Friday, December 13, 2013

စစ်တပ်ကိုဘာကြောင်.လွှတ်တော်ထဲက ထွက်သွားစေချင်တာလဲ သရ၀ဏ်(ပြည်)

Leave a Comment
စစ်တပ်ကိုဘာကြောင်.လွှတ်တော်ထဲက ထွက်သွားစေချင်တာလဲ

သရ၀ဏ်(ပြည်)

မြန်မာ.နိုင်ငံရေးေ၇ချိန်သည် အထွတ်အထိပ်နီးပါး သို.ရောက်နေသောကာလဖြစ်သည် ။ အထွတ်အထိပ်နီးပါးဟုပြောရခြင်းမှာ ၂၀၁၅ ရွေးကောက်ပွဲရလာဒ် ပေါ်ထွက်လာ၍ အစိုးရအဖွဲ.ဖွဲ.သောအချိန်သည် မြန်မာနိုင်ငံ၏အထွတ်အထိပ် အချိန်ဖြစ်ပြီး ၊ ယခု အချိန်သည် ဒုတိယအရေးအကြီးဆုံးကာလဖြစ်သည် ။ ၂၀၁၅ တွင်ပေါ်ပေါက်လာမည်.အစိုးရ ၊ လွှတ်တော် နှင်. ဖွဲ.စည်းပုံ အခြေခံ အဆောက်အဦကို ယခုအခါ ဒီဇိုင်းရေးဆွဲ ပြင်ဆင်နေသောကာလဖြစ်၍ ယခုအချိန်မှာ အဆောက်အဦ ပြီးစီးမည်.ကာလထက် ပို၍ အရေးကြီးသော ကာလဟုလည်းပြောနိုင်ပါသည် ။ ယခုအခါ ဖွဲ.စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင်.ပါတ်သက်၍လူပြောသူပြောအများဆုံးအချိန်ဖြစ်ရာ ထိုသူများထဲတွင် (က) အကုန်ဖျက်၍ အသစ်ရေးဆွဲလိုသူ ၊(ခ)များများပြင်လိုသူ ၊ (ဂ)နဲနဲပြင်လိုသူ ၊ (ဃ) လုံးဝမပြင်လိုသူ ဟူ၍ အုပ်စုလေးစုကွဲသွားမည်ထင်သည် ။ လက်တွေ.ကျကျစဉ်းစားကြည်.သောအခါ (က) အုပ်စုနှင်. (ဃ) အုပ်စုမှာလက်တွေ.အလုပ် ဖြစ်နိုင်ခြေ နည်းပါးပြီး (ခ) အုပ်စုနှင်. ( ဂ) အုပ်စု အားကောင်းနေသည်ကိုတွေ.ရပေသည် ။

(ခ) အုပ်စုတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအင်အားစုများ ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ ၊ ပြည်တွင်းလက်နက်ကိုင် တိုင်းရင်းသားများ ပါဝင်နေသည်ကိုတွေ.နိုင်ပြီး (ဂ) အုပ်စုတွင် သမ္မတ ဦးသိန်းစိန် အပါအ၀င် အုပ်ချုပ်ရေးအာဏာပိုင်များ ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င် တပ်မတော် ကိုယ်စားလှယ်များပါဝင်သည် ဟု အကြမ်းဖျင်း ယေဘုယျသတ်မှတ်နိုင်ပါသည် ။ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေနှင်.ပါတ်သက်၍ (ခ) အုပ်စုက အဓိကပြင်ဆင်လိုသည်.အချက်များမှာ သမ္မတအရည်အချင်းသတ်မှတ်ချက်နှင်.ပါတ်သက်သော ပုဒ်မ ၅၉ (ခ) ။ ကမ္ဘာပေါ််တွင်ပြင်ရအခက်ဆုံးအခြေခံဥပဒေဖြစ်အောင်ရေးဆွဲထားသော ဖွဲ.စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းအခန်း ပုဒ်မ ၄၃၆ (က) ။ ပြည်နယ် ပြည်မ အာဏာခွဲဝေရေး ( ပုဒ်မ ၁၈၈ နှင်. ကိုရည်ညွှန်းသော တိုင်းဒေသကြီး သို.မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း ၊ ဇယား၂ ) ။ ပြည်နယ်ပြည်မ အခွန်ခွဲဝေကောက်ခံရေး ( ပုဒ်မ ၂၅၄ ကိုရည်ညွှန်းသော တိုင်းဒေသကြီးသို.မဟုတ် ပြည်နယ်များကကောက်ခံရမည်.အခွန်အခများ ၊ ဇယား ၅ ) ။ အရေးအကြီးဆုံးအနေဖြင်. ဥပဒေပြုရေး မဏ္ဍိုင်နှင်.အုပ်ချုပ်ရေးမဏ္ဍိုင် တို.တွင် တပ်မတော်က ၂၅ ရာခိုင်နှုန်း ၀င်ယူထားသည်. ပုဒ်မ (၁၄) ၊ ၇၄ (က) ၊ ၇၄ (ခ) တို.ဖြစ်သည် ။

(ဂ) အုပ်စုဟုခေါ်သော နည်းနည်းသာပြင်လိုသောအုပ်စု တွင် တပ်မတော်ကရှေ.ဆုံးမှပါသည် ။ လက်ရှိအာဏာရအစိုးရကလည်းသိပ်ပြီးပြင်လိုပုံမပေါ်။ အာဏာရပါတီဟု ခေါ်ဆိုနိုင်သော ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ မှ ထိပ်တန်းခေါင်းဆောင်အချို.လည်းပါဝင်သည် ။ သူတို.က ဖွဲ.စည်းပုံအခြေခံဥပဒေကိုပြင်မည်ဆိုလျင် ပြည်နယ် ပြည်မ ဥပဒေပြု မှုနှင်.အခွန်အခ ခွဲဝေကောက်ခံရေးမှ သိပ်ပြီး အရေးမပါသော ဇယား (၂) ၊ ဇယား(၅) တို.မှအချက်အချို.ကိုသာ တို.တို.တိတိ ပြင်ချင်သည် ။ ဒီမိုကရေစီဘက်တော်သားများတောင်းဆိုနေကြသော လွှတ်တော် တွင်တပ်မတော်က တိုက်ရိုက် ၂၅ ရာခိုင်နှုန်း ရွေးကောက်ခံမဟုတ်ပဲပါဝင်ပါတ်သက်နေခြင်း ၊ အခြေခံဥပဒေ ပြုပြင်ရေး ကိုအဟန်.အတားဖြစ်နေသော ပုဒ်မများ ၊ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကိုဟန်.တားထားသော ပုဒ်မများ၊ ဖက်ဒရယ်ပြည်ထောင်စုဖွဲ.စည်းရေးကိုအနှောက်အယှက်ပြုနေသည်.ပုဒ်မများ ၊ဖက်ဒရယ်တပ်မတော်ဖွဲ.စည်းရေး စသည်တို.ကိုပြင်ဖို.စိတ် ဆန္ဒမရှိပေ ။

“ အခုအတိုင်းကောင်းနေသားပဲ ဘာပြင်ဆင်ဖို.လိုသေးလဲ “ ဟူသောစကားမှာခေါင်းမာဂိုဏ်းသားများ ပြောလေ.ရှိသောစကားဖြစ်သည် ။ အချို.ကလည်း “တပ်မတော်သားတွေလွှတ်တော်ထဲဝင်နေတာ ဘယ်သူ.ကိုအနှောက်အယှက်ဖြစ်နေလို.လဲ ၊ သူတို.က လွှတ်တော်ထဲမှာ ဘာတွေ အနှောက်အယှက်ပေးနေလို.လဲ “ ဟုတန်ပြန်မေးခွန်းထုတ်ကြသည် ။ ဤကိစ္စသည် ကြည်.သူ၏ ဥာဏ်ရည်ဥာဏ်သွေးဖြင်.သာဆိုင်သောကိစ္စဖြစ်သည် ဟုဆိုချင်ပါသည် ။
အချို.သောသူများ ယူဆနေသယောင်ရှိသည်မှာ တပ်မတော်သားများသည် လွှတ်တော်ထဲတွင် ဆဲဆို မူးယစ်ယမ်းကား၊ လူတကာကိုအန္တရာယ်ပြုနေမှ သာ လွှတ်တော်ထဲတွင်မရှိထိုက်ကြောင်း အရပ်သားများကပြောသင်.သည် ။ ယခုလို ကုနြေ္ဒရရ သိက္ခာရှိရှိ လူကြီးလူကောင်းဆန်ဆန် လွှတ်တော်ထဲတွင်ထိုင်နေသည်မှာ အလွန်ပင် ကောင်းမွန်လှသည် ။ ထိုသို.ကောင်းနေသောကိစ္စကိုမည်သည်.အတွက်ကြောင်. နိုင်ငံရေးသမားဆိုသည်. စည်းမရှိကမ်းမရှိ အမှိုက်ပစ်ချင်သည်.အခါပစ် ၊ တံတွေးထွေးချင်ရာထွေး ၊ အထက်အမိန်.ကိုမနာခံ သည်.လူများက ဝေဖန်ကန်.ကွက်နေပါဘိသနည်းဟု နားမလည်နိုင်အောင်ဖြစ်နေပုံ ရပေသည် ။ ဤနေရာ၌ ထိုသို.ထင်မြင်ယူဆနေသူများသည် တံဆိပ်နှင်. ပါဝင်ပစ္စည်း သဘောကိုနားမလည်၍ (သို.မဟုတ် နားမလည်ချင်ယောင်ဆောင်နေ၍ ) ပြောသည်ဟု ကျွန်တော်ယူဆပါသည် ။

တံဆိပ် ( Brand ) နှင်. ပါဝင်သောပစ္စည်း ( Contents ) ဆိုသည် မှာ ဤသို.ဖြစ်သည် ။ သင်သည် နီလာဒံပေါက်ဆိုင်ဆိုသော ဆိုင်းဘုတ်ကိုတွေ.သည်နှင်.ဒံပေါက်ပါဆယ်တစ်ထုပ်ဝင်ဝယ်၏ ။ အိမ်ကျမှဖွင်.ကြည်.သောအခါ ဒံပေါက်မဟုတ်ပဲ ကြက်ဆီထမင်းတွေဖြစ်နေသည် ။သင်၏စိတ်၌ စွဲမြဲစွာမှတ်ယူထားသည်မှာ နီလာဟူသော တံဆိပ် (Brand ) အောက်တွင် ပါဝင်သောပစ္စည်းမှာ ဒံပေါက်ဖြစ်လိမ်.မည်ဟူသောယုံကြည်မှုဖြစ်သည် ။ ယခုဖြစ်နေသော ကိစ္စမှာ Brand မှန်သော်လည်း ပါဝင်ပစ္စည်း Contents မှားနေခြင်းဖြစ်သည် ။ ဤနေရာ၌ ၀ယ်ယူသူသည် ဗူးထဲတွင်ပါဝင်သော ကြက်ဆီထမင်းသည်မကောင်းဘူး ၊ အပုပ်အသိုးတွေပါဟု ဆိုလိုရင်းမဟုတ် ။်ဲကြက်ဆီထမင်းလည်းကောင်း သည်မှာ သေချာပါ၏ ။ပြသနာမှာ ကြေငြာထားသော Brand အောက်တွင် ပါဝင်ပစ္စည်းမှာ တလွဲဖြစ်နေခြင်းဖြစ်သည် ။ Swiss Army Knife ဆိုသော ဗူးထဲတွင် မကွေးချိုက်ကပ်ကြေး ထည်.ရောင်းလျင် ၊ ပေါ်ဆန်းမွှေးဆိုသောတံဆိပ် ပါ ဆန်အိတ်တွင် ငါးစိန်ဆန်များထည်.ရောင်းလျင် ၊ Toyota ဟူသော တံဆိပ်ကပ်ကာ စက်မှုဇုန်မှကားကိုရောင်းလျင် ဖြစ်ပေါ်လာမည်.ကိစ္စအားလုံးသည် တံဆိပ်နှင်. ပါဝင်ပစ္စည်းမကိုက်သည်.ပြသနာဖြစ်သွားပေလိမ်.မည် ။ ဤနေရာ၌ ချိုက်ကပ်ကျေးလည်းကောင်းပါသည် တို. ၊ ငစိန်ဆန်က ဘယ်သူ.ကိုအနှောက်အယှက်ပေးနေလို.လဲတို. ၊ စက်မှုဇုန်ထုတ်ကားတွေ စည်းကမ်းအလွန်ရှိသည်တို. ၊ Toyota သည် စည်းကမ်းတစ်စက်မှမရှိတို.ဆိုသည် မှာ ပြသနာ၏ အဓိကအဖြေမဟုတ် မှန်းရိပ်စားမိမည် ထင်ပါသည် ။ ဒီမိုကရေစီ ဆိုသော သေတ္တာကိုဖွင်.ကြည်.လိုက်သောအခါ ရွေးကောက်ခံမဟုတ်သော အစုအဖွဲ.ပါနေခြင်းကပင် တံဆိပ် နှင်. ပါဝင်ပစ္စည်းလွဲနေခြင်းဖြစ်သည် ။ James Bond ကားပြမည်ဟုကြော်ငြာချိတ်ဆွဲထားပြီး ရုပ်ရှင်ရုံထဲရောက်ကာမှ ရွှေဘကားကြည်.ရသလိုဖြစ်နေပေသည် ။ ဤနေရာ၌ ရွေဘသည် ဂျိမ်းစ်ဘွန်းထက်တော်ခြင်းမတော်ခြင်း ၊စည်းကမ်းရှိခြင်းမရှိခြင်းမှာတစ်ကိစ္စ ၊ ကြေငြာချက်နှင်.လက်တွေ. ကွဲပြား၍ဝေဖန်ကြခြင်းကသပ်သပ်ဖြစ်သည် ။ ဒီမိုကရေစီဟူသောအမည်ကိုက ဂရိဘာသာဖြင်. Demo ( ပြည်သူထု + Kratos (အုပ်ချုပ်ခြင်း ) ဟုလာရှိရာ ပြည်သူလူထုကလိုလားသူကို တိုက်ရိုက်ရွေးချယ်အုပ်ချုပ်ခြင်းဟုအဓိပါယ်ရပေသည် ။ ဆိုလိုသည်မှ ဒီမိုကရေစီလွှတ်တော် ဟု တံဆိပ်ကပ်လိုက်သည် နှင်. ပါဝင်ပစ္စည်း မှာ ပြည်သူလူထုကမဲပေးရွေးချယ်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များပဲဖြစ်နေရမည်ဖြစ်သည် ။

အချို.ကလဲ အမြဲတမ်းဆင်ခြေပေးကြသည်မှာ အင်ဒိုနီးရှားနိုင်ငံတွင်လည်း ဒီမိုကရေစီဆိုသော်လည်း စစ်တပ်မှ တိုက်ရိုက်ခန်.အပ်သော တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်ခဲ.ပြီးထိုစနစ်သည် တိုင်းပြည်အတွက်အလုပ်ဖြစ်ခဲ.သည် ဆိုသောအချက်ဖြစ်သည် ။ သို.ရာတွင် ထိုသူများဘယ်တော.မှ ထည်.မပြောသောအချက်မှာ အင်ဒိုနီးရှားစစ်တပ်သည် ကနဦးကလွှတ်တော်တွင် ရာခိုင်နှုန်းများများယူကာပါဝင်ခဲ.သော်လည်း ယခုအခါ ဒီမိုကရေစီစစ်စစ်ဖြစ်လျက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်မှမပါရှိတော.ပါဟူသောအချက်ဖြစ်သည် ။ အင်ဒိုနီးရှားတွင် People’s Consultative Assembly( MPR ) ဆိုသော အဖွဲ.မှာ လူတစ်ထောင်ပါဝင်ပြီး မြန်မာပြည်မှ ပြည်ထောင်စုလွှတ်တော်နှင်.ဆင်သော အဖွဲ.အစည်းဖြစ်သည် ။ ထိုလွှတ်တော်တွင် လူ (၅၀၀ ) စီပါဝင်သော အဖွဲ.နှစ်ဖွဲ. ရှိသည် ( မြန်မာပြည်မှ ပြည်သူ.လွှတ်တော် ၊အမျိုးသားလွှတ်တော်တို.နှင်. ဆင်တူသည် ) ။ လူ(၅၀၀)ပါလွှတ်တော် တစ်ဖွဲ.စီတွင် လူ ၁၀၀ ( လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၂၅ % )ကို ABRI ဆိုသောအင်ဒိုနှီးရှားတပ်မတော် ( The Indonesian National Armed Forces ) ကိုစစ်တပ်မှ ကိုယ်စားလှယ်များကနေရာယူထားသည် ။ သို.သော် ၁၉၉၂ အင်ဒိုနီးရှာအမျိုးသားနေ.တွင် သမ္မတ ဆူဟာတိုမှ လွှတ်တော်တွင် နေရာယူထားသော ပုံသေတပ်မတော်သားအေ၇အတွက်ကိုလျှော.ချမည်ဟုကြေငြာခဲ.သည် ။ ၁၉၉၈ တွင်သမ္မတဆူဟာတိုဆင်းသွားပြီး နောက်တစ်နှစ် (၁၉၉၉ )တွင် ကျင်းပသော ရွေးကောက်ပွဲအပြီးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးရေ (၅၀၀ ) ရှိသည်.အနက် (၄၆၂ )ယောက်ကို ရွေးကောက်တင်မြှောက်ပွဲမှတစ်ဆင်. ပြည်သူလူထုကရွေးချယ်ပြီး (၃၈) ယောက်ကိုသာတပ်မတော် ကရွေးကောက်ပွဲမ၀င်ပဲ တိုက်ရိုက်ခန်.အပ်ခဲ.သည် ။ ရာခိုင်နှုန်းအားဖြင်. လွှတ်တော်တွင်စစ်တပ်ပါဝင်မှုမှာ ၂၅ % မှ ၇.၆ % သို. လျော.ကျသွားခြင်းဖြစ်သည် ။ ၂၀၀၄ ခု ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို (၅၀၀) ဦးမှ (၅၅၀ ) ဦးသို.တို.ချဲ.ခဲ.ပြီး အားလုံးမှာ ရွေးကောက်ခံကိုယ်စားလှယ်များသာဖြစ်လာခဲ.သည် ။ အင်ဒိုနီးရှားလွှတ်တော်၌ စစ်တပ်၏စိုးမိုးမှုမှာ ၂၀၀၄ မှစကာ နိဂုံးချုပ် နိဌိတံသွားခဲ.သည် ။ ၂၀၀၉ ရွေးကောက်ပွဲတွင်မူ လွှတ်တော်အမတ်အရေအတွက်ကို (၅၆၀ )ဦးသို.တိုးမြှင်.လိုက်ပြီး တပ်မတော်သားကိုယ်စားလှယ်များပါဝင်မှုလဲ လုံးဝမရှိတော.ပေ ။မြန်မာနိုင်ငံတွင်မူကား အင်ဒိုနီးရှားတပ်မတော်ကလွှတ်တော်နိုင်ငံရေးမှ အားကျိုးမာန်တက် ထွက်ခွာသွားပုံကို တစ်ခါမှ ရေရေရာရာ ရှင်းမပြခဲ.ပဲ ၊ တပ်မတော်သားများလွှတ်တော်တွင်ပါဝင်နေပုံကိုသာ ဦးစားပေး High Light လုပ်ကာ လိုချင်တာကွက်၍ ဆင်ခြေပေးနေကြပေသည် ။တပ်မတော်မပါဝင်တော.သော်လည်း အင်ဒိုနီးရှားလွှတ်တော်သည် ဥပဒေပြုရေးလုပ်ငန်းစဉ်များကို ကြေကြေပွန်ပွန် ထမ်းရွက်နိုင်ခဲ.သော သာဓကကို တပ်မတော်သားများနှင်. မြန်မာ.နိုင်ငံရေးလောကမှ ပုဂ္ဂိုလ်များကို ပြောပြသင်.ပါသည် ။

တကယ်တော.စစ်သားများ လွှတ်တော်ထဲဝင်ထိုင်နေ၍ မည်သူ.ကိုမှအနှောက်အယှက်မဖြစ်ပါ ။ သို.သော် ထိုင်သင်.မထိုင်သင်.ကိုတော.စောကြောသုံးသပ်ကြဖို.လိုမည်ဖြစ်သည် ။ ဥပမာအားဖြင်. သိမ်ဝင် ကမ္မ၀ါဖတ်ကာ ရဟန်းဖြစ်လာကြသော သံဃာတော်များ အလယ်၌ လူဝတ်ကြောင်တစ်ယောက်က သံဃာစင်ပေါ်တွင်ဝင်ထိုင်နေခဲ.မည်ဆိုလျင် (ထိုလူသည် မည်သူ.ကိုမျှ အနှောက်အယှက်မပေးပဲ ငြိမ်ငြိမ်ထိုင်နေခဲ.သည်.တိုင် ) ပရိသတ်အမြင်၌ မတင်.မတယ်ဖြစ်ပေလိမ်.မည် ။ ပညာရှိသူတော်ကောင်းတို.အမြင်၌ ကဲ.ရဲ.စရာဖြစ်ပေလိမ်.မည် ။ အကယ်၍ ရဟန်းတို.စွမ်းဆောင်ရည်ကို အားကျကြည်ငြို၍ (သို.မဟုတ် ) အားမရမကြေနပ်၍ ကိုယ်တိုင်ဝင်ကြဲချင်သည် ဆိုပါက အရင်ဆုံး ကိုရင်ဝတ်ရပေမည် ။ထို.နောက်တွင်မှကံကြီး ကံငယ်ဆောင်၍ ရဟန်းပြုရပေမည် ။ ရဟန်းစင်စစ်အမှန်ဖြစ်ပြီဆိုမှ သံဃာစင်သို.တက်ကာ ရဟန်းတော်များနှင်.အတူထိုင်ရပေလိမ်.မည် ။ ဒါတောင် မနေ.တစ်နေ.ကမှ ရဟန်းဖြစ်သူသည် မိမိထက် ဂုဏ၀ုဒ္စိ ၊ ၀ရ၀ုဒ္စိ ဂုဏ်ကြီးသော ၊ ၀ါကြီးသော ထေကြီး ၀ါကြီးပုဂ္ဂိုလ်များအားရိုသေ လေးစားရပေလိမ်.မည် ။ တပ်မတော်ကို နိုင်ငံရေးတွင်မပါဝင်စေလိုမှုမှာလည်းဤအတိုင်းပဲဖြစ်သည် ။ စစ်တပ်ကို မလိုလား၍ ပြောနေကြခြင်းမဟုတ် ။ နေရာလွဲ၍ ရောက်နေသဖြင်. ကိုယ်.နေရာကိုယ် ဂုဏ်သိက္ခာရှိရှိနေနိုင်ရန် မေတ္တာ စေတနာဖြင်.ပြောနေကြခြင်းဖြစ်ပါသည် ။ရဟန်းခံကာ သံဃာစင်ပေါ်သို.တက်သကဲ.သို. လွှတ်တော်နိုင်ငံရေးတွင်ပါချင်သည်ဆိုလျင် ဗိုလ်ချုပ်အောင်ဆန်းကဲ.သို. တပ်မှထွက်ကာ ရွေးကောက်ပွဲတွင်ဝင်ပြိုင်ပြီး နိုင်ငံရေးစင်မြင်.ထက်သို.တက်လှမ်းသင်.ပါသည် ။

ကျောင်းစာသင်ခန်းတစ်ခုထဲတွင် ဆရာစာသင်နေသောအခါ တပ်မတော်သားအချို.သည် ဘာမှဝင်ရောက်စွက်ဖက်ခြင်းမပြုပါဟုပြောကြားပြီး စာသင်ခန်းထဲတွင်ဝင်ထိုင်နေသောအခါ စာသင်သောကျောင်းဆရာသည် မည်သို.ခံစားရမည်နည်း ။ တပ်မတော် တပ်မှူး များ၏ (၆)လပါတ်အစည်းအဝေးများတွင် အချိုးကျစနစ်အရ သံဃာတော်များဝင်ထိုင်ပြီးနားထောင်နေလျင် တပ်မတော်သားများ မည်သို.ခံစားရပေမည်နည်း ။ ဤကားနှောက်ယှက်ခြင်း မနှောက်ယှက်ခြင်းနှင်.မဆိုင် မည်သူမဆို ကိုယ်နှင်.မဆိုင်သောနေရာသို. မှားယွင်းရောက်ရှိလာပါက ကိုယ်.အတွက်လည်းအကျိုးမရှိ ၊ သူတစ်ပါးအတွက်လည်းအကျိုးမရှိ ဖြစ်တတ်ပုံကိုဖော်ပြလိုရင်းဖြစ်ပါသည် ။
တကယ်တော.တပ်မတော်သည် လွှတ်တော် ထဲမှထွက်သွားခြင်းဖြင်. ဂုဏ်ပျက်စရာမရှိ ။ ဂုဏ်တက်စရာ ပင်ရှိပေသည် ။ တပ်မတော် ၏နေရာအမှန်မှာ နိုင်ငံတော်ကာကွယ်ရေး ဖြစ်သည် ။ နိုင်ငံတော်ကာကွယ်ရေးကိုသာ ဖိဖိစီးစီး အာရုံထား၍ လုပ်ကိုင်ဆောင်ရွက်မည်ဆိုလျင် တပ်မတော်၏ဂုဏ်သိက္ခာသည် အလိုလိုမြင်.တက်လာဖို.ပင်ရှိသည် ။ နိုင်ငံတော်အေးချမ်းသာယာပြီးခေတ်မီဖွံ.ဖြိုးတိုးတက်လာပါက ရေမြင်.လျှင်ကြာတင်.မည်ဆိုသည်.စကားကဲ.သို. တိုင်းပြည်အင်အားရှိပါက တပ်မတော်အင်အားရှိမည်.အဖြစ်သို.အလိုလိုဆိုက်ရောက်မည်ဖြစ်သည် ။ တိုင်းပြည်အင်အားမရှိပဲတပ်မတော်တစ်ခုတည်းကွက်၍ အင်အားရှိနေလျင်လည်း ခေါင်းကြီးကိုယ်သေး ပိန်လှီသောကလေးတစ်ယောက် ကိုကြည်.ရသလို အချိုးမကျ မလှမပ ရှိနေပေလိမ်.မည် ။
တကယ်တမ်း၌ မြန်မာနိုင်ငံသားဟူသမျှသည် မိမိနိုင်ငံလွတ်လပ်ရေးရ ယူတိုက်ပွဲဝင် ပေးခဲ.သောတပ်မတော်ကိုဘယ်သူမှမမုန်းပါ ။ပြည်သူလူထုကမုန်းတီးရွံရှာသည်မှာ တပ်မတော်ကိုခုတုန်းလုပ်ကာကိုယ်ကျိုးရှာခဲ.ကြသော အာဏာရှင်များကိုမုန်းတီးခြင်းဖြစ်သည် ။ တပ်မတော်ကိုလွှတ်တော်နိုင်ငံရေးမလုပ်စေချင်ကြခြင်းမှာလည်း မုန်းတီး၍ပြောခြင်းမဟုတ် ၊ နေရာမှားရောက်နေသော အဖိုးတန်ပစ္စည်းတစ်ခုကိုသူ.နေရာနှင်.သူပြန်ရောက်စေချင်သောစေတနာနှင်.ပြောနေကြခြင်းဖြစ်သည် ။ “ ပြည်သူသာအမိ ပြည်သူသာအဖ” ဖြစ်လာသောတစ်နေ.တွင်တပ်မတော်သည် မိဘ ပြည်သူများ၏စေတနာကိုနားလည်သဘော ပေါက်လာပါလိမ်.မည် ။

အသာစီးရနေသော အခိုက်တွင် လူ.သဘောအရ ထိုနေရာမှဆုတ်ခွာဖို. ဆုံးဖြတ်ချက်ချရန် ၀န်လေးတတ်ကြပါသည် ။ အမေရိကန်ပြည်ထောင်စုတွင် ကျွန်စနစ်ကိုဖျက်သိမ်းစဉ်က တစ်ခါ ၊ လူမည်းများကို မဲပေးခွင်.ပြုစဉ်ကတစ်ခါ ၊ အမျိုးသမီးများကိုမဲပေးခွင်.ပြုစဉ်ကတစ်ခါ အမေရိကန် လွှတ်တော်သည် အင်မတန် အမြော်အမြင်ကြီးသော ဆုံးဖြတ်ချက်များကိုလွှတ်တော်တွင် ဝေဖန်မှုများကိုခက်ခက်ခဲခဲကျော်လွှား၍ သမိုင်းဝင်ဆုံးဖြတ်ချက်များကိုချနိုင်ခဲ.ကြပါသည် ။ ထိုဆုံးဖြတ်ချက်များချဖို. လက်ရှိရနေသော အခွင်.အရေးများ (ဥပမာ အိမ်မှာခိုင်းထားသောကျွန်များ လွတ်ကုန်ခြင်း ) ကို အဆုံးအရှုံးခံကာ နောင်လာနောင်သားများအတွက် မိမိကိုယ်တိုင်အနာခံကာဆုံးဖြတ်ခဲ.ကြခြင်း၏အကျိုးကျေးဇူးကိုယနေ.အခါ အမေရိကန်တစ်နိုင်ငံလုံးအကျိုးခံစားနေကြရခြင်းဖြစ်သည် ။ လွှတ်တော်ထဲမှပုဂ္ဂိုလ်များသည် ကိုယ်ကျိုးကိုသာအမြင်ကျဉ်းကျဉ်းနှင်.ကြည်.ခဲ.ပါက ထိုအကျိုးကျေးဇူးများသည် ယနေ.အချိန်တွင်ထွက်ပေါ််လာမည်မဟုတ်ပေ ။

နိုင်ငံရေးသမားသည် နောက်ရွေးကောက်ပွဲတစ်ခုအတွက်သာစဉ်းစားပြီး အမျိုးသားရေးဆောင်ရွက်သူများသည် နောက်လာမည်.မျိုးဆက်သစ်များအတွက်ပါစဉ်းစားပါသည် ။ မြန်မာနိုင်ငံတွင်လည်း “ တပ်မတော်သည်အမျိုးသားရေးကိုဘယ်တော.မှသစ္စာမဖောက် “ဟု နှစ်ပေါင်းများစွာ ကြွေးကြော်လာခဲ.ရာ ယခုအချိန်သည် လက်တွေ. ပြသရန်အကောင်းဆုံးအချိန်ဖြစ်ပြီး လွှတ်တော်ထဲမှဂုဏ်သိက္ခာရှိစွာထွက်သွားခြင်းအပါအ၀င်ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ကိစ္စများ ကိုအားသွန်ခွန်စိုက်ဆောင်ရွက်ဖို.အချိန်ကျပြီဟုနှိုးဆော်တိုက်တွန်းလိုက်ရပေသည် ။

သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၁၇.၁၂.၂၀၁၃

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

0 comments:

Post a Comment

Facebook Like Page