Friday, August 2, 2013

၁-၈-၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ကလေး-ဟားခါးလမ်း၊ မိုင်တိုင်အမှတ်(၇၈/၃-၄)ကြားတွင် ကလေးမြို့မှ ထွက်ခွာလာသော ဖလမ်းမြို့နယ်၊ လုံပန်းကျေးရွာနေ ၀ုမ်ထန်း(၄၄)နှစ် မောင်းနှင်သည့် ၆က/xxxx ရွှေခြင်္သေ့မှန်လုံယာဉ်သည် လမ်းဘေးပေ(၁၅၀)ခန့်ရှိ ချောက်ထဲသို့ထိုးကျသွား

Leave a Comment



နေပြည်တော်၊ သြဂုတ် ၂accident


၁-၈-၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ကလေး-ဟားခါးလမ်း၊ မိုင်တိုင်အမှတ်(၇၈/၃-၄)ကြားတွင် ကလေးမြို့မှ ထွက်ခွာလာသော ဖလမ်းမြို့နယ်၊ လုံပန်းကျေးရွာနေ ၀ုမ်ထန်း(၄၄)နှစ် မောင်းနှင်သည့် ၆က/xxxx ရွှေခြင်္သေ့မှန်လုံယာဉ်သည် လမ်းဘေးပေ(၁၅၀)ခန့်ရှိ ချောက်ထဲသို့ထိုးကျသွားခဲ့သည်။


ထိုသို့ထိုးကျခဲ့သဖြင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ ကလေးမြို့နယ်၊ လက်ပံချောင်းရွာနေ ဦးကောင်ခေါလျှန်(၄၃)နှစ်ပါ ၃ ဦး တွင် ဦးခေါင်းပေါက်ပြဲ၊ ၀ဲပေါင်ကျိုး ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း ၀ုမ်ထန်းနှင့် တမူးမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဦးဗိုင်းလွန်မာန်(၂၇)နှစ်ပါ ၂၁ ဦးတွင် ဖူးယောင်ပွန်းပဲ့ပေါက်ပြဲ၊ နာကျင် ဒဏ်ရာများရရှိခဲ့သဖြင့် ဖလမ်းမြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် ဖလမ်းမြို့နယ်၊ ကျင်မွှာရပ်ကွက်နေ ဒေါ်ညှာသင်အဲင်း(၂၅)နှစ်မှာ ရရှိသောဒဏ်ရာများဖြင့် ထပ်မံသေဆုံးသွားခဲ့သဖြင့် ၀ုမ်ထန်းအား ဖလမ်းမြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Facebook Like Page