Saturday, August 31, 2013

ပြည်မြို့တွင် အိဒ်အထိမ်းအမှတ် သံဃာတော်များအားဆွမ်းကပ်ပွဲ နှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးမိတ်ဆုံစားပွဲအခမ်းအနားကျင်းပ

Leave a Comment




ပြည်မြို့တွင် အိဒ်အထိမ်းအမှတ် သံဃာတော်များအားဆွမ်းကပ်ပွဲ နှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးမိတ်ဆုံစားပွဲအခမ်းအနားကျင်းပ
************************************************
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့တွင် အိဒ်အထိမ်းအမှတ် သံဃာတော်များအားဆွမ်းကပ်ပွဲ နှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးမိတ်ဆုံစားပွဲအခမ်းအနားကို
ယနေ့ 1.9.2013 ရက်နေ့ မနက်(၉း၄၅)မိနစ်အချိန်ခန့်တွင် ပြည်မြို့ တပ်လမ်းရှိ (တော်ဝင်ရတနာ)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။ အဆိုပါအခမ်း
အနားတွင် သြ၀ါဒစရိယဆရာတော်ကြီး နှင့် သံဃာတော်များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ခရိုင်အုပ်ချုပ်ရေးမှုး၊မြို့နယ်အုပ်ချုပ်ရေးမှုး၊တိုင်းသာသနာရေး ဦးစီးရုံးမှတာဝန်ရှိလူကြီးမင်းများ၊ဌာနဆိုင်ရာအသီးသီးများ၊
ဘာသာပေါင်းစုံမှ ဖိတ်ကြားထားသော ဆရာကြီးများ၊အသင်းအဖွဲ့များ၊စီးပွားရေးလုပ်ငန်းရှင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ဘာသာရေးအဓိကရုဏ်းများဆန့်ကျင်ရေး နှင့်
တားဆီးရေး ကွန်ရက်(ပြည်ခရိုင်) နှင့် ရပ်မိရပ်ဖများ စုစုပေါင်းအဆိုပါအခမ်းအနားကို(၁၅၀)ခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါအခမ်းအနားကို အစီအစဉ်
(၁၀)ခုနှင့်ကျင်းပပြုလုပ်ခဲ့ပါသည်။အစီအစဉ်များမှာ...
၁။တိုင်းသာသနာရေးဦးစီးမှုး ဦးထွန်းမြင့်ဦး မှ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များအား  ဆရာတော်ကြီးများနှင့် မိတ်ဆက်ပေးခြင်း...
၂။ဇောတိကရုံကျောင်းတိုက်ဆရာတော်ဘုရားကြီး မှ လမ်းညွှန်သြ၀ါဒ ချီုးမြင့်ခြင်း...
၃။ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ခရိုင်အုပ်ချုပ်ရေးမှုး ဦးအံ့မော် မှ အမှာစကားပြောကြားခြင်း...
၎။ဗုဒ္ဓဘာသာဝင် ဦးသိန်းတန်(သာသနာ့နုဂ္ဂဟအသင်း ဥက္ကဌ) မှ ဘာသာပေါင်းစုံချစ်ကြည်ရေးအမှာစကားပြောကြားခြင်း..
၅။ခရစ်ယာဉ်ဘာသာဝင် ဦးညီဘို(ကောင်စီအတွင်းရေးမှုး ခေတ္တရာသင်းအုပ်ဆရာ)   မှ ဘာသာပေါင်းစုံချစ်ကြည်ရေးအမှာစကားပြောကြားခြင်း..
၆။အစ္စလာမ်ဘာသာဝင် ဦးခင်မောင်သိန်း(တော်ဝင်ရတနာ လှုမှုအထောက်အကူပြု ဥက္ကဌ)  မှ ဘာသာပေါင်းစုံချစ်ကြည်ရေးအမှာစကားပြောကြားခြင်း..
၇။ဟိန္ဒူဘာသာဝင် ဦးတင်ဝင်း(ဟိန္ဒူဘာသာရေးအဖွဲ့ ဥက္ကဌ)  မှ ဘာသာပေါင်းစုံချစ်ကြည်ရေးအမှာစကားပြောကြားခြင်း..
၈။ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ဌာနဆိုင်ရာအကြီးအကဲများ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ဘာသာပေါင်းစုံမှ တက်ရောက်လာကြသော
ဘာသာရေးကိုယ်စားလှယ်များ မှ ဆရာတော်တို့အား လှုဖွယ်ပစ္စည်းများလှုဒါန်းခြင်း.....
၉။ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပါခြင်း....
၁၀။အခမ်းအနား ရုပ်သိမ်းခြင်း နှင့် တက်ရောက်လာကြသော ဧည့်သည်တော်များအား မိတ်ဆုံစားပွဲတည်ခင်းဧည့်ခံခြင်း။။။တို့ဖြင့်ကျင်းပပြုလုပ်ခဲ့ပြီးအဆိုပါအခမ်းအနားကို နေ့လည်(၁၁း၃၀)အချိန်
ခန့်တွင်အောင်မြင်စွာပြီးဆုံးသွားကြောင်းသတင်းရရှိခဲ့ပါသည်။ပြည်သတင်း....

0 comments:

Post a Comment

Facebook Like Page