Thursday, October 24, 2013

တရားဝင်အသင်းအဖွဲ့ ဖွဲ့စည်းမိန့်မရရှိဘဲ ဆွေးနွေးဟောပြောပွဲများမပြုလုပ်ရန် အသိပေးအကြောင်းကြားခြင်း

Leave a Comment


မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်အုပ်ချုပ်ရေးမှုးရုံး(ပြည်မြို့)
စာအမှတ်၊၅/၃-၁၆/ဦး ၆(၂၆၀၅) ...၂၄.၁၀.၂၀၁၃ ခုနှစ်ရက်စွဲ..

သို့/
ဦးမြင့်နိုင်ထွန်း
အမှတ်(၂၃/၂ ဃ)ကနောင်မင်းသားကြီးလမ်း
ကြံတောကုန်း၊ရွာဘဲရပ်ကွက်၊ပြည်မြို့

အကြောင်းအရာ။   ။တရားဝင်အသင်းအဖွဲ့ ဖွဲ့စည်းမိန့်မရရှိဘဲ ဆွေးနွေးဟောပြောပွဲများမပြုလုပ်ရန် အသိပေးအကြောင်းကြားခြင်း။

၁။ပြည်မြို့ရွာဘဲရပ်ကွက်နေ ဦးမြင့်နိုင်ထွန်းသည် တရားဝင်အသင်းအဖွဲ့ ဖွဲ့စည်းမိန့်မရရှိသေးဘဲ လူစုလူဝေးဖြင့် တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့ အမည်ခံ၍ ပြည်မြို့နယ်အတွင်း ကျေးရွာအုပ်စုများ၌ စုဝေးဟောပြောခြင်း၊
လက်ကမ်းစာစောင်များဖြန့်ဝေခြင်း နှင့် အခြားအကြောင်းအရာများဟောပြောခြင်းတို့ကို ပြုလုပ်နေပါကြောင်း ဓါတ်ပုံမှတ်တမ်း၊လူသက်သေတို့အရ စိစစ်တွေ့ရှိရပါသည်။

၂။ထိုသို့ခွင့်ပြုချက်မရရှိဘဲ လူစုလူဝေးဖြင့်(၅.၅.၂၀၁၃)ရက်နေ့တွင် ပေါင်းတလည်မြို့ အနောက်ပိုင်းရပ်ကွက် ဦးစိုးအောင်နေအိမ်၌ တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့ ဗွီနိုင်းများချိတ်ဆွဲ၍ ဟောပြောခဲ့မှုကြောင့်  ၄င်းရပ်ကွက်နေ
ဦးအေးမောင်(ခ)ဦးဖိုးလုံး မှ (ရေးတာကစာ၊လုပ်တာက ဥပဒေမဲ့)ဟူသော စာသားပါအကြောင်းအရာဖြင့် ၂၀၁၃ ခုနှစ် ဇူလှိုင်လ (၅)ရက်နေ့တွင် နိုင်ငံတော် သမ္မတထံသို့ တိုင်ကြားစာပေးပို့ခဲ့ပါသည်။ ၄င်းတိုင်ကြားစာအရ မြို့နယ်အုပ်ချုပ်ရေးမှုးရုံး
မှ ခေါ်ယူစစ်ဆေးခဲ့ပြီး သုံးသပ်အကြံပြုချက်များနှင့်အညီ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးမှအဆိုပါတင်ပြချက်အပေါ် သုံးသပ်အကြံပြုချက်အတိုင်း ဆောင်ရွက်ရန်ညွှန်ကြားခဲ့သည့်အတွက်
ပြည်မြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ ၂၀၁၃ ခုနှစ် စက်တင်ဘာ(၆)ရက်နေ့တွင် ဦးမြင့်နိုင်ထွန်းဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့ အားခေါ်ယူတွေ့ဆုံခဲ့ပြီး အသင်းအဖွဲ့တရားဝင်ဖွဲ့စည်းခွင့်ရရှိစေရေး တင်ပြရန်ရှင်းလင်းခဲ့ပါသည်။

၃။ဦးမြင့်နိုင်ထွန်း ဦးဆောင်သောအဖွဲ့သည် ၂၀၁၃ ခုနှစ် ဇူလှိုင်လ(၁၈)ရက်နေ့တွင် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်လျှောက်အား ဤရုံးသို့လျှောက်ထားလာပါသည်။ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေတွင် ဖွဲ့စည်းခွင့်လျှောက်ထားလာပါက မြို့
နယ်အုပ်ချုပ်ရေးမှုးမှ  အချက်အလက်ပေါင်း(၇)ချက်၊အပိုဒ်ခွဲငယ်ပေါင်း(၆)ခုတို့ဖြင့် စိစစ်ပြီးပြည့်စုံပါက မိမိ၏အစီရင်ခံစာ နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှုးထံတင်ပြရပါသည်။ ခရိုင်အုပ်ချုပ်ရေးမှုးမှ စိစစ်ပြီး ပြည့်စုံပါက မိမိ၏အစီရင်ခံစာနှင့်အတူ
တိုင်းဒေသကြီးအုပ်ချုပ်ရေးမှုးထံ ဆက်လက်တင်ပြရပါမည်။ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှုး မှ စိစစ်ပြီး ပြည့်စုံမှန်ကန်မှု့ရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက်ရယူပြီး  အမှုတွဲအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြ
ရမည်ဖြစ်ပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ လိုအပ်သည်များပြန်လည်စိစစ်ပြီး ပြည့်စုံမှန်ကန်ပါက အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေး နှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့ သို့တင်ပြအဆုံးအဖြတ်ရယူရမည်ဖြစ်ပါသည်။

၎။အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအခန်း(၂)၊ပုဒ်မ(၃)၊ပုဒ်မခွဲ(ဂ)တွင် “ခွင့်ပြုချက်မရရှိသော အသင်းအဖွဲ့များကိုဖွဲ့စည်းခြင်း(သို့မဟုတ်)ဆက်လက်ရပ်တည်လှုပ်ရှားခြင်း မပြုရ” ဟုပြဌာန်းထားပြီး ယင်းဥပဒေ အခန်း(၄)၊ပုဒ်မ(၆)တွင် မည်သူမ
ဆို ပုဒ်မ(၃)၊ပုဒ်မ ခွဲ (ဂ)ကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထောင်ဒဏ်(၅)နှစ်ကျခံစေရမည်ဟု” ပြဌာန်းထားပါသည်။ထို့အပြင် ပုဒ်မ(၇)တွင်”မည်သူမဆို ပုဒ်မ(၃)၊ပုဒ်မခွဲ(ဂ)အရ ဖွဲ့စည်းခွင့်ကိုဖြစ်စေ၊ဆက်လက်
ရပ်တည်ခွင့်ကိုဖြစ်စေ၊မရရှိသောအသင်းအဖွဲ့(သို့မဟုတ်)ပုဒ်မ(၅)အရ ဖွဲ့စည်းခွင့်မရှိသော အသင်းအဖွဲ့တစ်ခုခုတွင် ပါဝင်ကြောင်း အသင်းအဖွဲ့ ကိုအားပေးကူညီကြောင်း၊(သို့မဟုတ်)ထိုအသင်းအဖွဲ့၏ အဆောင်အယောင်ကို အသုံးပြုကြောင်း
 ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်(၃)နှစ်ကျခံစေရမည်” ပြဌာန်းထားပါသည်။

၅။ဦးမြင့်နိုင်ထွန်း ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေး အထောက်အကူပြုအဖွဲ့သည် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရ လျှောက်ထားခဲ့သည်မှာ မှန်ကန်သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးမှ စိစစ်ရမည့်ကိစ္စရပ်များအား စိစစ်နေဆဲကာလ
ဖြစ်သည့်အတွက် တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့ အမည်ခံ၍လူစုလူဝေးဖြင့် မည်သည့်လှုပ်ရှားမှုကိုမျှ ပြုလုပ်ခွင့်မရှိပါ။မြို့နယ်အုပ်ချုပ်ရေးမှူးမှ(၁၃.၉.၂၀၁၃)ရက်နေ့တွင် မြို့နယ်တရား
ဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ
အစည်းအဝေး၌ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများအား တရားဝင်ဖွဲ့စည်းမိန့်မရရှိသေးသည့် မည်သည့်အသင်းအဖွဲ့မျှ လှုပ်ရှားဆောင်ရွက်ခြင်းမပြုရန်နှင့်ခွင့်ပြုချက်မရှိဘဲ အသင်းအဖွဲ့အမည်ခံပြီး လှုပ်ရှားဆောင်ရွက်ပါက အထက်ပါဥပဒေ
ပုဒ်မများနှင့်အညီ တရားဆွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။အဆိုပါပြောကြားချက်သည် မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် မိမိလက်အောက် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဥပဒေနှင့်အညီ
အပ်နှင်းသည့်လုပ်ပိုင်ခွင့် နှင့်တာဝန်အရ ညွှန်ကြားခဲ့ခြင်း ဖြစ်ပါသည်။ဦးမြင့်နိုင်ထွန်းဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့သည် တရားဝင်ဖွဲ့စည်းမိန့်မရသေးသည့် အသင်းအဖွဲ့ဖြစ်သည့်အတွက် ၄င်းအဖွဲ့တွင်ပါဝင်နေသော
ပါဝင်နေသော  အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရာအိမ်မှူး၊ဆယ်အိမ်မှူးများအား နှုတ်ထွက်စေခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ဦးမြင့်နိုင်ထွန်း ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့သည် တရားဝင်ခွင့်ပြုချက်မရသေးသည့်အတွက်
 အုပ်ချုပ်ရေးယန္တရားမှ ရာအိမ်မှူး၊ဆယ်အိမ်မှူးများ ၄င်းအသင်းအဖွဲ့တွင်ပါဝင်နေပါက တရားဝင်အဖွဲ့အစည်းဖြစ်နေသယောင် ပြည်သူများမှ ထင်မြင်ယူဆနိုင်ပါသည်။နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားကိုတထောင့်တစ်နေရာ မှပါဝင်နေသော အုပ်ချုပ်ရေးမှူးများ၏
လုပ်ငန်းဆောင်ရွက်မှုတို့ကို အဟန့်အတားဖြစ်နေသည်ဟု ဦးမြင့်နိုင်ထွန်း ဦးဆောင်သည့်အဖွဲ့နှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် အခြေအနေများကို သုံးသပ်ရရှိသဖြင့် နှုတ်ထွက်စေခဲ့ခြင်းဖြစ်ပါသည်။
၆။သို့ဖြစ်ပါ၍ ဦးမြင့်နိုင်ထွန်း ဦးဆောင်သော တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့သည် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့်ကြီးကြပ်မှုဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရသေးမှီကာလအတွင်း မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရန်နှင့်
လိုက်နာခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်နေပါက အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရသော်လည်းကောင်း၊တည်ဆဲဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းစာအရသိရှိရပါသည်။   ။ပြည်သတင်း...


0 comments:

Post a Comment

Facebook Like Page