Saturday, November 16, 2013
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးကိစ္စဆန္ဒသဘောထားပေးပို့ခြင်း ....... ဦးမြင့်အေး..တရားလွှတ်တော်ရှေ့နေ
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးကိစ္စဆန္ဒသဘောထားပေးပို့ခြင်း
*********************************************************************
အထက်ပါကိစ္စသည် မြန်မာနိုင်ငံအတွက်အလွန်အရေးကြီးသော ဥပဒေရေးရာကိစ္စဖြစ်ပါသည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံပါ။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသည့်အတွက် NLD သည် ၂၀၁၀
အထွေထွေ ရွေးကောက်ပွဲ ကို မ၀င်ခဲ့ပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင်NLD သည် အခြေခံဥပဒေကို ပြင်မည်ဟုဆိုကာ ရွေးကောက်ပွဲ ၀င်ပြီး ကိုယ်စားလှယ်(၄၄)ယောက် လွှတ်တော်တွင်းသို့ ၀င်ရောက်၍ လွှတ်တော်နိုင်
ငံရေးစတင်ခဲ့ပါသည် ။ လွှတ်တော်သက်တမ်းတစ်ဝက်ကျော်ချိန်တွင် ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှုး ဦးဌေးဦး က၂၀၀၈ အခြေခံဥပဒေပြင်သင့်ကပြင်ရန် အသံပေးလိုက်ပါသည်။ ထိုအခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး
(သို့) အသစ်ရေးဆွဲရေး ကိစ္စနှစ်ရပ်အပြောများလာခဲ့ပါသည်။ တစ်နိုင်ငံလုံးရှိ နိုင်ငံရေးအဖွဲ့အစည်းအားလုံးတွင် ဖွဲ့စည်းပုံ ပြင်(သို့)သစ် ကိစ္စတောမီးပမာပျံ့နံ့သွားခဲ့ပါသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဖွဲ့စည်းပုံပြင်မလား ၊ အသစ်ရေးဆွဲမလားဆိုသည့်မေးခွန်းကို ဆန္ဒသဘောထား ပေးရန် ကျွန်တော့တွင်တာဝန်မရှိပါ။ ထိုမေးခွန်းကို ဆုံးဖြတ်ဖြေဆိုရန်တာဝန်သည် ထိုမေးခွန်းမေးသောသူများနှင့် လွှတ်တော်
တွင်းရှိ ပြည်သူ့ကိုယ်စားလှယ်များ၏ တာဝန်သာဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်(ပြည်သူ)၏ ကိုယ်စားလှယ်များဖြစ်သောကြောင့်ဖြစ်ပါသည်။ ထို့အပြင် (၈၀)ရာခိုင်နူန်းမျှရှိသော လယ်သမား၊အလုပ်သမားပြည်သူ
များသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာမှန်းမသိကြပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလည်း မဖတ်ဖူး၊မသိဖူးကြပါ။ ပြင်(သို့)သစ် ကိစ္စကိုအဆုံးအဖြတ်ပေးရန် ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိနိုင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေ
ခံဥပဒေ ကောင်းသလား၊ဆိုးသလားမသိကြပါ။ သူတို့ဘ၀တွေ တိုးတက်မှုမရှိ ဆုတ်ယုတ်နေသည်ကိုတော့ အသေချာသိကြပါသည်။ဖွဲ့စည်းပုံ ပြင်(သို့)သစ် မေးခွန်းကို မေးသူတို့၏ နိမိတ်ပြမေးခွန်းများ (Leading Questions)ကို
အခြေပြုသော်လည်းကောင်း၊အခြားသူများ၏ ပြောဆိုချက်များအရသော်လည်းကောင်း ဆန္ဒပေးသွားကြမှာသာဖြစ်ပါသည်။သူများယောင်၍ လိုက်ယောင်ကြမှာဖြစ်ပါသည်။
ထို့အပြင် ၂၀၀၈ အခြေခံဥပဒေကို စာမေးပွဲဖြေခါနီးမှ Hot Spot ထုတ်ပြီး အနီးကပ်ညတွင်းချင်း ဖုတ်မီးပူတိုက် ရက်တိုသင်တန်းပေးပြီး ဖြေခိုင်းသည့်သဘောသက်ရောက်နေပါသည်။ ဘယ်နေရာတွင် ဘယ်လိုပျက်၍နေသည်ကို
မသိသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မလား(သို့)အသစ်ဆွဲမလား မေးခွန်းကို ပြည်သူလူထုအများစု မှန်မှန်ကန်ကန်ဖြေနိုင်ဖြစ်မဟုတ် ထိုတာဝန်ကို ပြည်သူအများစုအား ပုခုံးပြောင်းတင်မပေးသင့်ပါ ပေးထားချက်ဖြစ်သ
ည့် (၂၀၀၈ အခြေခံဥပဒေ)ကို မသိသော၊နားမလည်သော၊ပြည်သူလူထုကြီးအား တွက်ချက်ခိုင်းပြီး အဖြေမတောင်းသင့်ပါ။ ၂၀၀၈ အခြေခံဥပဒေ အခန်း(၁၂)၊ပုဒ်မ-၄၃၃၊၄၃၄၊၄၃၅၊၄၃၆ တို့အရ ပြင်ဆင်ရန်ခက်ခဲအောင် ရေးဆွဲထား
သော ဥပဒေဖြစ်သည်ကို လက်ခံပါသည်။ အကယ်၍ ပြင်ဆင်မည်ဆိုပါက ထိုအခန်း(၁၂)တစ်ခုကို ပြင်ဆင်နိုင်လျှင် ကျန်ပုဒ်မများကို ပြင်ဆင်နိုင်မည်ဖြစ်သည်။ အကယ်၍ ပြင်ဆင်နိုင်မည်ဆိုလျှင် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ(၂) မှ
(၄၅၇)အထိမျှသာ ပြင်ဆင်သင့်ကြောင်း အကြံပြုလိုပါသည်။အကြံပြုခြင်းမျှသာ ဖြစ်ပါသည်။
ကျွန်တော်၏ဆန္ဒမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မလား(သို့)အသစ်ရေးဆွဲမလားဆိုသည့် မေးခွန်းကိုဖြေရန် ကျွန်တော့တွင်လုံးဝ တာဝန်မရှိပါ။ထိုမေးခွန်းကို မေးသောသူများ နှင့် ပြည်သူ့လွှတ်တော်တွင်းရှိ ကိုယ်စားလှယ်အား
လုံး၏တာဝန်သာဖြစ်ကြောင်း ထပ်လောင်းဆန္ဒပေးအပ်ပါသည်။ (မှတ်ချက်)...ဘယ်တုန်းကမျှ ဘယ်နိုင်ငံရေးပါတီဝင်မှ မဟုတ်ပါ ဦးမြင့်အေး..တရားလွှတ်တော်ရှေ့နေ(စဉ်-၃၀၀၅) အမှတ်(၄၇၄)၊တပ်လမ်း၊ပြည်မြို့...ဟုရေး
သားထားကြောင်း နှင့် အဆိုပါ စာကိုလည်း နိုင်ငံရေးပါတီ နှင့် လူမှုရေးအဖွဲ့အစည်းများအားလုံးကိုပါပေးပို့ထားပါကြောင်း ၄င်းထံမှသိခဲ့ရပါသည်။...(ပြည်သတင်းလူငယ်)...
.ပြည်သတင်း
https://www.facebook.com/pyaynews
0 comments:
Post a Comment