ဆင်ခြေထောက်ရောဂါအသိပညာပေး
************************
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ ဆံတော်ရပ်ကွက်အတွင်း (၉.၉.၂၀၁၃)ရက်နေ့မှ (၁၅.၉.၂၀၁၃) ရက်နေ့အထိကို ပြည်ခရိုင်ကျန်းမာရေး ဌာနမှ ဆရာ/မ နှင့် ရပ်ကွက်/ကျေးရွာ
အုပ်ချုပ်ရေးမှုးရုံး မှ တာဝန်ရှိသူတွေ နှင့်ပူးပေါင်းပြီး (ဆင်ခြေထောက်..ရောဂါ)ကြိုတင်ကာကွယ်နိုင်ရန်အတွက် အိမ်အရောက်လိုက်လံ၍ ဆေးများပေးခြင်း။ ပညာပေးကြေငြာစာရွက်များပေး
ခြင်း နှင့် ဆင်ခြေထောက်ရောဂါ နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အသိပညာများပေးနေကြောင်းသတင်းရရှိခဲ့ပါသည်။
(....ကျွန်တော်တို့ ဆံတော်ရပ်ကွက်အတွင်းကိုတော့ ၉.၉.၂၀၁၃ ရက်နေ့ ညနေ(၄)နာရီမှ စတင်ပြီး ဆင်ခြေထောက်ရောဂါနှင့်ပတ်သက်ပြီး မိသားစုများ အိမ်အရောက် ခရိုင်ကျန်းမာရေး
ဌာန မှ ဆရာ/မ များ နှင့် ကျွန်တော်တို့ ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှုး ရုံးမှ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဆေးတွေပေးတယ် လက်ကမ်းစာတွေလိုက်ဝေတယ် ဆင်ခြေထောက်ရောဂါအကြောင်း
တွေကို ရှင်းပြတယ် ဒါမှလည်း ရပ်ကွက်အတွင်းဆင်ခြေထောက်ရောဂါအကြောင်းတော်တော်လေးသိမှ ဒီရောဂါဆိုးနဲ့ ကင်းဝေးသွားမှာပါဟု ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှုးဦးညွှန့်နိုင် နှင့် အဖွဲ့မှ ပြည်သတင်းသို့ပြောကြားသွားခဲ့သည်။..)
ဆင်ခြေထောက်ရောဂါကြိုတင်ကာကွယ်ဆေးအကြောင်း(ဆေးသောက်ပြီးဘာတွေဖြစ်တတ်သလဲ)
*****************************************************
၁။ ဆေးကို အစားအစာတစ်ခုခုစားပြီးမှ သောက်ရပါမယ်။ဆေးသောက်ပြီးအိပ်စက် အနားယူလိုက်မယ်ဆိုရင် ဘာဝေဒနာ မှ မခံစားရပါဘူး ဆေးသောက်ပြီး လှုပ်ရှားမှုများလျင်တော့ အနည်းငယ်
မှုးတတ်ပါတယ်။
၂။ ဆေးအာနိသင်ကြောင့် ရောဂါပိုးများသေသွားတဲ့အခါ အဲ့ဒိဒဏ်ကြောင့် လူဟာ ဖျားခြင်း၊ညောင်းညာကိုက်ခဲခြင်းတွေဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေဟာ ရောဂါပိုးအမြောက်အများရှိနေသူ
တွေ ပထမအကြိမ်သောက်စဉ်မှာ ဖြစ်ပေါ်လေ့ရှိသော်လည်း နောက် နှစ်တွေမှာဖြစ်လေ့မရှိတော့ပါ။
၃။ ထိုသို့ဖြစ်ပါက (ပါရာစီတမော့)သောက်ခြင်း၊ဆေးတိုင်အဖွဲ့ နှင့် ဆက်သွယ်အကူအညီရယူခြင်းများ ပြုလုပ်နိုင်ပါတယ်။
ဆေးသောက်ရာတွင်လိုက်နာရမည့်အချက်များ
*****************************
၁။ ၅- နှစ်အောက် ကလေးများ နှင့် ဆေးမျိုချရန်ခက်သူများကို ဆေးပြားများအား အမှုန့်ကြိတ်တိုက်ရန်။
၂။ ကလေးများကို အတင်းအကျပ်ချုပ်ကိုင်ခြင်း၊နှာခေါင်းပိတ်၍ တိုက်ခြင်းများ မပြုလုပ်ရန်။
၃။ ဆေးသောက်ပြီး တစ်စုံတစ်ရာ ခံစားရပါက ဆေးလာတိုက်သည့်အဖွဲ့ကို အကြောင်းကြားရန်။ တို့ကို လက်ကမ်းစာစောင်များတွင်ရေးထားကြောင်း ဤနေရာမှ မျှဝေတင်ပြပေးလိုက်ပါသည်။
ပြည်သတင်း......

0 comments:
Post a Comment