Wednesday, September 4, 2013

Aung Soe ရှင်က ဆရာဝန်ထက် ပိုနားလည်သလား

Leave a Comment

ရှင်က ဆရာဝန်ထက် ပိုနားလည်သလား
*****************************
တစ်ခါတုန်းက တောရွာတစ်ရွာက လင်မယားနှစ်ယောက် မြို့ကိုတက်လာရင်း ယောင်္ကျားဖြစ်သူကို ကားတိုက်ခံလိုက်ရလို့ အရေးပေါ်လူနာဌာနကို ရောက်လာတယ်။

တာဝန်ကျဆရာဝန်က ထမ်းစင်ပေါ်က လူနာအမျိုးသားကို နားကြပ်နဲ့ နှလုံးကို စမ်းသပ်နားထောင်ပြီး သေပြီလို့ပြောလိုက်တယ်။

သေပြီဆိုတဲ့ဆရာဝန်ရဲ့ စကားသံကြားလိုက်ရချိန်မှာဘဲ လူနာဟာ သတိပြန်လည်လာတဲ့ အချိန်နဲ့ တိုက်ဆိုင်သွားပြီး လူနာက ငေါက်ကနဲထပြီး သူမသေသေးကြောင်း ပြောလိုက်ပါတယ်။

ဒီအချိန်မှာဘဲ ဘေးနားမှာ ရပ်နေတဲ့ သူ့မိန်းမက သူ့ယောင်္ကျားကို ပြောလိုက်ပုံက “ရှင်က ဆရာဝန်ထက် ပိုနားလည်အုံးမလား၊ ဆရာဝန်က နားလည်လို့ ပြောတာ၊ ဟိုက သေပြီဆို သေလိုက်ပေါ့တော်” တဲ့။

ဘတ်ဘူးခဲ့တဲ့ ပြုံးစရာလေး ပြန်သတိရမိလို့ပါ။

0 comments:

Post a Comment

Facebook Like Page