Tuesday, September 10, 2013

ပြည်သတင်း မှ သတင်းတင်ပြပေးမှု့ကြောင့် ခေတ္တရာမြို့သစ်ရှိ မဂ္ဂင်ဘုန်းတော်ကြီးကျောင်းအနီး မှ တရားမ၀င်အနှိပ်ခန်း(မာဆပ်)အားဝင်ရောက်ဖမ်းဆီး

Leave a Comment


Photo

စက်တင်ဘာ(၅)ရက် ည(၁၁း၃၀)အချိန့် ပြည်မြို့မရဲစခန်း မှ ရဲအုပ် ဇင်မင်းဦး၊နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ် ဇော်မင်းနိုင် နှင့် အဖွဲ့သည် ရာအိမ်မှုး ဦးမင်းနိုင်၊ဦးမောင်ဝင်း တို့နှင့်အတူ ခေတ္တရာမြို့သစ်ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး၏ဘေး
မဂ္ဂင်ဘုန်းတော်ကြီးကျောင်းအနီးရှိ မနီ၏နေအိမ်တွင် တရားမ၀င်အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေခဲ့ရာ အိမ်ရှင်ဖြစ်သူမနီအား မတွေ့ရှိရဘဲထိုနေအိမ်ခန်းအတွင်း တရားမ၀င် အနှိပ်ခန်းအဖြစ် ဆပ်စက်ပစ္စည်း
များ နှင့်အတူ လုပ်ကိုင်နေသည်ကို ရှာဖွေတွေ့ရှိခဲ့ရသည် ထိုအနှိပ်ခန်းတွင် မတိုးတိုးဝေ(၂၉) နှစ် ၇/ပမန နိုင် ၁၉၈၉၇၂ (ဘ)ဦးဌေးအောင် သရက်တောရပ် မဂ္ဂင်ပေါက်နေထိုင်သူ ၊ မရတီဦး (၂၈) နှစ် ၇/ပမန နိုင် ၁၄၁၆၅၇ (ဘ)ဦးမြင့်ကျော် ဖိုးလေးကုန်းရွာ ကွင်းလှ ပန်းတောင်မြို့၊မ၀ါဝါအောင်(၂၃)နှစ် ၁၂/တကန နိုင် ၁၅၆၀၄၅ (ဘ)ဦးချစ်လှ ဥက္ကံမြို့ ၊မအိမွန်ခိုင်(၂၃)နှစ် (ဘ)ဦးကျော်ကျော် သရက်တောမြောက်ရပ်ကွက် ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး၊မဇင်မာဝင်း (၁၉)နှစ် (ဘ)ဦးအောင်ဝင်း ဆောက်ချုံကြီးအုပ်စု ရေတပ်ရွာ သဲကုန်းမြို့နယ်၊မတင်တင်စန်း(ခ)နှင့်ပွင့်(၂၃)နှစ် (ဘ)ဦးအောင်ကျော်ရွှေ ရှောက်ချောင်းရွာ ကျုံမငေးမြို့နယ် ဧရာဝတီတိုင်းဒေသကြီး၊မအိသက်(ခ)အေးမော်(၂၁)နှစ် (ဘ)ဦးသိန်းလွင်
တောင်ကုတ်မြို့ ရခိုင်ပြည်နယ် နေထိုင်သူတို့အတူ အကြွေးစာရင်းစာအုပ်(၁)အုပ်၊စာရွက်ပိုင်း(၁)ရွက်၊မွေ့ယာ(၅)လုံး၊ခေါင်းအုံး(၅)လုံးတို့ဖြင့် အနှိပ်ခန်းသုံးပစ္စည်းများကို သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး မြို့မရဲစခန်းသို့ဖမ်းစီး
ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသမီး(၇)ဦး နှင့် အိမ်ရှင်ဖြစ်သူ မနီ(ခ)မဇင်မာ(၃၄)နှစ် (ဘ)ဦးထွန်းရီ သရက်တောရပ်ကွက် ခေတ္တရာမြို့သစ်နေထိုင်သူတို့အား တရားမ၀င် အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်နေကြောင်းကို တွေ့ရှိရသဖြင့်
မြို့နယ်အုပ်ချုပ်ရေးမှုးမှ တရားလိုပြု၍ ပြည်မြို့နယ်တရားရုံးသို့ အရေးယူပေးပါရန်တိုင်ကြားခဲ့ရာ မြို့မ ရဲစခန်းမှ ပုဒ်မ(၁၈၈)ဖြင့် အမှု့ဖွင့်၍ တရားစွဲဆိုထားကြောင်း ဒုရဲအုပ်နယ်ထိန်းခေါင်းဆောင် ဇော်မင်းနိုင် မှ ပြည်သတင်း သို့ ပြောကြားသွားသည်။


ပြည်သတင်း....

0 comments:

Post a Comment

Facebook Like Page