန်မာစာပေဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကရည်
မှန်းပြီး မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှုးကျင်းပခဲ့ကြောင်း အဆိုပါပြိုင်ပွဲအခမ်းအနားသို့ မြို့နယ်ပညာရေးမှုးများ၊မြို့နယ်စာပေနယ်ပယ်
မှလူကြီးများ နှင့် ဆရာ/မ များ ပြိုင်ပွဲဝင် ပြည်မြို့ပေါ်ရှိ အထက်တန်းကျောင်း(၁၀)ကျောင်းမှ ကျောင်းသား/သူ များ တက်ရောက်ခဲ့ကြောင်း
သိရသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် ပေးအပ်ချီးမြင့်သွားမည့် ဆုများကတော့....ပထမဆု(၁)သိန်းကျပ်၊ဒုတိယဆု(၇)သောင်းကျပ်၊တတိယဆု(၅)
သောင်းကျပ် နှင့် အထူးဆုကျပ်ငွေ(၂)သောင်း ဆု(၂)ဆု စုစုပေါင်း(၅)ဆုကို မြို့နယ်စာရေးဆရာများအသင်းမှ ပေးအပ်ချီးမြင့်သွားမည်ဟု
သတင်းရရှိခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲတွင် မြို့နယ်စာရေးဆရာအသင်းမှ ရွေးချယ်ထားသော ခေါင်းစဉ်(၃)ခုအနက်မှ မိမိကြိုက်
နှစ်သက်ရာတစ်ခုကို ပြိုင်ပွဲဝင်များမှ စာစီကုံးရမှာဖြစ်ကြောင်း ခေါင်းစဉ်(၃)ခုမှာ...၁။လမြတ်နတ်တော် စာဆိုတော်၊၂။စာပေလူငယ် ဂုဏ်တင့်
ကြွယ်၊၃။စာပေပြူတင်းမှ ကမ္ဘာကြည့် ကြည့်နိုင်ခြင်း တို့ကို ရွေးချယ်ထားကြောင်းပါကြောင်း အဆိုပါပြိုင်ပွဲဆုရသူများ နှင့် (တိုင်းဒေသကြီး
အဆင့်) ဆို၊က၊ရေးတီးပြိုင်ပွဲ မှ ဆုရရှိသူ မြို့နယ်စာရေးဆရာအသင်းမှ မျိုးဆက်သစ်ရင်သွေးငယ်လေးများကိုပါ ဆုများပေးအပ်ချီးမြင့်သွား
မည်ဖြစ်ကြောင်း အဆိုပါဆုပေးအပ်ချီးမြင့်ပွဲကို ၂၀၁၄ ခုနှစ် ၁.လပိုင်း (၆)ရက်နေ့တွင် စာပေဟောပြောပွဲကျင်းပပြုလုပ်ရင်း ဆုချီးမြင့်ပေး
အပ်ပွဲကိုပါကျင်းပသွားမှာဖြစ်ပါကြောင်း အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှ ပေးပို့သော သ၀ဏ်လွှာအား
ပြည်မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဒေါက်တာယဉ်ဝေလွင်(ယဉ်ဝေလွင်..ပြည်)မှ စာဆိုတော်နေ့ အထိမ်းအမှတ်သ၀ဏ်လွှာအား
ဖတ်ကြားခဲ့ကြောင်း အဆိုပါအခမ်းအနားကို တက်ရောက်သူအင်အား (၅၀)ကျော်တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနာကို နံနက်(၈)နာရီ
မှ နံနက်(၁၁း၀၀)ကျော်အထိကျင်းပပြုလုပ်သွားကြောင်းသတင်းရရှိခဲ့ပါသည်။...

ပြည်သတင်း https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ် https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ https://www.facebook.com/groups/670687089615364

www.pyaynews.blogspot.com

0 comments:

Post a Comment

Facebook Like Page