Wednesday, September 4, 2013

(MPT) အကြောင်းလေး ရင်ဖွင့်ချင်လို့ပါဗျာ ~~

Leave a Comment


(MPT) အကြောင်းလေး ရင်ဖွင့်ချင်လို့ပါဗျာ ~~
******************************

မြန်မာ့ဆက်သွယ်ရေး (MPT) ၀န်ဆောင်မှုအင်မတန်ညံ့ဖျင်းပြီး လစဉ်ကြေးတွေတောင်းလျှင်တော့
တစ်ပြားသားမှမလျှော့ပဲ တောင်းပါတယ် ။ လိုင်းတွေကဘာဖြစ်လို့ဘာဖြစ်နေမှန်းလည်း ပြောမပြ သုံးချင်သုံးမသုံးချင်နေဆိုတဲ့သဘောပဲ ။ စီးမီဝီသရီးကြီးက ပြန်ကောင်သွားပြီလဲဆိုသေးတယ်
လိုင်းတွေက အရင်ကထက်ပိုလို့တောင်စုတ်လာပါတယ် ။ လိုင်းကြေးတွေ လစဉ်ကြေးတွေ (MPT) တောင်းသလောက်ပေးလည်း user တွေ customer တွေကို ဘယ်သောအခါမှစိတ်ချမ်းသာမှု
တစ်စုံတရာမပေးခဲ့ပါဘူး ။ သူများနိုင်ငံတွေ သူ့ထက်ငါအပြိုင်အဆိုင် အင်တာနက်လိုင်းတွေ မြန်အောင်
မှီအောင် လုပ်နေလည်း (MPT) သူကတော့ အေးအေးဆေးဆေးပဲ ။ သုံးချင်သုံး မသုံးချင်နေ
ဆိုတဲ့သဘောမျိုးနဲ့ (MPT) သူလစဉ်ကြေးမှန်မှန်ရဖို့ တောင်းဖို့ပဲ စိတ်ကူးနေတယ် ။ ကျနော်တို့
မြန်မာနိုင်ငံက ပြည်သူတွေ အင်မတန်စိတ်ရှည်တယ် သည်းခံတတ်တယ်ဆိုတာ မြန်မာ့ဆက်သွယ်ရေး
(MPT) ကိုအားပေးအသုံးပြုနေခြင်းက သက်သေထူနိုင်ပါတယ် ။ youtube/movies တွေမဆိုထားနဲ့ သတင်းစာမျက်နှာတစ်စောင်တောင် Loading လေးစိတ်ကြိုက်လည်ပြီးမှ ကျလာတယ်ဗျာ ။ခုနောက်ပိုင်းဆို problem loading page ဆိုတာတွေတောင် ကျကျလာတယ် ။ တော်တော်ကိုဆိုးပါတယ် ။ အဖြစ်မှန်လေးတစ်ခုပြောပြချင်လွန်းလို့ပါ ။ ခုနကကျနော်ပြောခဲ့တဲ့
မြန်မာနိုင်ငံကလူတွေ အင်မတန်စိတ်ရှည်တယ် သည်းခံတတ်တယ်ဆိုတာလေးပါ ။ ကျနော်မြို့ထဲက
အင်တာနက်ဆိုင်တစ်ဆိုင်မှာ သုံးခဲ့ဖူးတုန်းက ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တစ်ယောက်
အင်တာနက်သုံးဖို့ ကျနော်တို့ထိုင်နေတဲ့ ဆိုင်ထဲကိုရောက်လာပါတယ် ။ သူစက်အသုံးပြုလိုကြောင်း
ပြောပြီး နေရာလွတ်တစ်နေရာ ကျနော်နဲ့မလှန်းမကန်းမှာထိုင်နေပါတယ် ။ အဲဒီမှာစတော့တာပဲ
အဲဒီနိုင်ငံခြားသား (MPT)ဆိုတဲ့ ကိုရွှေလိပ်ကြီးနဲ့သူတွေ့နေပြီဗျို့ .. (၁၅)မိနစ်လောက်ကြာတော့
Keyboard ကြီးကိုဘုန်းဘုန်းဘုန်းဆိုပြီး ခပ်ပြင်းပြင်းရိုက်သံကြားလို့ Serverက၀န်ထမ်းကောင်မလေးက ဘာများအဆင်မပြေဖြစ်တာလဲသိချင်လို့ သူ့အနားလာတော့ သူသုံးမရကြောင်း (၁၅)မိနစ်လောက်ထိုင်နေတာတောင် သူလိုချင်တဲ့ Web Page ကျမလာကြောင်းပြောပြီး ပိုက်ဆံလည်းမပေးပဲ ဒေါသကြီးတဲ့မျက်နှာနီနီကြီးနဲ့ ဆိုင်ထဲကနေထွက်သွားပါတယ် ။ ကျနော်တို့မြန်မာနိုင်ငံက ပြည်သူတွေက ဒီလိုကိစ္စတွေက မဆန်းတော့သလို ခံရပါများနေလို့ ခံနိုင်ရည်တွေလည်း အရေတော်တော်ထူနေပါပြီ ။ သည်းခံပြီး
(MPT)ကိုအားပေးလာတာလည်း နှစ်ပေါင်းမနည်းတော့ပါ ။ အဲဒါကြောင့် မြန်မာနိုင်ငံကပြည်သူတွေ
နိုင်ငံခြားသားတွေထက် သည်းခံနိုင်မှုပိုတယ်လို့ထင်မိပါတယ် ။ လကုန်လို့ ADSL ဘေထွက်လာပြီဆိုရင်တော့ လိုင်းလေးလို့ လိုင်းပြတ်လို့
ဆိုပြီး နည်းနည်းပါးပါးလေး လျှော့မယ်မထင်နဲ့ (MPT) သူတစ်ပြားသားမှမလျှော့ပဲ ဆက်သွယ်ရေးဝန်ထမ်းတွေရဲ့ အဆူအငေါက်ခံကာ မတ်တပ်ရပ်ကလေးတန်းစီရလွန်းလို့ ခြေသလုံးကြွက်သားတွေတောင် တော်တော်လေးမာဆယ်တွေတက်နေပါပြီ ။
ကျနော်တို့မြန်မာပြည်သူတွေ ဆက်လက်၍ အရင်လကသည်းခံလာခဲ့သလို ယခုလ နောက်လတွေမှာလည်း ဆက်လက်ပြီး
သည်းခံရင်း (MPT) ကိုရွှေလိပ်ကြီးနဲ့လက်တွဲသွားရအုံးမယ်ဆိုတာ ရင်ဖွင့်ချင်လွန်းလို့ပါဗျာ ။

လမ်းကြုံရင် အဲဒီ (MPT)ကိုပြောလိုက်ကြစမ်းပါ .. လမ်းမှာတွေ့လို့ကတော့ နားရင်းတွေချည်း
ဆွဲတီးပစ်မယ်လို့ ...
 Ko Ko Mg မှ ပြည်သတင်း သို့ ရင်ဖွင့်လာသည်....

0 comments:

Post a Comment

Facebook Like Page