ပြည်မြို့ဗဟိုမီးသတ်ရုံရှေ့အနီး ဗောက်အိုးရောင်းသူအားသတိပေး
******************************************
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့တွင် အများပြည်သူအထိတ်တလန့်ဖြစ်စေနိုင်သော ဗောက်အိုးများကိုရောင်းချလျှက်ရှိသော ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်အနီး
ဗဟိုမီသတ်ရုံအရှေ့တွင် ရောင်းချလျှက်ရှိသော မီးရူးမီးပန်းမီးဗုံးနှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေနိုင်သောဗောက်အိုးများကို ရောင်းချလျှက်ရှိသည်ကို သတင်းရရှိသ
ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှုးမှ ရပ်ကွက်အုပ်ချုပ်ရေးမှုးများအား တာဝန်ပေးမှု့အရ 23.9.2013ရက်နေ့က သွားရောက်စုံစမ်းကြည့်ရာ အများပြည်သူ ထိခိုက်ဒဏ်ရာ နှင့် အထိတ်တလန့်ဖြစ်စေနိုင်သော
ဗောက်အိုးများအားရောင်းချလျှက်ရှိရာ နောက်တစ်ကြိမ်မရောင်းဖို့ သတိပေးပြောကြားခဲ့ပါသည်။ နောက်တစ်ကြိမ်တွင်မည်သူမဆိုရောင်းချလျှင် ဥပဒေနှင့် အညီတရားစွဲဆိုသွား
မည်ဟု သတိပေးခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။ ၁။ နှလုံးရောဂါရှိသူတွေသေစေနိုင်တယ်..
၂။ ဗျောက်အိုးဖောက်သူတွေအခိုက်မသင့်လျှင် အနာတရတွေဖြစ်တတ်တယ်..
၃။ ဗျောက်အိုးမှထွက်လာတဲ့ယမ်းနံ့တွေကြောင့် ကလေးသူငယ်တွေအသက်တွေဆိုးရိမ်ရတယ်..
၎။ ပြည်သူတွေအထိတ်တလန့်ဖြစ်စေတယ်..
၅။ ဗျောက်အိုးသာရောင်းပြီး ပြဿနာတစ်စုံတရာဖြစ်လာပါကလည်း ရောင်းသူမှာတာဝန်လုံးဝယူနိုင်မှု့မရှိဘူး....ထို့ကဲ့သို့သောဗောက်အိုးဖောက်လို့ရရှိလာနိုင်မဲ့ ဆိုးကျိုးတွေကြောင့်
တားစီးခဲ့တာပါ ဒါကပထမဦးဆုံးအကြိမ်ပဲ သတိပေးတာပါ နောက်နောင်ဘယ်သူပဲရောင်းရောင်း ဥပဒေအရအရေးယူဆောင်ရွက်သွားမှာပါဟု တာဝန်ရှိသူများထံမှ သိခဲ့ရသည်။
နောက်နောင်ဘယ်သူပဲဖြစ်ဖြစ်ပြည်သူတွေ ထိခိုက်ဒဏ်ရနဲ့ပဲဖြစ်ဖြစ် မလိုလားအပ်တဲ့ဆိုးကျိုးတွေ မဖြစ်ပေါ်စေရန်အတွက် အများပြည်သူတွေသိရှိစေဖို့ ပထမဦးဆုံး အကြိမ်သတိ
ပေးခဲ့တာပါ နောက်ဆိုရင်ဘယ်သူပဲဖြစ်ဖြစ် ဥပဒေနှင့်အညီတရားစွဲဆိုသွားမှာပါဟု မြို့နယ်အုပ်ချုပ်ရေးမှုးထံ မှသိခဲ့ရသည်။ ။ပြည်သတင်း.....

0 comments:
Post a Comment