Thursday, October 10, 2013

ဇီးကုန်းမြို့နယ် တည်ြငိမ်မှု ထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

Leave a Comment
ဇီးကုန်း အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် တည်ငြိမ်မှု ထိန်းသိမ်းရေး ပူးပေါင်း အဖွဲ့၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို အောက်တိုဘာ ၅ရက် နေ့လည် ၂ နာရီက မြို့လယ် သံဓမ္မာရုံ၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ် တည်ငြိမ်မှု ထိန်းသိမ်းရေး ပူးပေါင်း အဖွဲ့ နာယက ဆရာတော် ၁ဝ ပါး ကြွရောက်တော်မူပြီး သမားတော် ကျောင်းဆရာတော် ဦးတေဇဝန္တက သြဝါဒက မိန့်ကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မြင့်လှိုင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထူးခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်အောင်တို့က လူထု အတွင်း လုံခြုံစိတ်ချမှု၊ ယုံကြည်မှုများ တိုးမြှင့်ပေးရန်နှင့် အကြမ်းဖက်မှု ပဋိပက္ခများအား ပူးပေါင်းကာကွယ် နိုင်မည့် လုပ်ဆောင်မှုများကို တိုးမြှင့်ပေးနိုင်ရေးတို့ အတွက် ပြောကြားသည်။ အစည်းအဝေးသို့ တက်ရောက်လာကြသော ပူးပေါင်းအဖွဲ့ဝင် ၅၆ ဦးတို့ အနက် ဘာသာကြီးလေးခုမှ ကိုယ်စားလှယ်များက လည်းကောင်း ၊ နိုင်ငံရေးပါတီ သုံးခုတို့မှ ပါတီ ခေါင်းဆောင်များက လည်းကောင်း အကြံပြု ဆွေးနွေးတင်ပြ သည်။ မြို့နယ် တည်ငြိမ်မှု ထိန်းသိမ်းရေး ပူးပေါင်း အဖွဲ့ကို စက်တင်ဘာ ၁၄ ရက်တွင် နာယက ဆရာတော် ၁ဝ ပါး၊ ဘာသာရေး ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များ၊ ဌာနဆိုင်ရာများ၊ အန်ဂျီအိုများ အဖွဲ့ဝင်ပေါင်း ၅၆ ဦးဖြင့် ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။

ကိုသက်(ဇီးကုန်း)

0 comments:

Post a Comment

Facebook Like Page