ရဲကြောင့်သေဆုံးသွားသူ၏ ဖခင်ဖြစ်သူ ဦးအေးဟုန် နှင့် ပြည်သတင်း တွေ့ဆုံမေးမြန်းခြင်း
*****************************************************
(11.9.2013) နေ့လည်(၁၂း၃၀)အချိန်....
ပဲခူးတိုင်းဒေသကြီး၊
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တရားရုံး
ရာဇာဝတ်တရားသူကြီး ဒေါ်လဲ့လဲ့ဝင်း(တ/၂၀၄၂)
တရားရုံးတင်…..၂၃-၁-၂၀၁၂ ခုနှစ်၊
ပြစ်မှုကြီးအမှုအမှတ် (၃၂၇/၂၀၁၂)
တရားလို...ဦးအေးဟုန်(သေဆုံးသူ-ကောင်းဆက်ပိုင်၏ဖခင်)နှင့်
တရားခံ...(ရဲ) ဒု တပ်ကြပ် သဲမောင်မောင်
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၃၀၄(က)/ ၃၃၈ အရစွဲဆိုမှု (အမှုဖြစ်စဉ်)အကျဉ်းချုပ်....
..........................................................................................................
(၃၁-၁၂-၂၀၁၁) နေ့တွင် ပြည်မြို့၊ ရွာဘဲ ရပ်ကွက်၊ အမှတ် (၉/ခ) ရတနာမာန်အောင် ကွက်သစ်နေ ၊ ဆယ်တန်း ကျောင်း သား၊ (၁၆)နှစ်မပြည့်သော ကလေးသူငယ် မောင်ကောင်းဆက်ပိုင်(ခ)တရုတ်ကြီး (သေဆုံးသူ)နှင့် ဇော်လင်းဦး(ခ) နူတ်သီးတို့သည်
ခရစ်ယာန်ကျောင်းအနီး ရန်ဖြစ်နေသူများကို ရပ်ကြည့် နေခဲ့ပါသည်။ ရန်ဖြစ်နေသူများမှာ နှစ်ဖက်စလုံး သူငယ်ချင်းများဖြစ်ကြပါသည်။
(၁-၁-၂၀၁၂) နေ့ရန်ဖြစ်သူ သူငယ်ချင်းများကိုတွေ့ရန် ပြည်(၂)မြို့မရဲစခန်းသို့သွားခဲ့ပါသည်။ ရဲကတွေ့ခွင့်မပေးပါ။
(၂-၁-၂၀၁၂)ရက်နေ့တွင် ရန်ဖြစ်သူ မျိုးဟိန်းကျော်ကိုတွေ့ရန် ကောင်းဆက်ပိုင်သည် သူငယ်ချင်းများနှင့်အတူ ပြည်မြို့နယ်တရားရုံးသို့သွား၍အချုပ်ခန်းထဲတွင် တွေ့ခဲ့ရသည်။
...........................................................................................................
(၃-၁-၂၀၁၂) နေ့ နံနက်(၈း၀၀)နာရီအချိန်တွင်ရထားသံလမ်းဘေး Eco ကံကော် လက်ဖက်ရည်ဆိုင်တွင်ထိုင်ခဲ့ပါသည်။ မောင်ကောင်းဆက်ပိုင်နှင့် ဇော်လင်းဦး(ခ) နူတ်သီးတို့ဆိုင်ကယ်ဖြင့် ပြန်လာချိန်တွင် ဒု တပ်ကြပ်သဲမောင်မောင်(တရားခံ)က Eco
ကံကော်ရထားသံလမ်းတွင် ဇော်လင်းဦး(ခ)နူတ်သီးကို “နူတ်သီး ဆိုတာမင်းလား” ဟုလှမ်းပြောပါသည်။ကျွန်တော်တို့ ဆိုင်ကယ်မရပ်ဘဲ မောင်းနှင်းခဲ့ရာ ဒုတပ်ကြပ် သဲမောင်မောင်က ဆိုင်ကယ်ဖြင့် ကျွန်တော်တို့နောက်ကို လိုက်လာခဲ့ပါသည်။
သရက်ပင်ခြံကြီးအရောက်တွင် မင်းနာမည် နူတ်သီးလား ဟုဆိုပြီး ဘယ်ဘက်ပခုံးကို လှမ်းဆွဲရာတွင် ကျွန်တော်ပခုံးကို ထိသွားပါသည်။ ကျွန်တော်တို့ကရပ်မပေး၍ဆိုင်ကယ်နောက်သို့ အတင်းလိုက်လာပြီး
ဇော်လင်းဦး(ခ)နူတ်သီး၏ဘယ်ဘက်ပခုံးကို လှမ်းဆွဲလိုက်ရာပြုတ်ကျပြီး ကုန်းထပြီး ကြည့်ချိန်တွင် ဒုတပ်ကြပ်သဲမောင်မောင်က ကောင်းဆက်ပိုင်၏ ဆိုင်ကယ်လက်ကိုင်ကိုဆွဲ၍ ခြေနှင့်ကန်ခဲ့ရာ ဆိုင်ကယ်လဲကျသွားပါသည်။
ကောင်းဆက်ပိုင်သည် လဲကျသွားရာ ဓါတ်တိုင်နှင့်ဆောင့်မိခဲ့ပါသည်။ ဆိုင်ကယ်လဲကျပြီး ဆိုင်ကယ်ပိနေသော ကောင်းဆက်ပိုင်ကို လက်ထိပ်ခတ်ပြီး ဆိုင်ကယ်အောက်က ၇ပေ လောက် ဒရွတ်တိုက် ဆွဲထုတ်သည်ကို ဇော်လင်းဦး(ခ)နူတ်သီး
ကတွေ့မြင်ခဲ့ ပြီ်းကောင်းဆက်ပိုင် သေဆုံးသွားခဲ့ပါသည်။ဇော်လင်းဦး လဲကျရာနေရာသို့ ဒုတပ်ကြပ်သဲမောင်မောင်က လာရောက် လက်ထိပ် ခတ်ခဲ့ပါသည်။(၃-၁-၂၀၁၂) နေ့တွင် ဇော်လင်းဦး(ခ)နူတ်သီးသည် ဆေးရုံးသို့ရောက်ခဲ့ရာ အဆုတ်ဖောက်
ပြီးသွေးဝင်သွားသည့်အတွက် ခွဲစိတ်ခန်းထဲသို့ ၀င်ခဲ့ရပါသည်။အဆုပ်ပေါက်ပြီး ညာ တံတောင်ကျိုး၍ ပြင်းထန်စွာဒဏ်ရာ ရခဲ့ပါသည်။ ခွဲစိတ်ခန်းကပြန်ထွက်ပြီး ဆေးရုံကုတင်ပေါ်အရောက်တွင်ကုတင်သံတိုင်နှင့် ခြေနှစ်ဖက်ကို သံကြိုး ခတ်ခဲ့ပါသည်။
အချင်းဖြစ်နေတွင့် သေဆုံးသူ မောင်ကောင်းဆက်ပိုင်၏ ဖခင်-ဦးအေးဟုန် ဆိုင်ကယ်နောက်တွင် ပါသွား၍ ဒဏ်ရာရရှိသူ ဇော်လင်းဦးအား သွားရောက်တွေ့ဆုံပြီး အကျိုးအကြောင်းမေးမြန်ရာ ဇော်လင်းဦး က ပြောပြ မှ ဒုတပ်ကြပ် သဲမောင်မောင်ကြောင့် သေဆုံးခဲ့
သည်ကို သိရှိ၍ ပြည်မြို့ အမှတ်(၂)မြို့မရဲစခန်းသို့ ညီဖြစ်သူ လှဝင်းသိန်း နှင့်အမှုဖွင့်တိုင်ကြားရာ စခန်းမှအမှုဖွင့်မပေး၍ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ပဲခူးတိုင်း ရဲတပ်ဖွဲ့ မှူး တို့ ထံ တရားလို ဦးအေးဟုန်မှ စာဖြင့်တိုင်ကြားပြီးနောက်၊ ပြည်မြို့နယ်တရားရုံးတွင်
သဲမောင်မောင် အပေါ် ဥပဒေအရ အရေးယူပေးပါရန် ဦးတိုက်လျှောက်ထားခဲ့ပါသည်။
...........................................................................................................
" ပုဒ်မ(၃၇)ပုဒ်မခွဲ(က)ရဲအရာရှိက ကလေးသူငယ်ကို လက်ထိတ်ခတ်ခြင်း၊ကြိုးဖြင့်ချည်နှောင်ခြင်းမပြုရ။ ပုဒ်မခွဲ(ဂ)နှိပ်စက်ညှဉ်းပန်းခြင်း၊ ခြိမ်းခြောက်ခြင်းမပြုရ၊ ကလေးအခွင့်အရေး အပိုဒ်(၄) ကလေးအခွင့်အရေး များကို နိုင်ငံတော်အစိုးရကဘက်ပေါင်းစုံမှ အစွမ်းကုန်
ကာကွယ်ပေးခြင်း။ အပိုဒ်(၆)အသက်ရှင်ရပ်တည်ခွင့်၊ အပိုဒ်(၃၇) ရက်စက်၍ မတရား လူဂုဏ်သိက္ခာငြိုးနွမ်းသေးသိမ်သော ပြစ်ဒဏ်မျိုးမပေးရ။ ပြုမှုဆက်ဆံခြင်း မပြုရ။ ကလေးသူငယ်တိုင်း အသက်ရှင်ရန်နှင့် ကာကွယ်စောင့်ရှောက်မှုရရှိရန် အခွင့်အရေးနှင့် ဥပဒေရှိ
သည်"ဟု ဦးဇော်ထွန်း (HRDP)မှ ပြည်သတင်းသို့ ပြောကြားခဲ့သည်။
" (၁၉၉၃)ကလေးသူငယ်ဥပဒေ ပုဒ်မ (၃)ပုဒ်မခွဲ(ဂ) ကလေးသူငယ်များသည် ယင်းတို့၏ အခွင့်အရေး များ ကို ဥပဒေနှင့်အညီအပြည့်အ၀ခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရန်။ ပုဒ်မ(၁၆)ပုဒ်မခွဲ(က) ကလေးသူငယ်တိုင်း၏ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်
လပ်မှုနှင့် လုံခြုံမှုကိုအကြောင်းမဲ့ ထိပါးခြင်း မခံရစေရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရမည်ဟု"ဟု ဦးဇော်ထွန်း (HRDP)မှ ပြည်သတင်းသို့ ပြောကြားခဲ့သည်။
..........................................................................................................
(၁၀.၉.၂၀၁၃)ရက်နေ့ တွင် ရဲဒုတပ်ကြပ် သဲမောင်မောင် အားရွှေတောင်မြို့နယ်တရားရုံးမှ ရာဇ၀တ် တရားသူကြီးဒေါ်လဲ့လဲ့ဝင်းမှ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၃၃၈)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၆)လ
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၃၀၄-က)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁ နှစ် ၆လ) အား ကျခံစေရန် နှင့် ပြစ်ဒဏ်များကို တပြိုင်တည်းကျခံစေရန် မြို့နယ်တရားသူကြီးမှ အမိန့်ချမှတ်ခဲ့ကြောင်း ရွှေတောင်မြို့နယ်တရားရုံးမှသိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တရားရုံး ရာဇာဝတ်တရားသူကြီးထံသို့၂၃-၁-၂၀၁၂ခုနှစ်တွင်ရုံးတင် ခဲ့ပါသည်။ ပြစ်မှုကြီးအမှုအမှတ် (၉၂၁/၂၀၁၂)၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က)၊ ၃၃၈ ဖြစ်ပါသည်။
ပြည်မြို့ နယ်တရားရုံးက ဒုတပ်ကြပ်သဲမောင်မောင်ကို အာမခံပေးသဖြင့် ရွှေတောင်မြို့နယ်တရားရုံး သို့ပြောင်းရွေ့ ခဲ့ပါသည်။ ပြည်မြို့နှင့်ရွှေတောင်မြို့တွင် ရုံး ချိန်းပေါင်း (၅၉) ချိန်းရှိခဲ့ပါသည်။
"ကလေးတစ်ယောက်လုံး သေထားတာ ဒီပြစ်ဒဏ်ကမျှတမှုမရှိဘူး သားတစ်ယောက်လုံး ဆုံးရှုံးခဲ့ရတော့ ဒါကိုမကျေနပ်ဘူး။ တိုင်းကိုဆက်တက်မယ် ရဲဝန်ထမ်းဆိုပြီး သူတို့က ကာဘာပေးထားတာ အမှု့ဆုံးတဲ့အထိဘဲ။ တရားခံမဟုတ်တဲ့
ကလေး နှစ်ယောက်ကို အတင်းအားဓမ္မလိုက်ဖမ်းတာကိုက ရဲဝန်ထမ်းစည်းကမ်းနဲ့ ညီညွှတ်မှုမရှိဘူး။ နိုင်ငံတကာက ကလေးသူငယ်ဆိုင်ရာ ဥပဒေကို လက်မှတ်ထိုးထားပြီး အခုကိစ္စကျတော့ အသိအမှတ်မပြုခဲ့ဘူး။ ကလေးသူငယ်အခွင့်အရေးဆိုတာလည်း
လုံးဝ မရခဲ့ဘူး။ အမိန့်ချပြီးတဲ့ တရားခံအကျဉ်းသားကို အိမ်စီးကား(CRVအမျိုးစား အဖြူရောင် ၉ဂ/၈၃၇၄)နဲ့ ထောင်ကိုပို့တယ်ဆိုတာ တစ်ခါမှမကြုံဘူးဖူး။ဒီကိစ္စကို ကျေနပ်မှုလုံးဝမရှိပါဘူး အခုတိုင်းကိုဆက်တက်မယ် ဒါမှ အမှုက မှုမမှန်သေးရင်
နေပြည်တော်အထိကျွန်တော်တက်မှာပါ "ဟုသေးဆုံးသူ၏ဖခင် ဦးအေးဟုန် မှ ပြည်သတင်းသို့ ပြောကြားခဲ့သည်။
တရားခံ (ရဲဒုတပ်ကြပ် သဲမောင်မောင်)အားရွှေတောင်မြို့နယ် တရားရုံးသို့ရုံးထုတ်စဉ် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန်းလှိုင်နှင့် ရဲတပ်ဖွဲ့ဝင်(၆)ဦးတို့မှ လုံခြုံရေး စောင့်ကြပ်ခဲ့ပြီး ရုံးတော်မှ တရားခံအား အမိန့်ချပြီးသည် နှင့် တပြိုင်တည်း
ပြည်အကျဉ်းထောင်သို့ သွားရောက်ပို့ဆောင်ခဲ့ကြောင်း ရွှေတောင် မြို့နယ်ရဲစခန်းမှ သိရှိရသည်။ ပြည်သတင်း.....
0 comments:
Post a Comment