Tuesday, September 3, 2013

ကောင်လေးနဲ့ကောင်မလေး ၂ ယောက် ရည်စားသက်တမ်း ၁နှစ်ပြည့်နေ့ မှားတတ်ပါပေတယ်

Leave a Comment

မှားတတ်ပါပေတယ်
************
ကောင်လေးနဲ့ကောင်မလေး ၂ ယောက် ရည်စားသက်တမ်း ၁နှစ်ပြည့်နေ့ မှာ ကောင်လေးက ကောင်မလေး ကို လက်ဆောင်တခုပေးမယ်လို့ ပြောတယ်။ထို့နောက် ကောင်လေးက ကောင်မလေး မသိအောင် လက်ဆောင်သွားဝယ်ပါတယ်။အံ့သြ သွားအောင် လုပ်တာပေါ့။သူ့ ကောင်မလေးက မြန်မာ ဆန်ဆန် ဝတ်တတ်ပီး ခေတ်ပေါ် အဝတ်အစား တွေကို ဝတ်လေ့ မရှိပါဘူး။ဒါကြောင့် ခေတ်ပေါ် အဝတ်အစား တစုံဝယ်ပီး လက်ဆောင်ပေးဖို့ စဉ်းစားလိုက်တယ်။သွားဝယ်တော့ သူ့ ကောင်မလေး တယောက်အတွက် မဖြစ်။သူ့ကောင်မလေး ရဲ့ ညီမ အတွက်ပါဝယ်မယ်ဆိုပီး တွေးလိုက်တယ်။သူ့ကောင်မလေး အတွက်က ခေတ်ပေါ်အကျီ ၂စုံလောက် ဝယ်ပေးပီး သူ့ ကောင်မလေး ရဲ့ ညီမ အတွက်တော့ အတွင်းခံ ဘောင်ဘီ ဝယ်ပေးတယ်။မနက်ဖြန်ပေးရမှာမို့ လက်ဆောင်ပေးပီးရင် သူ့ကောင်မလေး ဘယ်လောက် ပျော်လိုက်မလဲ စဉ်းစားပီး အိပ်မပျော်ဘူး။စာတစောင်ရေးလိုက်တယ်။စာရေးလို့ ပီးပီါ် ချင်းမှာပဲ အိပ်ပျော်သွားပါတယ်။မနက်ရောက်ရောက် ချိန်းထားတာ ၈ နာရီ်။သူနိုးတော့ ၇ ခွဲ ကျော်နေပီး။သူလည်း ကမန်းကတန်းနဲ့မို့ စာတစောင်ကို မှားပီးထည့်မိပါရော။သူတွေးထားတာက စာတစောင် ကို သူ့ကောင်မလေး လက်ဆောင်ထဲ ထည့်မယ် လို့တွေးထားတယ်။ကမန်းကတန်း နဲ့မို့ အိတ်မှားပီ ထည့်လိုက်မိပါရော။အတွင်းခံဘောင်ဘီ အိတ်ထဲ ထည့်မိတယ်။အဲလိုထည့်မိတော့ အိတ်ချင်းကလဲ တူနေတော့ သူ့ကောင်မလေး ကို သွားပေးတဲ့အချိန်မှာ မှားပီး ပေးမိပါလေရော..။တကယ်တမ်းကျတော့ သူ့ကောင်မလေး အတွက်က ခေတ်ပေါ်အကျီ သူ့ကောင်ုမလေးရဲ့ ညီမ အတွက်ကျတော့ အတွင်းခံဘောင်ဘီပေါ့။စာတစောင်ရေးပီး ထည့်တဲ့အချိန်မှာ အိတ်မှားပီါ် ထည့်မိတဲ့ အတွက်ကြောင့် လက်ဆောင်ပေးတဲ့နေရာမှာလည်း မှားပီးပေးမိတယ်။သူ့ကောင်မလေးက အတွင်းခံဘောင်ဘီ ၇ပီး သူ့ကောင်မလေး ညီမ ကျတော့ ခေတ်ပေါ်အကျီရသွားပါတယ်။သူ့ကောင်မလေးလဲ လက်ဆောင်ကို ရင်ခုန်ခုန် နဲ့ဖွင့်ကြည့်မိတော့ အတွင်းခံ ဖြစ်နေတယ်။ဒါတင်ကမသေး စာပါ ပါနေတော့တယ်။စာကိုဖတ်ပီးတော့ ကောင်မလေးက ရယ်ရမလို ငိုရမလိုဖြစ်ခဲ့ရပါတယ်။စာထဲမှာက...

ချစ်သူ
မင်း ကိုယ်နဲ့အပြင်သွားတိုင်း ဝတ်လေ့မရှိဘူးဆိုတာကို
ကိုသတိထားမိလို့ ဝယ်ပေးလိုက်တာပါ။ဝယ်တဲ့အချိန်
မှာ မင်းမရှိလို့ မင်းသူငယ်ချင်းနဲ့တိုင်းပီး ဝယ်ခဲ့တယ်။
နောက် ကိုယ်နဲအပြင်သွားတိုင်း အဲဒါကို ဝတ်လာခဲ့ပါနော်

မောင်..........တိန်မှတ်ကရော

0 comments:

Post a Comment

Facebook Like Page