Sunday, September 1, 2013

iPad mini ကိုယှဉ်ပြိုင်မည့် LG G Pad 8.3

Leave a Comment





Apple ရဲ့  iPad mini ကိုယှဉ်ပြိုင်မယ့် မီနီ ကျောက်သင်ပုန်း ကွန်ပြူတာ ထွက်ရှိလာပါပြီ။ တောင်ကိုရီးယား LG မှ ထုတ်တဲ့ G Pad အမည်ရ Tablet ဖြစ်ပြီး သူ့ရဲ့  Specification ကိုအောက်ပါအတိုင်း ဖော်ပြ ထားပါတယ်။

အရွယ် ၈.၃ လက်မ Display ဖြစ်ပြီး Full HD အရည်အသွေး ပေးစွမ်းပါတယ်။  1900x1200 resolution ပေးစွမ်း နိုင်ပြီး ppi 273 ရှိပါတယ်။ ဒီတော့ မျက်နှာပြင် အရည်အသွေး အင်မတန်ကောင်းတဲ့ Tablet အမျိုးအစားထဲမှာ ပါဝင်ပါတယ်။
1.7GHz Quad Core Snapdragon 600 processor ကို အသုံးပြုထားပြီး Storage က 16 GB ရှိပါတယ်။ battery က 4600 mAh မို့ အားကောင်းတဲ့ Tablet လည်း ဖြစ်ပါတယ်။ ကင်မရာ 5 megapixel ပါဝင်ပြီး ရှေ့ မှာ 1.3 mg ပါရှိပါသေးတယ်။ RAM က 2GB ပါ။ ဒီတော့ performance ကောင်းတဲ့ Tablet တစ်မျိုးပဲ ဖြစ်ပါတယ်။
Android 4.2 Jelly Bean ကိုပဲ အသုံးပြု ထားပါတယ်။ LG က သီးသန့်ပေးတဲ့ အခြား Service နဲ့ Feature တွေလည်း ပါဝင်ပါတယ်။ Bluetooth, Wi Fi, GSM Connection တို့ရနိုင်ပြီး Apple ရဲ့  iPad mini ကို တကယ်ယှဉ်နိုင်ပါတယ်။ ဈေးနှုန်း ဘယ်လောက်လဲ ဆိုတာ မသိသေးပါဘူး။ LG က IFA 2013 ပွဲမှာ ဒီထက် ပိုအသေးစိတ် ကျတဲ့ အချက်အလက်များအား ထုတ်ဖော် မိတ်ဆက်သွားအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။

0 comments:

Post a Comment

Facebook Like Page