Tuesday, September 17, 2013

ဒီလိုတွေရေးလာကြတော့ ဒီလိုပဲပြန်ဖြေမိပါတယ်

Leave a Comment



ဒီလိုတွေရေးလာကြတော့ ဒီလိုပဲပြန်ဖြေမိပါတယ်
*******************************

Ajinomoto Myat Noe Khin
September 15
*******************
နည်းပညာတိုးတက်လာတဲ့ ဒေသတွင်းမြို့လေး တွေမှာလည်း ကိုယ့်မြို့ရဲ့ သတင်းကို သက်ဆိုင်ရာ သတင်းထောက်အပြင် သတင်းဝါသနာအိုးတွေက ကိုယ်ပိုင် ဘလောခ့်တွေ၊ facebook မှာဆို page တို့၊Group တို့၊ ဒီထက်အဆင့်မြင့်လာရင် ဖုန်းထဲ မှာ ထည့်ထားရတဲ့ Applicationတွကိုပါ ဖန်းတီးလာကြတယ်။ ရည်ရွယ်ချက်က တော့ ကိုယ့်မြို့က သတင်းကို တပြေးညီသိစေချင်တာမျိုးပေါ့၊ ကိုယ်ပိုင်ဘလောခ့်ပိုင်ရှင်တွေက ၀ါသနာတူ အက်မင်တွေကို ဖိတ်ခေါ်ပြီး သတင်းဌာန အမျိုးမျိုးရဲ့ သတင်းတွေကို ကူးချပြီး တင်တယ်၊ဒေသတွင်း ကလောင်သွေးတဲ့ သတင်းဝါသနာရှင်တွေ ရဲ့ သတင်းတွေကို သုံးတယ်၊ တချိန်တည်းမှာပဲ တိုင်စာလိုလို၊ပစ်စာ လိုလို စာတွေလည်းပါတာပေါ့၊ နောက်တနည်းရှိသေးတယ်၊ သက်ဆိုင်ရာ သတင်းဌာန (လက်ရှိထုတ်ဝေနေတဲ့ သတင်းစာ) က သတင်းကို ဖြတ်ညှပ်ကပ် လုပ်ပြီး ဘလော့ပိုင်ရှင်၊အကောင့်ဖန်တီးထားသူရဲ့ လက်စွမ်းပေါင်းထားတဲ့ သတင်းမျိုးလည်းရှိသေးတယ်။တဆင့်တဆင့် နဲ့ ဖြန့်ရင်းနဲ့ မူရင်းသတင်း ရေးသားသူ ၊ သတင်းဌာန လုံးလုံးပျောက်သွားတယ်။တဆင့်ဖြန့်ဝေတဲ့သူက သတင်းရင်းမြစ်ဖြစ်သွားတယ်။ ပြသာနာကတော့ သတင်းရေးတဲ့ တိုက်ပိုင်သတင်းထောက်၊အလွတ်သတင်းထောက်နဲ့ ဖန်တီးရှင်တို့တွေ စကားအချေအတင်ပြောရတဲ့ အထိဖြစ်လာတယ်၊ နောက်တခုက ရေးချင်ရာရေးတဲ့စာမျိုး၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမျိုးအထိ ပါလာတယ်၊ ကဲ တာဝန်ယူမှု့ဘယ်မှာလဲ။ ပုံနှိပ်သတင်းစာ၊ဂျာနယ်မှာက အများနဲ့ မသက်ဆိုင်တဲ့ သတင်းတင်မိရင် အပယ်ခံရတယ်။ရေးချင်တာရေးလို့မရဘူး။ နည်းနည်းလွဲရေးမိရင် တရားစွဲခံရထိ ပြသာနာတက်တဲ့အထိ ကိုယ်ကိုတိုင် ကြုံဘူးပေမယ့် ဖန်တီးရှင်တွေရဲ့ သတင်းမှားရင် ဘယ်သူက တာဝန်ယူမှာလဲ။သတင်းဖတ်တဲ့စာဖတ်သူကို အထင်သေးတာမျိုးမဟုတ်ပေမယ့် သတင်းကြောင့် တဖတ်စောင်းနင်း ဖြစ်သွားနိုင်တဲ့ ပြသာနာမျိုးတွေ အများကြီးဖြစ်နိုင်ချေရှိနေတယ်၊ အကောင်းဘက်က တွေးကြည့်ရင် သတင်းတွေ အချိန် နဲ့ တပြေးညီ တင်ထားတာမျိုးကို ကြိုဆိုမိပေမယ့် သတင်းဖြစ်ပြီးရော ချယ်လှယ်ထားတဲ့ သတင်းမျိုးတွေကို တော့ စိတ်ပျက်မိတယ်။တိကျ သေချာတဲ့သတင်းမျိုးကို ပဲ ဒေသတွင်းလူအတွက် ပေးစေချင်တယ်။ ကိုယ်ဖန်တီးထားတာ ပဲ ကိုယ်ကြိုက်သလို လုပ်မယ် လို့ ခံယူနေမယ့်အစား စနစ်တကျ သတင်းတွေကို စိစစ်ပြီးတော့ တင်သွားတာက အကောင်းဆုံးဖြစ်မယ်ထင်တယ်။သတင်းဌာန ရဲ့ သတင်းကို ကူးယူဖော်ပြရင်လည်း မူရင်း သတင်းဌာန ကို အပြည့်အစုံ credit ပေးလိုက်ပါ။ ဒါက ရှက်စရာကိစ္စ မဟုတ်တဲ့အတွက် ရဲရဲဝံ့ဝံ့ လုပ်လိုက်တာက သတင်းဖတ်တဲ့သူကသတင်းအပေါ်ကို ပိုပြီးယုံကြည်စေမှာပါ။ ကိုယ်တိုင် သတင်းလိုက်ရင်လည်း အများအတွက် လုပ်ပေးတာမို့လို့ အများယုံကြည်ဖို့အတွက် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့စာမျိုး၊ သတင်းဖန်တီးသူကို စောင်းပေးထားတဲ့ ကဗျာတွေကို လက်ရှောင်လိုက်ရင် တော့ အားလုံးပြီးပြည့်စုံသွားမှာပါ။
1Like · · Share
Onthe Floor, Thiha Lwin and 11 others like this.
......................................................................................................
Wai Yan Thwin
************
သားက Credit ပေးတယ်နော်...မမ
September 15 at 4:39pm · Like
......................................................................................................
Zaw Voice
***********
တကယ့် ခံစားချက်ဖြစ်မှာပါ မူပိုင်ခွင့်ဥပဒေ လာမှာပါ အခုအချိန်မှာ ကိုယ့်သတင်းကို ယူသုံးရင် မူရင်းသတင်းကို ဖြတ်ညှပ်ကပ်လုပ်ရင် ပြစ်မှုဆိုင်ရာဥပဒေ အရအရေးယူ လို့ရတယ် fb ပေါ်မှာ တွေ့အောင်ရှာ တွေ့ရင် ပြတ်ပြတ်သားသား ချေမှုန်းရေးလုပ်ပါ၊သတင်းတစ်ခုရဲ့တန်ဘိုး သတင်းရဖို့လိုက်ရတဲ့ ဒုက္ခ တွေကို သူတို့တွေနားလည်သွားအောင် တရားရုံးမှာ ခတ်ပြတ်ပြတ် ဖြေရှင်းပစ်ရမယ်။
September 15 at 5:29pm · Like · 2
.....................................................................................................
Mg Karlu
***********
ဖလန်းအဆိုနဲ့ဇော်ကြီးရဲံထောက်ခံချက်ကိုအတည်ပြုပေးပါတယ်
September 15 at 7:46pm · Like · 1
.......................................................................................................
စပ်မိစပ်ရာ ကိုကိုကျော်
******************

တရားဝင်သတင်းဌာနမဟုတ်ပဲ သတင်းပေ့စ်ထောင်ပြီးတင်တာတွေကတော့ သောက်ရူးတွေပါပဲ
September 15 at 8:17pm · Like · 1
.........................................................................................................

Phyo Phyo Wai
****************
Electronic Media ဖြစ်ဖြစ် Print Media ဖြစ်ဖြစ် ကျင့်ဝတ်စောင့်ထိန်းဖို့တာဝန်ရှိပါမယ်......ကျင့်ဝတ်မရှိရင် သတင်းသမားမမည်တော့ပါဘူး.....Credit ဆိုတဲ့ အခြေခံကျင့်ဝတ်လေးမှမစောင့်ထိန်းရင်.........
September 15 at 11:27pm · Like · 1
.......................................................................................................

Zay Yar KoKo
************
တော်တယ်နာ့ ညီမလေး
Yesterday at 4:38pm · Like · 1
......................................................................................................

ပြည်သတင်း လူငယ်
*****************
တချို့သောသတင်းသမားတွေ မှန်ကန်စွာမထုတ်ဖော်ခဲ့ ငွေရလို့ဘက်လိုက်ရေးတာတွေ မကောင်းတာတွေကို တင်ပြဖော်ပြနေကြပြီး ကောင်းတာတွေကျတော့ တစ်ကြိမ်တစ်ခါတောင်မဖော်ပြ ဒါတွေကရောသတင်းလား (အတင်းလား...) မီဒီယာသင်တန်းမတက်ဖူးဘူး မီဒီယာကျင့်ဝတ်သိတယ် စည်းကမ်းရှိတယ် အမှန်တရားပဲလိုချင်တယ် ကိုယ့်ပိုက်ဆံအကုန်ခံ ကိုယ်ပိုင်တဲ့အချိန်အကုန်ခံပြီးကိုယ်တိုင်လိုက်တဲ့သတင်းပဲတင်တယ် ကိုယ့်အိပ်ကပ်ထဲက မရှိမဲ့ရှိမဲ့ပိုက်ဆံလေးစုပြီး ဘလော့တွေ၊ပေ့တွေ၊ဖေ့တွေ၊APKတွေ လုပ်တယ် ဒါကသတင်းသမားမဟုတ်တာမှန်တယ် သတင်းတင်ပြသူလို့ခေါ်တယ် လက်စွမ်းထက်သွားတာတော့မတက်နိုင်ဘူး (ရိုးသားမှု့၊ကြိုးစားမှု့)နဲ့ပိုင်ဆိုင်တယ် ရဲရဲပြောလိုက်မယ် သတင်းလိုက်နေတာတွေဟာ ပြည်ခရိုင် နဲ့ ပြည်မြို့ တိုးတက်ဖို့ပဲလိုက်တယ် မြန်မာနိုင်ငံကြီးတစ်နိုင်ငံလုံးတိုးတက်ဖို့သတင်းတွေလိုက်နေတာမဟုတ်ဘူး အချိန်တန်ရင် တန်ဖိုးဘယ်သူရှိလည်းဆိုတာသိလိမ့်မယ် (ပြည်သတင်းလူငယ်)...
a few seconds ago · Like


0 comments:

Post a Comment

Facebook Like Page