Wednesday, October 2, 2013

မင်းလှမြို့ ၌ ၁၂၉ သိန်းကျော်ဖိုး အခိုးခံရ

Leave a Comment
မင်းလှမြို့ ၌ ၁၂၉ သိန်းကျော်ဖိုး အခိုးခံရ

မင်းလှ စက်တင်ဘာ ၃ဝ

ပဲခူးတိုင်းဒေသကြီး မင်းလြှမို့ ဗိုလ်ရုံတန်း လမ်းမတန်းရှိ ဆန်စက်လုပ်ငန်းရှင် ဒေါက်တာသစ်လွင် နေအိမ်၌ စက်တင်ဘာလ ၂၆ ရက် ညပိုင်းက ငွေနှင့်ရွှေထည် ငွေကျပ် ၁၂၉ သိန်းကျော်ဖိုး အခိုးခံရကြောင်းသိရသည်။ ဒေါက်တာသစ်လွင် မိသားစုသည် အဆိုပါနေ့ ည ၁၂ နာရီခွဲက အိပ်ရာဝင်ခဲ့ပြီး အိမ်ရှေ့တံခါးများ ပိတ်ထားခဲ့သော်လည်း နောက်တစ်နေ့နံနက် ၇ နာရီခွဲ အိပ်ရာမှ နိုးသည့်အခါ ဥပုသ်နေ့ဖြစ်၍ ဘုန်းကြီးကျောင်းသို့သွားရန် သေတ္တာများဖွင့်ရာမှ ပစ္စည်းများ ပျောက်ဆုံးနေကြောင်းသိရသည်။ ငွေကျပ် ၆၂ သိန်းနှင့် ရွှေထည် ၁၁ ကျပ်သား စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၁၂၉ သိန်းကျော် ပျောက်ဆုံးခဲ့သဖြင့် မင်းလှမြို့ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားသဖြင့် မင်းလှရဲစခန်းမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

MAL
Pyay City

0 comments:

Post a Comment

Facebook Like Page