Wednesday, October 2, 2013

မဟာဇေယျုံ ဘုန်းတော်ကြီးကျောင်း ဘ.က စာသင်ကျောင်းအတွက် ကွန်ပျူတာ 5 စုံလှူဒါန်းခြင်း

Leave a Comment
မဟာဇေယျုံ ဘုန်းတော်ကြီးကျောင်း ဘ.က စာသင်ကျောင်းအတွက် ကွန်ပျူတာ 5 စုံလှူဒါန်းခြင်း
**********************************************************************

1.10.2013 ရက်နေ့ အင်္ဂါနေ့
မဟာဇေယျုံ ဘုန်းတော်ကြီးကျောင်း ဘ.က စာသင်ကျောင်းအတွက် ဦးထွန်းလှဖြူအားရည်စူးပြီး IT Development Pyay မှ ကွန်ပျူတာ 5 စုံကို ရေစက်ချလှူဒါန်းခြင်းနှင့် ကျောင်းရှိကလေးများကို နေ့လည်အဟာရ ကော်ဖီနှင့်မုန့် တိုက်ကျွေးခဲ့ပါသည်။
လှူဒါန်းခြင်းနှစ်ပိုင်းရှိပြီး 1. သင်ထောက်ကူပစ္စည်းဖြစ်သည့် ကွန်ပျူတာ 5 စုံလှူဒါန်းခြင်း 2. ကျောင်းနေကလေးများ ကွန်ပျူတာ ပညာသင်ကြားနိုင်ရေးအတွက် ပညာဒါနမျှဝေပေးခြင်းတို့ ဖြစ်ပါသည်။
ကွန်ပျူတာပညာ သင်ကြားပေးခြင်းတွင် MCPA MCIA မှ ဆရာရဲမြင့်အောင်၊ ဆရာချမ်းမြေ့၊ မလွင်ဦးခိုင် တို့မှ ဦးဆောင်ပြီး IT Development Pyay အဖွဲ့ဝင်များနှင့်အတူ မဟာဇေယျုံကျောင်းရှိ ဆရာ/ဆရာမများအား သင်ကြားပေးမည်ဖြစ်ပါသည်။
အဆိုပါ ဆရာ/ဆရာမများမှတဆင့် ကျောင်းသား/ကျောင်းသူများကို အတန်းကြီးငယ်အလိုက် ကွန်ပျူတာအချိန်သီးသန့်ထည့်ပြီး ပြန်လည်သင်ကြားပေးပါမည်။ လှူဒါန်းထားသည့် ကွန်ပျူတာများ၏ service ပိုင်းအတွက် IT Development Pyay နှင့် Wise Power မိသားစုမှ အခမဲ့တာဝန်ယူပြုပြင်ပေးမည်ဖြစ်ပါသည်။

ယခုအလှူပွဲတွင် PREMIER COFFEE မှ အလှူပွဲနှင့် ကျောင်းရှိ ကလေးများ၏ အဟာရအတွက် ကော်ဖီဒါန ပါဝင်ကူညီလှူဒါန်းခဲ့ပြီး LODON စီးကရက်မှလည်း အလှူပွဲအတွက် လိုအပ်သည်များကို ပါဝင်ကူညီခဲ့ပါသည်။

ကျွန်တော်တို့ IT Development Pyay ၏ ရည်ရွယ်ချက်မှာ
1. မိမိကိုယ်တိုင် နည်းပညာဖွံဖြိုးတိုးတက်ရန် လေ့လာခြင်း
2. အသင်းအဖွဲ့လိုက် နည်းပညာဖွံဖြိုးတိုးတက်ရန် လုပ်ဆောင်ခြင်း
3. မိမိပတ်ဝန်းကျင်တွင် နည်းပညာဖွံဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။

ယ္ခုအလှူပွဲ၏ ရည်ရွယ်ချက်မှာ -
1. IT Development Pyay ၏ ဖခင်ကြီးဖြစ်သည့် ဦးထွန်းလှဖြူအတွက် ရည်စူးလှူဒါန်းလိုခြင်း
2. မိမိပတ်ဝန်းကျင်တွင် နည်းပညာဖွံဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ခြင်း
3. အသင်းအဖွဲ့လိုက် စုပေါင်းလှူဒါန်းလိုခြင်းအတွက် သင်ထောက်ကူပစ္စည်းဖြစ်သည့် ကွန်ပျူတာများလှူဒါန်းခြင်း
4. ကျောင်းနေအရွယ်ကလေးများ ကွန်ပျူတာနှင့် ရင်းနှီးတတ်မြောက်စေရန် ပညာဒါန မျှဝေပေးခြင်း တို့ဖြစ်ပါသည်။

IT Development Pyay

0 comments:

Post a Comment

Facebook Like Page