Monday, September 16, 2013

သတင်းတင်ပြမှု့နှင့်ပတ်သက်ပြီး ပြည်မြို့စည်ပင်(ဈေး နှင့် သားသတ်ဌာနစိတ် ဒုဦးစီးမှုး(ဈေး) ဦးကျော်မိုးလွင်(နစ.၄၀၃၀) မှပြည်သတင်းသို့ပေးစာ

Leave a Comment


သတင်းတင်ပြမှု့နှင့်ပတ်သက်ပြီး ပြည်မြို့စည်ပင်(ဈေး နှင့် သားသတ်ဌာနစိတ် ဒုဦးစီးမှုး(ဈေး) ဦးကျော်မိုးလွင်(နစ.၄၀၃၀) မှပြည်သတင်းသို့ပေးစာ
*********************************************************************************************

(16.9.2013)
ကျွန်တော်ကတော့ ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေး နှင့် သားသတ်ဌာနစိတ် မှ ဒု.ဦးစီးမှုး(ဈေး)ဦးကျော်မိုးလွင် ဖြစ်ပြီး မြို့မဈေးခေါင်းကြီးကတော့ ဦးခင်ညိုဖြစ်ပါတယ်။ ၁၅.၉.၂၀၁၃ ရက်နေ့ ပြည်သတင်းမှာပါတဲ့ မြို့မဈေးကြီး (၁)ရုံထိပ်မှ ရွှေပလ္လင်မှော်ထိ
ပျံကျဈေးတန်းကြီးမှာ လွန်ခဲ့တဲ့ (၁၅)နှစ်ကျော်ကတည်းကရှိခဲ့ပါတယ်။ ၄င်းပျံကျဈေးသည်များထံမှ သန့်ရှင်းရေးခ လုံးဝကောက်ခံခြင်းမရှိပါ။ ကျုးကျော်ခလည်းမကောက်ခံခဲ့ပါ။ သတ်မှတ်နေရာထက် ကျူးကျော်ခင်းကျင်းဈေးရောင်းချလျှင် ကျွန်တော်အပါဝင် ဈေးစည်း
ကမ်းထိန်းအဖွဲ့မှ တားမြစ်ပြီး စီမံခန့်ခွဲရေးဒဏ်ငွေ တပ်ရိုက်ပြီး ဘဏ်အဖွဲ့ငွေစာရင်းသို့ ပေးသွင်းစေပါတယ်။ ၄င်းပျံကျဈေးသည်များကို နေ့လည်(၂)နာရီနောက်ဆုံးထားပြီး ဆိုင်ခုံ၊အမိုးများအားလုံးဖြုတ်သိမ်းခိုင်းပါတယ်။( ၄င်းပျံကျဆိုင်များ အရောင်းအ၀ယ်ပြုလုပ်လျှ
င် အသိအမှတ်ပြုကြေးပေးရသည်)ဟု ဆိုသည်မှာ မဟုတ်မမှန် ပြောဆိုခြင်းဖြစ်ပြီး ကျွန်တော်မှ ဈေးခေါင်း နှင့် ဈေးဝန်ထမ်းအားလုံးအား ပျံကျဈေးဆိုင်များ အရောင်းအ၀ယ်နှင့် ပတ်သက်၍ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခြင်း ငွေကြေတစ်စုံတစ်ရာတောင်းခံပါ
က ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားထားပါတယ်။ မည်သည့်ဈေးသည်မဆို မေးနိုင်ပါတယ်။ (သတင်းခေါင်းစည်းပါ စည်ပင်အရာရှိများ အိမ်ကို ပုံမှန်ဆက်သရတဲ့ ဈေးဖိုးလက်ဆွဲခြင်း)ကတော့ ယ္ခင် အမှုဆောင်အရာရှိ ဒုတိယ ညွှန်ကြားရေးမှုး ဦးမြတ်စိုး
မှ လွန်ခဲ့တဲ့ (၄)နှစ်ကတည်းက မြို့မဈေးခေါင်းကြီးကို တစ်ပတ်လျှင် ကျပ်(၅၀၀၀)ထုတ်ပေးပြီး ကြက်သွန်၊ဆန်၊ဆီ၊ဆား စတဲ့ပစ္စည်းတွေဝယ်ခိုင်းပြီး ကြည်သာအေးမြကျောင်း နဲ့ ကြားတောရ ဘုန်းကြီးကျောင်း (၂)ကျောင်းကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ဈေးအ
ရာရှိ ကိုယ်တိုင် ရုံးကားဖြင့်သွားရောက်လှုဒါန်းရပါတယ်။ အဲဒိမှာတော့ ပျံကျဈေးတန်း(တောတန်း)ဈေးရှိ ဈေးသည်များကို ဈေးခေါင်းကြီး နှင့် အဖွဲ့မှနိုးဆော်ပြီး ဟင်းရွက်၊ကန်စွမ်း၊အမွှေးတိုင်၊ဖယောင်းတိုင်များ အလှုခံပါတယ်။ ဒါဟာလဲ သတ်သတ်လွတ် ဘုန်းတော်
ကြီးကျောင်းတွေဖြစ်လို့ ဈေးသူဈေးသားများက စေတနာထက်သန်စွာလှုဒါန်းကြလို့ တစ်ကျောင်းကို ဈေးခြင်းတောင်း(၃)တောင်း နဲ့ (၆)တောင်းအပတ်စဉ်လှုပါတယ်။ အမှုဆောင်အရာရှိကိုယ်တိုင် သတ်သတ်လွတ်အမြဲစားတဲ့အတွက် ဘယ်ဝန်ထမ်းကိုမှ ဈေးခြင်းမပို့
ခိုင်းခဲ့ပါဘူး။ ဈေးမီးဘေးလုံခြုံရေးအတွက် နှစ်စဉ် မီးသတ်၊လျှပ်စစ်၊ပြည်သူ့ရဲ၊ထွေ/အုပ်ဦးစီးဌာနများနဲ့ ညှိနိုင်းပြီး ဇာတ်တိုက်လေ့ကျင့်မှု(၄)ကြိမ် မီးသတ်ကား(၂)စီးဖြင့်ပြုလုပ်ပါတယ်။ ဈေးအတွင်းမှာ ရှိတဲ့ရေစင်က ဂါလံ(၄၈၀၀၀)ဆန့် အမြင့်တင်ရေစင် နဲ့ မြေစိုက်ရေ
လှောင်ကန် ဂါလံ(၂၀၀၀၀)ဆန့် (၁)ကန် နဲ့ မီးသတ်ရေငုတ်(၂၂)ငုတ် ရှိပါတယ်။ အပေါ့စားမီးသတ်စက်(၂)လုံးနဲ့ မီးသတ်ဆေးဘူး(၄၀)လုံးအပြင် စားသုံးဆီဆိုင်များကို တစ်ဆိုင်(၁)လုံးထားရှိခိုင်းပါတယ်။ ပျံကျဈေးသည်များထံမှ (၁)စတုရန်းပေကို ၃၀၊၅၀၊နူန်းအား
ဈေးကောက်လိုင်စင်စီမှ ပြေစာဖြင့် သတ်မှတ်ဝတ်စုံဝတ်ကာဈေးနူန်းဆိုင်းဘုတ် ချိတ်ဆွဲကောက်ခံခြင်းဖြစ်ပါတယ်။ စက်ဘီး၊ဆိုင်ကယ်များကို စက်ဘီးအပ်လိုင်စင်စီမှ ကောက်ခံပါတယ်။ ကျွန်တေိာတို့ ဈေးတိုင်းမှာ ဈေးအကျိုးတော်ဆောင်အဖွဲ့ရှိပါတယ်။ ဘာကိစ္စပဲရှိရှိ
ဈေးအကျိုးတော်ဆောင်အဖွဲ့ နှင့် ညှိနိုင်းဆောင်ရွက်ပါတယ်။ပြည်သတင်းသို့ သတင်းပေးပို့သူသည်...သတင်းတစ်စု၊စာသားတစ်စုရေးသားရာမှာ စဉ်းစားချင့်ချိန်ရေးသားပြီးမှ သတင်းပေးပို့စေလိုပါသည်။ ယခုသတင်းက မဟုတ်မမှန်တာတွေရေးထားပေးပို့ထားတာများ
နေပြီး ဆိုလိုချင်တာက ပျံကျဈေးသည်ကိုဆိုလိုတာလား စည်ပင်ဝန်ထမ်းကိုဆိုလိုတာလား အများပြည်သူဖတ်တဲ့အခါ စည်ပင်ဝန်ထမ်းကတကယ်ပဲ အဓမ္မငွေကြေးကောက်ခံသလိုလို စည်ပင်အရာရှိတွေကို ထင်ယောင်ထင်မှာဖြစ်စေပါတယ် ပြည်သတင်း ကိုလည်းကျေး
ဇူးတင်ပါတယ်လို့ ဦးကျော်မိုးလွင်(နစ.၄၀၃၀) ဒု.ဦးစီးမှုး(ဈေး) ဈေးနှင့်သားသတ်ဌာနစိတ် ပြည်စည်ပင် ဟု ပြည်သတင်းသို့ ပေးစာအနေဖြင့် ပေးခဲ့ပါကြောင်းသတင်းရရှိခဲ့ပါသည်။ယခုလိုပြည်သူတွေ အမြင်ရှင်းအောင် ပေးစားအနေဖြင့်ပြန်လည်ဖြေကြားပေးခဲ့သော
ပြည်မြို့စည်ပင် အားပြည်သတင်းမှ ပြည်သူများအားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။.........ပြည်သတင်း....

0 comments:

Post a Comment

Facebook Like Page