Tuesday, September 10, 2013

မြန်မာလူမျိုးများသည်

Leave a Comment

မြန်မာလူမျိုးများသည် အလူအတန်း
ဝါသနာ ထုံတော လူမျိုးဖြစ်ပါတယ်
ဥပုတ် သီလ တရားစခန်းဝင်တဲ့ နေရာမှာလည်း
မြန်မာ လူမျိုးကို တုနိုင်တဲ့လူမရှိပါ ဘာကြောင့်
ဆင်းရဲနေပါလည်း လို့သိခြင်လာတယ်။

အလုပ်မှားနေတယ်ဆိုတာ တွေ့လာတယ်
အလုပ်မှာ မေတ္တာ စေတနာ မုဒိတာ မပွားနိုင်
ဘူးဆိုတာ တွေ့လာတယ် အလှူပေးတဲ့နေရာ
မှာတောင် နာမည်ကြီးတဲ့ ဘုန်းကြီးကျောင်း
ဆိုရင် စာရေးသူ အပါဝင် လူတွေစုပြုံပြီး
စားမကုန် သောက်မကုန် နိုင်အောင် ပုံအော်
ပြီးလှူဒါန်းကြတယ်။

အဲ့မျိုးအချိန်မှာ ဘိုးဘွားရိပ်သာ မိဘမဲ့ကလေး
ကျောင်း တကယ် ဆင်းရဲမျိုးစုံခံနေရတဲ့နေရာ
တွေမှာ လှူဒါန်းတဲ့သူက အနည်းငယ်မျှသာ
ရှိတယ်။
အလှူဒါနပြုတဲ့နေရာမှာ လှူတတ်မရတယ်
တကယ်လိုအပ်တဲ့နေရာတွေကို ကြည့်ပြီး
လှူရမယ် သူများမလုပ်ချင်တာတွေလုပ်မ
သူများနဲ့မတူတဲ့ စည်းစိမ်ဥစ္စာ တွေရမယ်
ဆိုတာ ဘုရားဟောတရားတော် တွေမှာ
အတိကြရှိပါ။
လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းနိုင်တဲ့
သူငယ်ချင်းကောင်းများဖြစ်ကြပါစေ.....
စာရေးသူ ဆရာကြီးလုပ်တာ မဟုတ်ပါ မိမိထက်
သိတဲ့သူ တော်တဲ့သူတွေအများကြီးရှိပါတယ်
ဒီစာလေးဖတ်ပြီး စိတ်ထဲမှာအလင်းရောင်
အမှန်ကို မြင်နိုင်တဲ့သူများဖြစ်ကြပါစေ.....

0 comments:

Post a Comment

Facebook Like Page