Sunday, September 1, 2013
နည်းပညာများ မျှဝေပေးခဲ့သော ပြည်မြို့မှ ဦးထွန်းလှဖြူ အသက်(၅၃)နှစ် သည် ၁.၉.၂၀၁၃ ခုနှစ်....ည(၇း၀၀)နာရီအချိန်တွင် ဘ၀တစ်ပါးသို့ အလည်သွားခဲ့သည်။ ကောင်းရာသုဂတိလားပါစေ မိသားစုနှင့်ထပ်တူဝမ်းနည်းမိပါကြောင်း...ပြည်သတင်းလူငယ်...ပြည်သတင်း....
********************
၁.၉.၂၀၁၃ ဒီနေ့သတင်းတွေလိုက်ပြီးအပြန် ရင်ဝကိုဆောင့်ကန်လိုက်သလိုပါပဲ
ကြားရတဲ့သတင်း ရင်ထဲကိုအရမ်းဆို့ဝင်သွားခဲ့တယ်...................................
သူဟာ..ပြည်မြို့အတွက်အများကြီးအလုပ်တွေ လုပ်ပေးခဲ့တယ်......................
သူဟာ..ပြည်မြို့ရဲ့နာရေးကူညီမှုအသင်းတွေမှာ အမြဲတန်းကူညီခဲ့တဲ့သူ............
သူဟာ..ပြည်မြို့အတွက်အလိုအပ်ဆုံး သူတွေထဲက တစ်ယောက်...................
သူဟာ..ရွယ်မတူတဲ့ လူငယ်တွေကို ရွယ်တူသလိုပေါင်း သူတတ်တဲ့ နည်းပညာတွေ
သူ့ဘ၀ အတွေ့အကြုံတွေအမြဲတန်း မျှဝေပေးတတ်တဲ့သူ သူ့နာမည်က (ဦးထွန်းလှဖြူ)တဲ့
သူဟာ စနေနေ့တိုင်း သက်တန့်ရောင် ကဖီးဆိုင်လေးကို လာနိုင်မှာမဟုတ်တော့တဲ့သူ.......
သူဟာ ကွန်ပျုတာရှေ့မှာ တချိန်ကရူးလောက်အောင် နည်းပညာတွေကိုရှာဖွေခဲ့တဲ့သူ.....
သူဟာ ပြည် နှင့် ရွှေတောင်က နည်းပညာတွေကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် ဆရာတစ်ဆူပါပဲ..
သူဟာ အသားမဲ၊ဆံပင်ဖြူ၊ကွမ်းအရမ်းကြိုက်တဲ့သူ နည်းပညာတွေနဲ့ ပြည်မြို့ကိုအလှဆင်ခဲ့သူ...
သူပြောခဲ့တယ် ပြည်သတင်းရယ် ကြိုးစားထား ငါတတ်နိုင်သမျှကူညီမယ်ဆိုတဲ့သူ ...............
သူဝယ်ပေးခဲ့တဲ့ (ကင်မရာ)လေး ပြည်သူ့အတွက်သတင်းပုံလေးတွေပေးဖို့ ကျွန်တော်ဘေးမှာ အမြဲလွယ်ထားတယ်..
သူ့ကိုအော်ပြောချင်တယ် (ဦးထွန်းလှဖြူ)ရေ လမ်းကြုံရင် စနေနေ့တိုင်း သက်တန့်ရောင် ကဖီးမှာ အရင်လိုရှိနေခဲ့ရင်လာခဲ့ပါ မှာလိုက်ပါရစေ...
သူပေးခဲ့တဲ့ပညာရယ် လူငယ်တွေအတွက်အားဆေး တစ်ခွက်လိုပါပဲ ပြည်မြို့အတွက် ဂုဏ်ယူနေမိသေးတယ် ................................
ကဗျာလိုရေးတာမဟုတ်၊ကာရံလိုရေးတာလည်းမဟုတ်၊သတင်းတစ်ပုဒ်မဖြစ်ခဲ့ပေမဲ့ (ဦးထွန်းလှဖြူ)၀ယ်ပေးခဲ့တဲ့ကင်မရာလေးကတော့...
ပြည်သူ့အတွက် သတင်းတွေနဲ့ ခိုင်လုံစွာတင်ပြနိုင်မဲ့ ဓါတ်ပုံတွေတော့ဖြစ်သွားမှာပါ ကျွန်တော့ရဲ့နောက်ကွယ်မှ ကူညီပေးတတ်သူ သူ့နာမည်က(ဦးထွန်းလှဖြူ)...
နည်းပညာများ မျှဝေပေးခဲ့သော ပြည်မြို့မှ
ဦးထွန်းလှဖြူ အသက်(၅၃)နှစ် သည်
၁.၉.၂၀၁၃ ခုနှစ်....ည(၇း၀၀)နာရီအချိန်တွင်
ဘ၀တစ်ပါးသို့ အလည်သွားခဲ့သည်။ ကောင်းရာသုဂတိလားပါစေ မိသားစုနှင့်ထပ်တူဝမ်းနည်းမိပါကြောင်း...ပြည်သတင်းလူငယ်...ပြည်သတင်း....
စနေနေ့တိုင်း လွမ်းနေမယ်
0 comments:
Post a Comment