Saturday, September 21, 2013

ဓည၀တီ စိုးပိုင် မှကိုကျော်သူ အတွက်ဂုဏ်ပြု ကဗျာပါ.

Leave a Comment


သုဿန် တဇ သင်္ချိုင်းဝ
***************

ကျော်သူ ပို့ ရာ သင်္ချိုင်းရွာကို

ချမ်းသာဂုဏ်ရှိ ရာထူးကြီးဟူး

မသွားလိုဟု ငွေပေးလတ်ထိုး

မာန်နတိုးလည်း လက်ပြနှုတ်ဆက်

သင့်မနက်ကို သင်ကမပိုင်

ကျော်သူ ပိုင်၏

မရဏလမ်း အ၀င်တန်းဖို့ 

သင်ခြခဲ့ရာ မျိုးစေ့သာလျှင်

သင့်အား ဆုံးဖြတ်ပေးလိမ့်မည်

ဥစ္စာ ဓန ရွှေ ငွေ ကျောက်သံ

သိုင်းဝိုင်းဆွေမျိုး သင့်အကြိုးကို

ရေတခွက်ခြ နှုတ်ဆက်သမည်

သင်သွားလိုရာ သွားလေပါ

ချစ်ပင်ချစ်ညား ချစ်ခဲ့ညားအံ့

ပုတ်ပင် ခန္တာ သင့်ရုပ်လွှာကို

ပင့်တက်အံဆို့  ပျို့ အံအော်ကလီ

နံစော်သည်မို့  အချစ်မတား

မေတ္တာခြားသည် သင့်ဇာတိမှန်

သင့်ရွာအပြန် ကြေးစည်သံနှင့်

လိုက်ခါနှုတ်ဆက် သင့်ခန္တာသည်

ကျော်သူ လက်ထဲရောက်ပြီးလား

အ မင်္ဂလာ လူတို့ ရွာကား

မလွှဲဧကံ ရောက်ရမှန်သည်

သွေးသည် အနိစ္စ သုဿန်ဝ

( ငါလိုယောင်္ကျားပြဿဒါးမရှိ )

ဓည၀တီ စိုးပိုင် မှကိုကျော်သူ အတွက်ဂုဏ်ပြု ကဗျာပါ...

0 comments:

Post a Comment

Facebook Like Page