Friday, November 29, 2013

သရေခေတ္တရာမြို့ဟောင်းမှ ဘုရားထောင်ဘုရား

Leave a Comment





ဘုရားထောင်ဘုရား

သရေခေတ္တရာ ပျူခေတ် (အေဒီ ၄ - ရာစုမှ ၉ - ရာစုအတွင်း) တည်ထားခဲ့သော ဘုရားတစ်ဆူဖြစ်သည်။

ပုဂံဘုရားအချို့တွင် တည်ဆောက်ထားသကဲ့သို့ ကုလားကျောင်းခံ တည်ဆောက်ထားသော စေတီတစ်ဆူဖြစ်သည်။ အနားတစ်ဘက်တွင် (၃၈) ပေစီရှည်လျားသည်။ ဥာဏ်တော်အမြင့်မှာ (၁၈) ပေခန့်ရှိသည်။ အောက်ခံကုလားကျောင်း၏ မျက်နှာ (၄) ဘက်တွင် မုခ်ပေါက်များရှိသော်လည်း ယင်းမုခ်ပေါက်များကို အုတ်များဖြင့် စီပိတ်ထားသည်။

စေတီအားတည်ထားကိုးကွယ်ခဲ့သော ဒါယကာနှင့် တည်ထားခဲ့သောနှစ်ကို အတိအကျ မသိရပေ။ ၁၉၅၈ ခုနှစ်မှစတင်ပြီး ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ဇယားဝင်အဆောက်အအုံအဖြစ်သတ်မှတ် ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိပါသည်။

သရေခေတ္တရာ ပျူယဉ်ကျေးမှု အမွေအနှစ်နယ်မြေ

သရေခေတ္တရာ ပြည်မြို့။

ပြည်သတင်း
https://www.facebook.com/pyaynews
— in Pyay.

0 comments:

Post a Comment

Facebook Like Page