Saturday, November 2, 2013

ပြည်မြို့တွင် လုံခြုံရေးဆိုင်ရာသင်တန်းဆင်းပွဲပြုလုပ်ခဲ့

Leave a Comment

ပြည်မြို့တွင် လုံခြုံရေးဆိုင်ရာသင်တန်းဆင်းပွဲပြုလုပ်ခဲ့
**********************************

ပဲခူးတိုင်း ဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့အတွင်းရှိ (မင်္ဂလာဂါးဒင်း) ဟိုတယ်ခန်းမတွင် မြန်မာ့ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ပြည်ထဲရေ၀န်ကြီးဌာန နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍
ဒီကနေ့ (1.11.2013)ရက်နေ့ နေ့လည်(၂း၀၀)အချိန်ခန့်တွင် ဟိုတယ်၊တည်းခိုခန်း၊စတိုးဆိုင်၊မီနီမားကတ်၊စားသောက်ဆိုင်များ၊ရွှေဆိုင်များမှ ပိုင်ရှင်များ နှင့်မန်နေဂျာ၊လုံခြုံရေးဝန်ထမ်းများအား လုံခြုံရေးဆိုင်ရာသင်းတန်းဆင်း
ပွဲကိုကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

အဆိုပါသင်တန်းကို ပြည်မြို့အတွင်းရှိ ဟိုတယ်၊တည်းခိုခန်း၊စတိုးဆိုင်၊မီနီမားကတ်၊စားသောက်ဆိုင်များ၊ရွှေဆိုင်များမှ သင်တန်းသား/သူ ဦးရည်စုစုပေါင်း(၈၅)ဦးတက်ရောက်သင်ကြားခဲ့ကြောင်းသတင်းရရှိခဲ့ပြီး အဆိုပါသင်တန်းမျိုး
ကို (မင်္ဂလာဂါးဒင်း..ဟိုတယ်)နှင့်(န၀ဒေး..ဟိုတယ်)တို့တွင် (၂၈.၁၀.၂၀၁၃)ရက်နေ့ မနက်(၉း၀၀)အချိန်မှ (၁.၁၁.၂၀၁၃)ရက်နေ့ နေ့လည်(၂း၀၀)အချိန်အထိ (၅)ရက်ကြာသင်းတန်းပို့ချမှုများကိုပြုလုပ်သွားခဲ့ပြီး အဆိုပါသင်တန်းဆင်းပွဲတွင်
ပြည်ခရိုင်ရဲတပ်ဖွဲ့မှုးကြီး..နေ၀င်း နှင့်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဌာန ပြည်ဒေသ မန်နေဂျာ ဦးမြင့်စိန် တို့မှ (လုံခြုံရေးဆိုင်ရာ သတိရှိမှု အသိပညာပေး)မှုများပြောကြားခဲ့ပြီး အဆိုပါသင်တန်းမှ သင်တန်းသူ ဒေါ်ခင်အုန်းမြင့်
(မင်္ဂလာဂါးဒင်း..ဟိုတယ်)မှ ကျေးဇူးတင်စကားပြောကြားသွားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ။ပြည်သတင်း...

0 comments:

Post a Comment

Facebook Like Page